အမှတ်မထင် တွေ့ခဲ့ကြတယ်
ဒီလောကမှာ ပျော်ရွှင်စရာအတိနဲ့
ညီရင်းအကို စေတနာတွေ
အမြဲကူညီ ဒီဘလော့ရောင်းရင်းများ သတိရနေမှာ
ဘလော့ဒေးလေး အမှတ်ရလို့ ပျော်ရွှင်ခဲ့တယ်
အားလုံးငြိမ်လို့ ဆုတောင်းခဲ့တယ် ဘလော့ဂါတယောက်အတွက်
ဒီလိုနဲ့ပဲ ဘလော့ပိုးလေးတွေ ထကြွခဲ့တယ်
ရှေ့ကိုတိုးလို့ ချီတက်ခဲ့တယ်
ဆိုး၊ကောင်း မသိ ပိုစ့်တွေရေးခဲ့ကြတယ်
စိတ်ညစ်တာတွေ ဖွင့်ဟခဲ့တယ်
အားပေးမူတွေ အများကြီးရခဲ့တယ်
ယုံကြည်မူတွေ ပိုမိုခိုင်မြဲစေခဲ့တယ်
အားလုံးအတွက် ကျေးဇူးအထူးပါ
ကျနော် ဘလော့ဂ် ရေးခြင်းကို နားပါဦးမည်။ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ ပြန်ရေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဝါသနာကတော့ မသေ သေးဘူးဗျာ... လူလဲစိတ်တွေ မောနေပြီ ပြန်လာပါမယ်..........
လေးစားလျက်
တောင်ပေါ်သား
Labels
- Blog (470)
နားပါဦးမည်

နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
တီဝါ ရဲ့ တက်ဂ်ပို့လေးပါ။ နိုင်ငံခြားပြန်တယောက်ရဲ့ ငြီးချင်းတဲ့ တီဝါတို့ကတော့ နိုင်ငံခြားရောက်ပြီး ကိုယ့်တိုင်းပြည်ကို ပြန်ဖူးတဲ့ လူတွေဆိုတော့ ပြောအားရှိတယ်ပေါ့ ကျနော်ကတော့ ချစ်သော အမိမြေဆီသို့ တကြိမ်မှ မပြန်ဖြစ်သေးပါ။ ဒီအတွက် နိုင်ငံခြားပြန်တယောက်ရဲ့ အတွေ့အကြုံကို သေချာမသိသေးပါဘူးခင်ဗျာ.. ဒါပေမဲ့ ဒီမှာ နေနေစဉ် အတောအတွင်း ကြုံရတဲ့ အဖြစ်လေးတွေကတော့ များပါတယ်။ လူတယောက်ဖြစ်တာနဲ့ အညီ လူတယောက်ရဲ့ လုပ်ရမဲ့ တာဝန်တွေ အများကြီးပါ။ ကျနော်လဲ ဘ၀ရည်မှန်းချက်လေးအတွက် ဒီလို စင်ကာပူဆိုတဲ့ တိုင်းတပါးကို ရောက်လာခဲ့ပါတယ်။ တကယ်တမ်း ငွေကြေးတတ်နိုင်သူ တယောက်အတွက် အာရှအတွင်းမှာ ရှိတဲ့ စင်ကာပူလိုနိုင်ငံမျိုးဟာ အိမ်ဦးနဲ့ ကြမ်းပြင်ဆိုသလို အလွန်လွယ်ကူပါတယ်။ ငွေကြေးမတတ်နိုင်သူတွေ အတွက်ကတော့ ဒီစင်ကာပူလိုနိုင်ငံမျိုးကို ထွက်လာရဖို့ မိသားစုရဲ့ စီးပွါးရေးတွေကို ရင်းပြီး ထွက်လာရတာပါ။
ကျနော် စင်ကာပူကိုရောက်စကတော့ ကျနော်ထင်ထားသလို အေးဆေး မဟုတ်ခဲ့ပါဘူး။ တော်တော်လေးကို ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ခုထိလဲ ရင်ဆိုင်နေတုန်းပါ။ ၁၀ပေ ပတ်လည်လောက်ရှိတဲ့ အခန်းလေးမှာ သူငယ်ချင်း၎ယောက် စုနေရတာပါ။ အခန်းကကျဉ်းတော့ ရွှေတိုင်းပြည်လို လွတ်လွတ်လပ်လပ် အိပ်ရတာမဟုတ်ပါဘူး။ အမြင်ဆန်းတဲ့ နှစ်ထပ်ကုတင်လေး ၂ လုံးနဲ့ သူငယ်ချင်းတသိုက် ဘ၀အတွက်ကြိုးစားရင်း အိပ်ချိန်လေးတာပေးရတဲ့ အခိုက်အတန့်လေးကို ဂရုမစိုက်အားခဲ့ပါဘူး။ ဒီလိုတိုင်းပြည်မှာ ဘ၀အတွက် ကြိုးစားရုန်းကန်နေဆဲ အချိန်လေးမှာ ရွှေနိုင်ငံက ဆွေမျိုး၊ သူငယ်ချင်းတွေကတော့ အတော့်ကို အထင်ကြီး အားကျနေပါတယ်။ ဒီကကောင်ကတော့ ရုန်းကန်နေတာ (ခြင်ထောင်ထဲမဟုတ်ပါး))သူတို့မသိဘူးရယ်။
သူတို့နဲ့ အွန်လိုင်းတက်ပြီး တွေ့ရင် ပထမဆုံးမေးတာက နေကောင်းလားတဲ့.. ကျေးဇူးတင်စရာပါ ချစ်စရာ အပေါင်းအသင်းတွေလေ.. ဒုတိယမေးခွန်းကတော့ မင်းထောနေပြီဆို လစာဘယ်လောက်ရလဲတဲ့.. သူတို့တွက်တာ လစာငွေတခုထဲကို ကြည့်ပြီး တွက်တာပါ။ ဒီလိုတွက်တိုင်းတာဆို ပြည်ပရောက်ရွှေတွေအားလုံး တလကို အနဲဆုံး သိန်း၂၀လောက် ရနေလောက်ပြီး အဆင်ပြေနေလောက်ပါပြီ။ သူများနိုင်ငံတွေမှာ နေရတဲ့ နေစရိတ်၊ စားစရိတ်တွေ ထည့်မတွက်တော့ဘူးလားမသိပါဘူး.... အမှန်အတိုင်းပြောရရင် ကျနော် ဒီစင်ကာပူကိုရောက်တာ ၁ နှစ်ကျော်ပါပြီ။ တီဝါလို ငွေလေးတောင် မစုဖြစ်ပါဘူး။ ဘယ်လိုလုပ် ကုန်သွားလဲ မသိပါဘူး.. အဟဲ အသုံးလဲ မကြမ်းရပါဘူး အဖြုန်းလဲ မကြီးပါဘူး....
ခုနောက်ပိုင်း စင်ကာပူရောက် ကျနော်သူငယ်ချင်းတွေက လစာနဲနဲလေးနဲ့ အလုပ်ရကြပါတယ်။ သူတို့လဲ အဆင်မပြေကြောင်း အမြဲငြီးပြတတ်ပါတယ်။ တကယ်တမ်း အဆင်ပြေတာဆိုလို့ ကျနော်တို့တိုင်းပြည်ကြီးပဲ ရှိပါတယ်။ ကျနော်တို့ ဘယ်လောက်ပဲရရ သူတို့ကတော့ သေချာပါတယ် လာခဲ့ S-80,E-120,P-160 ပါပဲ... ပုံမှန်ဝင်ငွေလေးတွေရနေတာပါပဲ။ ကျနော် စဉ်းစားကြည့်တယ် ကျနော်တို့ပေးတဲ့ ငွေတွေ ဘယ်ရောက်သွားလဲ တိုင်းပြည်အတွက် ဘယ်နေရာမှာအသုံးချနေလဲ စာရင်းရှင်းတမ်းလေး လုပ်ပေးရင် ကောင်းမယ်နော့် အဟိ.. နာဂစ်ဖြစ်တုန်းက ကျနော်တို့ ပေးလိုက်တဲ့ အခွန်ငွေတွေ လှူတာလား.... ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပုံမှန်ပေးနေရတာပါပဲ တကယ်လို့ ကျနော်တို့ပေးတဲ့ ငွေတွေ တိုင်းပြည်အတွက် တထောက်တနေရာက ပံ့ပိုးပေးနေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ပြည်သူငွေနဲ့ စားနေရတဲ့ထမင်း၊ ပြည်သူ့ငွေနဲ့ နေနေရတဲ့တိုက်တာ၊ အဆောက်အဦး၊ ပြည်သူတွေလို လိုင်းကားကျပ်ကျပ်ထဲမှာ မတိုးစီးရပဲ ပြည်သူ့ငွေနဲ့ ၀ယ်တဲ့ကားစီးနေရတဲ့လူတွေများ တခါတလေ စိတ်ကောင်းလေးများရှိရင် ပြည်သူတွေအ
တွက် တခုခုလေး ပြန်လုပ်ပေးကြမလားလို့ စဉ်းစားမိပြန်ပါတယ်။ ခုရက်ပိုင်းအတွင်း ကြားလိုက်ရပါတယ် ကောင်စစ်ဝန်ကြီးတယောက် စကားပြော မဆင်ခြင်နိုင်မူလေးကို အတော့်ကို ရီရပါတယ်။ သူခုစားနေရတာ ကျနော်တို့ ပံ့ပိုးမူ မပါဘူးလို့ ပြောရဲလားဗျာ.... တီဝါရေ ဆိုင်လား မဆိုင်လားတော့ ကျနော်လဲ သေချာမသိပါ။ စိတ်ကူးထဲ ရှိတာရေးလိုက်ပါတယ်။ ကျနော် အပြန်မှ ကြုံရတဲ့ အတွေ့အကြုံကို ရေးပါဦးမယ်။ ကဲ အောက်က အကိုတော် အမတော်များ ပြန် တဂ်တယ်ဗျာ..
၁)ကိုရီနို
၂)ကိုနေးတစ်
၃)ဂျပန်ကောင်လေး
၎)မရောင်
၅)မိုးခါး
၆)ကြယ်ဖြူစင်
၇)မငုံ
၈)မကီ
၉)ယမကာ
၁၀)ကိုအိမ်
တော်ပြီ ၁၀ ယောက်ပဲ တက်ဂ်လိုက်တော့မယ် ။ ပြန်မဲ့လူတွေနဲ့ ကျောင်းသားတွေနဲ့ များနေတယ် အဟဲ ဟဲ ကံကောင်းတယ်မှတ်ထား.....
စာကြွင်း။ ။ အလုပ်များနေလို့ ဘလော့ဂါတွေရဲ့ လင့်တွေ မထည့်ပေးတော့ဘူးဗျို့....... ဟဲဟဲဟဲ
လေးစားလျက် တောင်ပေါ်သား
နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
တီဝါ ရဲ့ တက်ဂ်ပို့လေးပါ။ နိုင်ငံခြားပြန်တယောက်ရဲ့ ငြီးချင်းတဲ့ တီဝါတို့ကတော့ နိုင်ငံခြားရောက်ပြီး ကိုယ့်တိုင်းပြည်ကို ပြန်ဖူးတဲ့ လူတွေဆိုတော့ ပြောအားရှိတယ်ပေါ့ ကျနော်ကတော့ ချစ်သော အမိမြေဆီသို့ တကြိမ်မှ မပြန်ဖြစ်သေးပါ။ ဒီအတွက် နိုင်ငံခြားပြန်တယောက်ရဲ့ အတွေ့အကြုံကို သေချာမသိသေးပါဘူးခင်ဗျာ.. ဒါပေမဲ့ ဒီမှာ နေနေစဉ် အတောအတွင်း ကြုံရတဲ့ အဖြစ်လေးတွေကတော့ များပါတယ်။ လူတယောက်ဖြစ်တာနဲ့ အညီ လူတယောက်ရဲ့ လုပ်ရမဲ့ တာဝန်တွေ အများကြီးပါ။ ကျနော်လဲ ဘ၀ရည်မှန်းချက်လေးအတွက် ဒီလို စင်ကာပူဆိုတဲ့ တိုင်းတပါးကို ရောက်လာခဲ့ပါတယ်။ တကယ်တမ်း ငွေကြေးတတ်နိုင်သူ တယောက်အတွက် အာရှအတွင်းမှာ ရှိတဲ့ စင်ကာပူလိုနိုင်ငံမျိုးဟာ အိမ်ဦးနဲ့ ကြမ်းပြင်ဆိုသလို အလွန်လွယ်ကူပါတယ်။ ငွေကြေးမတတ်နိုင်သူတွေ အတွက်ကတော့ ဒီစင်ကာပူလိုနိုင်ငံမျိုးကို ထွက်လာရဖို့ မိသားစုရဲ့ စီးပွါးရေးတွေကို ရင်းပြီး ထွက်လာရတာပါ။
ကျနော် စင်ကာပူကိုရောက်စကတော့ ကျနော်ထင်ထားသလို အေးဆေး မဟုတ်ခဲ့ပါဘူး။ တော်တော်လေးကို ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ခုထိလဲ ရင်ဆိုင်နေတုန်းပါ။ ၁၀ပေ ပတ်လည်လောက်ရှိတဲ့ အခန်းလေးမှာ သူငယ်ချင်း၎ယောက် စုနေရတာပါ။ အခန်းကကျဉ်းတော့ ရွှေတိုင်းပြည်လို လွတ်လွတ်လပ်လပ် အိပ်ရတာမဟုတ်ပါဘူး။ အမြင်ဆန်းတဲ့ နှစ်ထပ်ကုတင်လေး ၂ လုံးနဲ့ သူငယ်ချင်းတသိုက် ဘ၀အတွက်ကြိုးစားရင်း အိပ်ချိန်လေးတာပေးရတဲ့ အခိုက်အတန့်လေးကို ဂရုမစိုက်အားခဲ့ပါဘူး။ ဒီလိုတိုင်းပြည်မှာ ဘ၀အတွက် ကြိုးစားရုန်းကန်နေဆဲ အချိန်လေးမှာ ရွှေနိုင်ငံက ဆွေမျိုး၊ သူငယ်ချင်းတွေကတော့ အတော့်ကို အထင်ကြီး အားကျနေပါတယ်။ ဒီကကောင်ကတော့ ရုန်းကန်နေတာ (ခြင်ထောင်ထဲမဟုတ်ပါး))သူတို့မသိဘူးရယ်။
သူတို့နဲ့ အွန်လိုင်းတက်ပြီး တွေ့ရင် ပထမဆုံးမေးတာက နေကောင်းလားတဲ့.. ကျေးဇူးတင်စရာပါ ချစ်စရာ အပေါင်းအသင်းတွေလေ.. ဒုတိယမေးခွန်းကတော့ မင်းထောနေပြီဆို လစာဘယ်လောက်ရလဲတဲ့.. သူတို့တွက်တာ လစာငွေတခုထဲကို ကြည့်ပြီး တွက်တာပါ။ ဒီလိုတွက်တိုင်းတာဆို ပြည်ပရောက်ရွှေတွေအားလုံး တလကို အနဲဆုံး သိန်း၂၀လောက် ရနေလောက်ပြီး အဆင်ပြေနေလောက်ပါပြီ။ သူများနိုင်ငံတွေမှာ နေရတဲ့ နေစရိတ်၊ စားစရိတ်တွေ ထည့်မတွက်တော့ဘူးလားမသိပါဘူး.... အမှန်အတိုင်းပြောရရင် ကျနော် ဒီစင်ကာပူကိုရောက်တာ ၁ နှစ်ကျော်ပါပြီ။ တီဝါလို ငွေလေးတောင် မစုဖြစ်ပါဘူး။ ဘယ်လိုလုပ် ကုန်သွားလဲ မသိပါဘူး.. အဟဲ အသုံးလဲ မကြမ်းရပါဘူး အဖြုန်းလဲ မကြီးပါဘူး....
ခုနောက်ပိုင်း စင်ကာပူရောက် ကျနော်သူငယ်ချင်းတွေက လစာနဲနဲလေးနဲ့ အလုပ်ရကြပါတယ်။ သူတို့လဲ အဆင်မပြေကြောင်း အမြဲငြီးပြတတ်ပါတယ်။ တကယ်တမ်း အဆင်ပြေတာဆိုလို့ ကျနော်တို့တိုင်းပြည်ကြီးပဲ ရှိပါတယ်။ ကျနော်တို့ ဘယ်လောက်ပဲရရ သူတို့ကတော့ သေချာပါတယ် လာခဲ့ S-80,E-120,P-160 ပါပဲ... ပုံမှန်ဝင်ငွေလေးတွေရနေတာပါပဲ။ ကျနော် စဉ်းစားကြည့်တယ် ကျနော်တို့ပေးတဲ့ ငွေတွေ ဘယ်ရောက်သွားလဲ တိုင်းပြည်အတွက် ဘယ်နေရာမှာအသုံးချနေလဲ စာရင်းရှင်းတမ်းလေး လုပ်ပေးရင် ကောင်းမယ်နော့် အဟိ.. နာဂစ်ဖြစ်တုန်းက ကျနော်တို့ ပေးလိုက်တဲ့ အခွန်ငွေတွေ လှူတာလား.... ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပုံမှန်ပေးနေရတာပါပဲ တကယ်လို့ ကျနော်တို့ပေးတဲ့ ငွေတွေ တိုင်းပြည်အတွက် တထောက်တနေရာက ပံ့ပိုးပေးနေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ပြည်သူငွေနဲ့ စားနေရတဲ့ထမင်း၊ ပြည်သူ့ငွေနဲ့ နေနေရတဲ့တိုက်တာ၊ အဆောက်အဦး၊ ပြည်သူတွေလို လိုင်းကားကျပ်ကျပ်ထဲမှာ မတိုးစီးရပဲ ပြည်သူ့ငွေနဲ့ ၀ယ်တဲ့ကားစီးနေရတဲ့လူတွေများ တခါတလေ စိတ်ကောင်းလေးများရှိရင် ပြည်သူတွေအတွက် တခုခုလေး ပြန်လုပ်ပေးကြမလားလို့ စဉ်းစားမိပြန်ပါတယ်။ ခုရက်ပိုင်းအတွင်း ကြားလိုက်ရပါတယ် ကောင်စစ်ဝန်ကြီးတယောက် စကားပြော မဆင်ခြင်နိုင်မူလေးကို အတော့်ကို ရီရပါတယ်။ သူခုစားနေရတာ ကျနော်တို့ ပံ့ပိုးမူ မပါဘူးလို့ ပြောရဲလားဗျာ.... တီဝါရေ ဆိုင်လား မဆိုင်လားတော့ ကျနော်လဲ သေချာမသိပါ။ စိတ်ကူးထဲ ရှိတာရေးလိုက်ပါတယ်။ ကျနော် အပြန်မှ ကြုံရတဲ့ အတွေ့အကြုံကို ရေးပါဦးမယ်။ ကဲ အောက်က အကိုတော် အမတော်များ ပြန် တဂ်တယ်ဗျာ..
၁)ကိုရီနို
၂)ကိုနေးတစ်
၃)ဂျပန်ကောင်လေး
၎)မရောင်
၅)မိုးခါး
၆)ကြယ်ဖြူစင်
၇)မငုံ
၈)မကီ
၉)ယမကာ
၁၀)ကိုအိမ်
တော်ပြီ ၁၀ ယောက်ပဲ တက်ဂ်လိုက်တော့မယ် ။ ပြန်မဲ့လူတွေနဲ့ ကျောင်းသားတွေနဲ့ များနေတယ် အဟဲ ဟဲ ကံကောင်းတယ်မှတ်ထား.....
စာကြွင်း။ ။ အလုပ်များနေလို့ ဘလော့ဂါတွေရဲ့ လင့်တွေ မထည့်ပေးတော့ဘူးဗျို့....... ဟဲဟဲဟဲ
လေးစားလျက် တောင်ပေါ်သား
ခြင်္သေ့

သူဟာ ငါတို့တောတခုလုံးရဲ့ ဘုရင်ပေါ့
အများအမြင်မှာ သူ့ပုံစံကြည့်လိုက်ရင်ဖြင့်
ကြောက်စရာ သတ္တ၀ါတကောင်လို မြင်နေပေမဲ့
ပင်ကိုစိတ်ဓါတ်ကတော့ ပြင်းထန်ပေတယ်။
သူ့ရဲ့လက်အောက်ငယ်သားတွေကို ချစ်ခင်တယ် ကြင်နာတယ်
ယုယတတ်တယ် နွေးထွေးမူတွေနဲ့ အုပ်စိုးတယ်။
မသမာ ခွေးအတစု ၀ိုင်းကိုက်ခဲ့လို့
ငါတို့ဘုရင် တောခြင်္သေ့လဲ အသေစောခဲ့ရတယ်။
သခင်မရှိတဲ့ ဒီတောကို တိရစ္ဆာန်မျိုးစုံ အုပ်ချုပ်လို့ပေါ့..
မြေခွေး၊ ၀ံပုလွေ၊တခါတလေ တအာအာအော်တဲ့ ကျီးကန်းနက်တောင် ပါသေး
ရှင်ဘုရင်လုပ်ချင်လိုက်တာ မပြောနဲ့သူ့ကို
အသုံးရယ်က လုံးလုံးမကျ ဘေးက လင်းတတွေက မြှောက်ထိုးပင့်ကော်.....
သနားစရာ တိရစ္ဆာန်ငယ်တို့မှာ
ဒီတောကြီးအေးချမ်းစေချင်တာကြောင့် ၀ိုင်းလို့ဆုတောင်း
အဖခြင်္သေ့အရိုက်အရာ ခံနိုင်တာသူ့လိုမျိုးဆက်ပဲ ဖြစ်မှာမို့
မျှော်လင့်တကြီး စောင့်စားခဲ့ပေါ့
သူတို့ရည်မှန်းချက် ခက်ခဲပေမဲ့ တချိန်ကြရင်တော့
တောဘုရင်ဟာ တောဘုရင်ပါပဲ
ဒီတောကို တခါ ပြန်အုပ်စိုးမဲ့ ဒီခြင်္သေ့မျိုး........
လေးစားလျက် တောင်ပေါ်သား
အမှတ်တရ နာမည်လေး
ဘာလိုလိုနဲ့ ကျနော်ဘလော့လေး ရှင်သန်နေတာ ၁ နှစ်ဆိုတဲ့ အတိုင်းအတာကို ကျော်လွန်လာခဲ့ပါပြီ။ ဒီတနှစ်ဆိုတဲ့ အကန့်အသတ်လေးကြားထဲမှာ အရာတွေ အားလုံး မဟုတ်ခဲ့ပေမဲ့ တချို့အရာတော်တော်များများလဲ ပြောင်းလဲခဲ့ပါတယ်။ ဒီဘလော့လေးကို စတင်စိတ်ဝင်စားအောင် လုပ်ခဲ့တဲ့ ကျေးဇူးရှင်အကို ကိုဈာန် နှင့် ဘလော့လောကက ချစ်စရာမောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်ဘလော့လေးကို အမြဲလာဖတ်နေတဲ့ ဘလော့စာဖတ်ဝါသနာအိုးတွေ၊ ဝေဖန်အကြံပြုပေးတဲ့ အကို၊မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
တကယ်တမ်း ကျနော်ဘလော့စလုပ်ခါစက ရေးတဲ့နာမည်က ကျနော်နာမည်အတိုင်းပါ။ ဒါပေမဲ့နောက်ပိုင်းပိုစ့်လေးတွေမှာ ကျနော် တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို သုံးခဲ့ပါတယ်။ ဒီနာမည်ဖြစ်တည်လာရတဲ့ အကြောင်းအရင်းကတော့ ထွေထွေထူးထူးမရှိပါဘူး။ ကျနော်ရဲ့ မွေးရပ်တောင်ကြီးမြို့လေးကို အရမ်းသတိရတာကြောင့် ဒီ တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို ပေးဖြစ်သွားတာပါ။ အခုဆို ကျနော်နာမည်လဲ အမေမွေးတုန်းက နာမည်လေးတောင် ပျောက်နေပါပြီ ဟဲဟဲ.. ဘာလို့လဲဆိုတော့ အဝေးတနေရာမှာ ရောက်နေတဲ့အတွက် သူငယ်ချင်းအပေါင်းအသင်းကလဲ သိပ်မရှိပါဘူး။ ရှိတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကလဲ ကျနော်ကို တောင်ပေါ်သား နာမည်နဲ့ပဲ ခေါ်ကြပါတယ်။
နာမည်ဆိုလို့ ကျနော်မှာ သူငယ်ချင်းတွေက ခေါ်တဲ့ ချစ်စရာ နာမည်လေးတွေတော့ ရှိပါတယ်။ ကျနော် ရန်ကုန်ရောက်တော့ သင်တန်းတက်တော့ သူငယ်ချင်းတွေ ခေါ်တာက တောင်ကြီးသား တဲ့။ အဲ အလုပ်လုပ်တော့ သူငယ်ချင်းတွေ ခေါ်တာ ရှမ်းစုတ် တဲ့၊ အဲ အရမ်းခင်တဲ့ ညီအကိုတွေ ချစ်စနိုးခေါ်တာကတော့ စောက်ရှမ်း တဲ့၊ ခု ဘလော့လောက ရောက်မှ ကျနော်လဲ နာမည်မျိုးစုံ ရပါတော့တယ်။ အောက်မှာ ကြည့်ပေးတော့ဗျာ.. ကျနော်ကို ခေါ်တဲ့ နာမည်တွေပေါ့။ လူလဲ သူတို့လုပ်မှ ပေါ်တာတွေကော တောင်တာတွေကော (တမျိုးမထင်လေနဲ့ နာမည်ပြောတာပါ) အစုံပါပဲ။
တယ်ပေါ်သောင်၊ ကိုတောင်၊ ပေါ်ပေါ်၊ သားပေါ်တောင် ၊ ကိုတောင်ပေါ်၊ ငတောင်၊ တောင်တောင်၊ ရှပ်ပြာစိန် အစုံကိုရှုပ်နေတာပဲ.. ဒါပေမဲ့ ကျနော် ဒီတောင်ကြီးသား ဖြစ်ရတာ ရှမ်းတယောက် မဟုတ်ပေမဲ့ ရှမ်းမြေမှာ ကြီးပြင်းလာခဲ့ရတာကို ကျနော် တကယ် ဂုဏ်ယူမဆုံးပါဘူး။
ဒီတောင်ပေါ်သား ဆိုတဲ့ နာမည်လေးဟာလဲ ကျနော်ရဲ့ နှလုံးသားထဲမှာ ထာဝစဉ် ရှိနေမှာပါ။
ကဲ ကိုရီနို ရေ၊ မအားတဲ့ ကြားက ရေးလိုက်တယ်ဗျာ.. နောက်ကျသွားတာ တောင်းပန်ပါတယ်။

ဥပဒေ

တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမူကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမူ၊ ပညာပေးမူမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း စသည်ဖြင့် မေလ ၁၂ ရက်နေ့ ညနေ ၃နာရီတွင် နေပြည်တော်ရှိ တရားရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ် / တိုင်းတရားသူကြီးများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး၌ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ယင်းလုပ်ငန်းညှိုနှိုင်းအစည်းအဝေး၌ပင် နိုင်ငံတော် ၀န်ကြီးချုပ်က “တရားရုံးများသည် ပြည့်မျက်စိ၊ ပြည့်ကြေးမုံများဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဘ၀ကိုမှန်မှန်ကန်ကန်မြင်ရန်၊ စာနာရန်၊ ပြည်သူများ၏ဘ၀ရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရန် ထင်ဟပ်နိုင်ရန် ဖြစ်ကြောင်း ၊ ခေတ်သစ်စနစ်ကို အရှိန်အဟုန်ရှိရှိပြောင်းလဲ နေချိန်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းမားကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နေချိန် ဖြစ်သည့်အတွက် တရားစီရင်ရေး စနစ်ကိုလည်း ပြည်သူများ အားကိုယုံကြည်သောစနစ်ဖြစ် လာအောင် မိမိတို့ ပြုပြင်ထူထောင်သွားရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျအားဖြင့် ခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများ၏ မပြည့်စုံအားနည်းမူကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းမူများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း”
သတင်းအပြည့်အစုံ…….
စာပါအတိုင်း အမှန်တရားအတိုင်း ဆုံးဖြတ်နိုင်ကြပါစေဗျာ…… ဆုံးဖြတ်ချက်အမှားများကြောင့် မတရားသဖြင့် ချုပ်နှောင်ခံနေရတဲ့လူများ၊ချုပ်နှောင်ခံရမဲ့သူများ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ……

Pages
Popular Posts
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတေ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
ကျွန်ုပ် သူ့ကို အပြင်မှာ မမြင်ဖူးသေးသော အချိန်က ဖြစ်သည်။ နာမည်လေးကပေးထားလိုက်သည်မှာ အနုအရွလေးနဲ့ကဗျာဆန်လှပေသည်။ နာမည်က ဘာတဲ့ ဆောင်းချမ်းမိုး...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)