Labels

ချစ်သူသို့ ၃

ရှိနေခဲ့တဲ့
သံယောဇဉ်ကြိုးလေး တကြိုးကနေပြီး
ခိုင်မာတဲ့ တူနှစ်ကိုယ်ဘဝ
မတည်ဆောက်နိုင်ဘူးလား ချစ်သူ....

မင်းကိုချစ်နေမိတာ ငါ့အတွက်
ရေးစရာ ကုန်းကြမ်းတွေတဲ့လား
မင်းအမြင်လေးတွေ ပြောင်းလာမလားလို့
ငါမျှော်လင့်နေသေးတယ် ချစ်သူ....

လူတိုင်းမှာတော့ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာကိုသိနေရဲ့နဲ့
ခံစားချက်ကိုယ်စီ ကိုင်စွဲလို့လျှောက်လှမ်းနေကြတာပဲ
ချစ်နေမိတဲ့ ငါ့အဖြစ်ကိုကော မင်းရီနေမှာလား
မင်းပျော်နေမလား ချစ်သူ.....

အချစ်ကို အမှောင်ချလို့
ကိုယ့်ဟာကို နှလုံးသားမရှိတဲ့ ကြေးသွန်းရုပ်တခုလို
မင်းတကယ် ဟန်ဆောင်နေနိုင်ခဲ့ပါတယ်
သံယောဇဉ်ကို ဖုံးကွယ်ပြီးမင်းရက်စက်ခဲ့ပြတယ် ချစ်သူ.....

ဒါပေမဲ့ပေါ့
မင်းရဲ့ရက်စက် တုန့်ပြန်မူလေးတွေဟာ
ငါ့အချစ်စစ်ကို စိုးစေ့မျှမှ အရာမထင်ခဲ့ပါဘူး
ငါမှာအချစ်တွေ ပိုလို့တိုးလာတာပဲရှိမယ်
မင်းရဲ့ အမှောင်ဖုံးခံထားရတဲ့ နှလုံးသားလေးထဲမှာ
ဖြူစင်တဲ့ နှလုံးသားလေးတစုံ အိပ်စက်နေတယ်ဆိုတာငါသိနေတယ် ချစ်သူ......

လေးစားလျက် တောင်ပေါ်သား

ချစ်သူသို့ ၂

ခုတလော အလုပ်လေးတွေကများနေလို့ ပိုစ့်လေးတွေ အရင်လိုမတင်ဖြစ်ပါဘူး။ ခုတလော ပိုစ့်လေးတွေ တင်ဖို့ စိတ်ကူးလိုက်တဲ့ ဒီခေါင်းထဲက တခုမှ မထွက်လာဘူးဖြစ်နေတာ.. ထွက်လာတာကလဲ သိတဲ့အတိုင်းပဲ တင်မလွှတ်လေ...း) ဒီအရင် ကဗျာပိုစ့် ချစ်သူသို့... ဆိုတဲ့ ကဗျာလေးတင်ထားတာကို တော်တော်လေး အထင်ကြီးကြတဲ့ ဘလော့ဂ် ညီအကို၊မောင်နှမတွေ၊ စာဖတ်သူတွေကိုကြည့်ပြီး မောင်တောင်ပေါ်သားလဲ အတော်လေးကို ပျော်ရွှင်မိပါတယ်။ တကယ်တော့ အဲ့ဒီကဗျာလေးက စိတ်ထဲရှိတာရေးလိုက်တာပါ။ တချို့ထင်နေသလို မဟုတ်ရပါဘူးဗျာ.. ကျနော့်က အချစ်နဲ့ ပတ်သက်လာရင် ကံမကောင်းတတ်တာလား၊ အလွမ်းဓါတ်ခံပဲ ရှိတာလားတော့ မသိဘူး။ ကဗျာလေးတွေ ရေးရင် သမီးရည်းစားတွေ ချစ်ကြိုက်နေတာကိုမခံစားတတ်ဘူး။ ဒီအတွက်ကျနော်ကဗျာလေးတွေက ဆွေးစရာ တွေးစရာလေးတွေ ပါသွားပါတယ်။ အဟီးးး ကိုပုလုကွေး တို့များ မနာလို ရန်တောင် လာဖြစ်လိုက်သေးတယ်.... သူလဲ စွံချင်ရှာပေတာကိုးဗျ.. ဟီးးး

ခုတလော ဘလော့ဂါတွေတော်တော်များများ အနားယူနေကြတာကို တွေ့နေရပြန်တယ်။ သူများနိုင်ငံတွေလို အားလပ်ရက်ယူတဲ့ ရာသီလိုမျိုး ဘလော့လောကမှာလဲ အနားယူရမဲ့ ရာသီလားမသိဘူးနော့်း)။ ခင်မင်တဲ့လူတော်တော်များများလဲ အကြောင်းအမျိုးမျိုးပြပြီး နားနေကြပေါ့။ အဲ တချို့ကျတော့ ဘလော့လေးကို ကိုယ့်အသက်လောက်ချစ်ပေမဲ့ မလွန်ဆန်နိုင် ချစ်သူအမိန့်ကြောင့် နားနေရပြန်လေရဲ့း) ဘယ်နဲ့လုပ်ကြမတုန်း..

ကဲရေးစရာက မရှိတော့ ကဗျာလေးတွေပဲ ရေးနေမိတယ် ခံစားသွားဦးနော့် အရင်ပိုစ့်လိုမျိုး အတွေးတွေ များပြီးလျှောက်မထင်လေနဲ့ အဟား ဟားး)

ချစ်သူ....

ချစ်သူ...
ကဗျာတပုဒ်လို ကာရန်တွေနဲ့ မသီကုံးတတ်သလို
မင်းကိုချစ်ကြောင်းလဲ ဖွဲ့နွဲ့မပြောတတ်ဘူး
အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုရမယ်
အချစ်အတွက်ရသမြောက်တဲ့ စကားလုံးတွေလဲ
ငါမသိခဲ့ပါဘူး.....

အချစ်တခုကို သက်သေပြဖို့
ငါမှာအကြောင်းတရားတွေ မရှိခဲ့ပါဘူး...
အရမ်းချစ်တယ်ဆိုတဲ့ စကားလုံးလေးတွေ နင်ရှေ့မှာ
ငါပြောမထွက်ခဲ့တာ နင်အသိပါပဲ.....
ဒါကို မချစ်ဘူးထင်ရင် နင်မှားမှာပေါ့ ချစ်သူ......

လှောင်ရီသံတွေကို အတင်းတိုးဝင်လို့
ငါရူးမိုက်စွာ ချစ်ခဲ့မိတာပါ...
ထာဝရမမြဲခြင်းထဲမှာ ဒီချစ်ခြင်းတွေလဲ အပါအ၀င်ပေါ့
ဒါပေမဲ့ သေချာနေတာတခုကတော့ ငါ့ရင်ထဲမှာ နင်ရှိတယ်
ငါအချိန်တွေကို နင်ယူပြီးကြီးစိုးနေတယ်ဆိုတာပါပဲ
ပိုးဖလံတကောင်လို အချစ်ဆိုတဲ့မီးထဲ
ငါရူးမိုက်စွာ ဆက်တိုးနေခဲ့ချင်တာပါ..
ငါယုံကြည်တာကို ငါလုပ်နေခဲ့မိတာ ငါ့အပြစ်လား

ဟိုအရင်အတိတ်

အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်တွေးနေမိသည်။ ဟိုအရင် ကျနော်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဒီလိုမျိုး မိုးတွေရွာချိန်ဆို မိသားစုတွေစု မီးပုံဘေးမှာ စုထိုင်ပြီး စကားပြောကြသည်။ ကျနော်တို့ယောကျာ်းလေးများက မိုးရွာထဲ ပြေးပြီး ဘောလုံးကန်ကြသည်။ ကျနော်တို့ အိမ်ရှေ့တွင် အလွန်မြင့်မားသော သရက်ပင်ကြီးရှိသည်။ ထိုသို့ မိုးရွာနေလျှင် သရက်သီးများကြွေကြလျှင် သူငယ်ချင်းတသိုက် အလုအယက်ပြေးကာ ကောက်ကြသည်။
တယောက်တကိုက်နှင့် မြိန်ယှက်စွာ စားခဲ့ကြသည်။

မိသားစုဘ၀သည်လဲ ပျော်စရာအတိနှင့် အပြည့်။ မီးဖိုလေးပေါ်မှာ အခါးရည်အိုးလေးတည်လို့ အသားခြောက်ကြော်လေးဖြစ်ဖြစ်၊ ကြက်သွန်ဖြူလေးနဲ့ လက်ဖက်သုပ်လေးဖြစ်ဖြစ် စားပြီး စကားတွေ ပြောကြသည်။ အဒေါ်တွေနှင့်အတူတူ မိုနိုပိုလီတွေ ကစားကြသည်။ ၅၀၀ကျပ် ၁၀၀၀ ကျပ်တန်ပိုက်ဆံများခိုးပြီး မနိုင်နိုင်အောင် လုပ်ရသည်က အမောပေါ့…. ညပိုင်းများ လသာလို့ အလင်းရသည်ဆိုသည်နှင့် နောက်ဖေးလမ်းတွင် ထုပ်စီးထိုးတန်း ကစားကြသည်။ နို့ဆီခွက်လေးများထောင်ပြီး တင်ဘူးဟုခေါ်သော ကစားနည်းများဆော့ကစားခဲ့ကြသည်.. သူငယ်ချင်းတွေ အများကြီးနှင့်အတူတူ ပျော်ရွှင်ခဲ့ကြဖူးခဲ့သည်များကို မှတ်မိနေသည်။ အခုတော့……

တဖြည်းဖြည်း အရွယ်ရောက်လာတော့ လူက ပတ်ဝန်းကျင်နဲ့ တနေ့တခြားကင်းဝေးလာသလိုလို.. အရင်တုန်းကလို ငယ်စဉ်ကလို ပျော်စရာများလဲ မရှိတော့ လုပ်ချင်သည်ထက် လုပ်သင့်လုပ်ထိုက်သည်များကို စဉ်းစားတတ်လာသည်…အရာရာသည် လိုချင်သလောက် မရပေ.. အရာရာကို ပိုင်ဆိုင်ချင်သလောက် ပိုင်ဆိုင်နိုင်လျှင်လဲ ဒီကမ္ဘာမှာ ပျက်စီးမူတွေ ပိုများလာပေမည်။ ဟိုအရင်လို ကလေးဘ၀ကပျော်စရာတွေလဲ ဘယ်ပျောက်ကုန်သလဲမပြောတတ်ပေ….
အခုလိုပြောနေလို့ တောင်ပေါ်သား တရားရသွားပြီဟု ထင်ချင်ထင်နေပေမည်။း) တကယ်တော့ တရားမပြောနဲ့ တရားနဲ့ပတ်သက်တဲ့ စကားလုံးတွေတောင် ကိုယ့်အနားမှာ ရှာမရဖြစ်နေသေးသည်။
လူတယောက်ကို ချစ်ရတာသည် ဒုက္ခ ဖြစ်သလို.. အချစ်ခံရသူအဖို့သည်လဲ စိတ်ဒုက္ခရောက်နေမည်မှာ မလွဲပေ... အချစ်ကို ကိုးကွယ်နေသေးတရွှေ့တော့ ဘာသာတရားဖက်က အာရုံရောက်ဦးမည်မဟုတ်ပေ :P

ဒါမှမဟုတ် မသိသူများအနေနဲ့ တောင်ပေါ်သားကို အဖိုးကြီးတယောက်လို့ ထင်ချင်ထင်နေပေဦးမည်။ တကယ်တမ်း အသက်ကတော့ သိပ်မကြီးသေးပါ။ ဒါပေမဲ့ ကျနော်အထင်တော့ သာမန်လူတယောက်ထက်ပိုပြီး စဉ်းစားနေမိသည်ဟု ထင်ပါသည်။ မြန်မာပြည်ရှိ ခုခေတ်ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သူတို့လေးတွေ ကျနော်တို့တုန်းကလို မဆော့ရတော့ပေ.. ကစားနည်းမျိုးစုံလဲ သူတို့မသိတော့.. ဒီနိုင်ငံက ကလေးတွေနဲ့ယှဉ်လျှင်ကော ပညာရေးကအစ အစစအရာရာလို နိမ့်နေသလိုလို ဘာလို့နိမ့်တာလဲ ထက်စဉ်းစားတော့ မြန်မာပြည်က သူငယ်တန်းကအစ ကျူရှင်ယူမှ ဖြစ်မည်ဟူသော ပညာရေးစနစ်ကြီးကြောင့်ဖြစ်မည်။ ဟိုနေ့က အိမ်နဲ့ဖုန်းရတော့ တူအကြီးကောင်က ကျူရှင်သွားနေတယ်တဲ့ ဘယ်နှတန်းလဲ မေးတော့ သူငယ်တန်းတဲ့လေ ရယ်လိုက်ရတဲ့ အဖြစ်..း)

စင်ကာပူတွင် အလုပ်တွေလဲ အဆင်မပြေသူတွေ များနေသည်။ အားလုံးကို အဆင်ပြေစေချင်သည်.. အဆင်မပြေသည့်ကြားမှ ကြိုးစားထွက်လာသူများလဲ အဆင်ပြေစေချင်သည်။ ဒါပေမဲ့ ကိုယ့်တွင် ဘာမှ လုပ်ပေးနိုင်သည့် အခွင့်အရေးကမရှိဖြစ်နေသည်။ ဒီရောက်မှ သေချာတာတခုကို သိလိုက်သည်။ ဘ၀မှာ လုပ်စရာတွေ အများကြီး၊ လူ့ဘ၀ကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲမှန်း သိလိုက်ရသည်။ မွေးဖွားကျွေးမွေးခဲ့သော အမေ့ကို ဘယ်လို ချီးကျူးရမှန်းကို မသိဖြစ်နေမိသည်။ ငယ်စဉ်ကတည်းက အမေ့ရဲ့စွမ်
းအားနဲ့ ဒီလိုမျိုး အခြေအနေကို ရောက်ခဲ့သည်။ ခုတော့ အမေ့ခြေရာနင်းဖို့နေနေသာသာ အမေ့ကိုတောင် ကောင်းမွန်စွာ မထားနိုင်သေးပေ……

လာအော်နေကြသော ချစ်သောအကို၊မောင်နှမများအားလုံးကို တောင်းပန်ပါတယ်။ ခုတလော စာတွေမရေးဖြစ်ပါဘူး ရေးလိုက်မယ်လုပ်တိုင်း စိတ်က မလွတ်လပ်တာနဲ့ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေတာပါ.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..

လေးစားလျက် တောင်ပေါ်သား

ဟိုအရင်အတိတ်

အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်တွေးနေမိသည်။ ဟိုအရင် ကျနော်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဒီလိုမျိုး မိုးတွေရွာချိန်ဆို မိသားစုတွေစု မီးပုံဘေးမှာ စုထိုင်ပြီး စကားပြောကြသည်။ ကျနော်တို့ယောကျာ်းလေးများက မိုးရွာထဲ ပြေးပြီး ဘောလုံးကန်ကြသည်။ ကျနော်တို့ အိမ်ရှေ့တွင် အလွန်မြင့်မားသော သရက်ပင်ကြီးရှိသည်။ ထိုသို့ မိုးရွာနေလျှင် သရက်သီးများကြွေကြလျှင် သူငယ်ချင်းတသိုက် အလုအယက်ပြေးကာ ကောက်ကြသည်။
တယောက်တကိုက်နှင့် မြိန်ယှက်စွာ စားခဲ့ကြသည်။

မိသားစုဘ၀သည်လဲ ပျော်စရာအတိနှင့် အပြည့်။ မီးဖိုလေးပေါ်မှာ အခါးရည်အိုးလေးတည်လို့ အသားခြောက်ကြော်လေးဖြစ်ဖြစ်၊ ကြက်သွန်ဖြူလေးနဲ့ လက်ဖက်သုပ်လေးဖြစ်ဖြစ် စားပြီး စကားတွေ ပြောကြသည်။ အဒေါ်တွေနှင့်အတူတူ မိုနိုပိုလီတွေ ကစားကြသည်။ ၅၀၀ကျပ် ၁၀၀၀ ကျပ်တန်ပိုက်ဆံများခိုးပြီး မနိုင်နိုင်အောင် လုပ်ရသည်က အမောပေါ့…. ညပိုင်းများ လသာလို့ အလင်းရသည်ဆိုသည်နှင့် နောက်ဖေးလမ်းတွင် ထုပ်စီးထိုးတန်း ကစားကြသည်။ နို့ဆီခွက်လေးများထောင်ပြီး တင်ဘူးဟုခေါ်သော ကစားနည်းများဆော့ကစားခဲ့ကြသည်.. သူငယ်ချင်းတွေ အများကြီးနှင့်အတူတူ ပျော်ရွှင်ခဲ့ကြဖူးခဲ့သည်များကို မှတ်မိနေသည်။ အခုတော့……

တဖြည်းဖြည်း အရွယ်ရောက်လာတော့ လူက ပတ်ဝန်းကျင်နဲ့ တနေ့တခြားကင်းဝေးလာသလိုလို.. အရင်တုန်းကလို ငယ်စဉ်ကလို ပျော်စရာများလဲ မရှိတော့ လုပ်ချင်သည်ထက် လုပ်သင့်လုပ်ထိုက်သည်များကို စဉ်းစားတတ်လာသည်…အရာရာသည် လိုချင်သလောက် မရပေ.. အရာရာကို ပိုင်ဆိုင်ချင်သလောက် ပိုင်ဆိုင်နိုင်လျှင်လဲ ဒီကမ္ဘာမှာ ပျက်စီးမူတွေ ပိုများလာပေမည်။ ဟိုအရင်လို ကလေးဘ၀ကပျော်စရာတွေလဲ ဘယ်ပျောက်ကုန်သလဲမပြောတတ်ပေ….
အခုလိုပြောနေလို့ တောင်ပေါ်သား တရားရသွားပြီဟု ထင်ချင်ထင်နေပေမည်။း) တကယ်တော့ တရားမပြောနဲ့ တရားနဲ့ပတ်သက်တဲ့ စကားလုံးတွေတောင် ကိုယ့်အနားမှာ ရှာမရဖြစ်နေသေးသည်။
လူတယောက်ကို ချစ်ရတာသည် ဒုက္ခ ဖြစ်သလို.. အချစ်ခံရသူအဖို့သည်လဲ စိတ်ဒုက္ခရောက်နေမည်မှာ မလွဲပေ... အချစ်ကို ကိုးကွယ်နေသေးတရွှေ့တော့ ဘာသာတရားဖက်က အာရုံရောက်ဦးမည်မဟုတ်ပေ :P

ဒါမှမဟုတ် မသိသူများအနေနဲ့ တောင်ပေါ်သားကို အဖိုးကြီးတယောက်လို့ ထင်ချင်ထင်နေပေဦးမည်။ တကယ်တမ်း အသက်ကတော့ သိပ်မကြီးသေးပါ။ ဒါပေမဲ့ ကျနော်အထင်တော့ သာမန်လူတယောက်ထက်ပိုပြီး စဉ်းစားနေမိသည်ဟု ထင်ပါသည်။ မြန်မာပြည်ရှိ ခုခေတ်ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သူတို့လေးတွေ ကျနော်တို့တုန်းကလို မဆော့ရတော့ပေ.. ကစားနည်းမျိုးစုံလဲ သူတို့မသိတော့.. ဒီနိုင်ငံက ကလေးတွေနဲ့ယှဉ်လျှင်ကော ပညာရေးကအစ အစစအရာရာလို နိမ့်နေသလိုလို ဘာလို့နိမ့်တာလဲ ထက်စဉ်းစားတော့ မြန်မာပြည်က သူငယ်တန်းကအစ ကျူရှင်ယူမှ ဖြစ်မည်ဟူသော ပညာရေးစနစ်ကြီးကြောင့်ဖြစ်မည်။ ဟိုနေ့က အိမ်နဲ့ဖုန်းရတော့ တူအကြီးကောင်က ကျူရှင်သွားနေတယ်တဲ့ ဘယ်နှတန်းလဲ မေးတော့ သူငယ်တန်းတဲ့လေ ရယ်လိုက်ရတဲ့ အဖြစ်..း)

စင်ကာပူတွင် အလုပ်တွေလဲ အဆင်မပြေသူတွေ များနေသည်။ အားလုံးကို အဆင်ပြေစေချင်သည်.. အဆင်မပြေသည့်ကြားမှ ကြိုးစားထွက်လာသူများလဲ အဆင်ပြေစေချင်သည်။ ဒါပေမဲ့ ကိုယ့်တွင် ဘာမှ လုပ်ပေးနိုင်သည့် အခွင့်အရေးကမရှိဖြစ်နေသည်။ ဒီရောက်မှ သေချာတာတခုကို သိလိုက်သည်။ ဘ၀မှာ လုပ်စရာတွေ အများကြီး၊ လူ့ဘ၀ကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲမှန်း သိလိုက်ရသည်။ မွေးဖွားကျွေးမွေးခဲ့သော အမေ့ကို ဘယ်လို ချီးကျူးရမှန်းကို မသိဖြစ်နေမိသည်။ ငယ်စဉ်ကတည်းက အမေ့ရဲ့စွမ်းအားနဲ့ ဒီလိုမျိုး အခြေအနေကို ရောက်ခဲ့သည်။ ခုတော့ အမေ့ခြေရာနင်းဖို့နေနေသာသာ အမေ့ကိုတောင် ကောင်းမွန်စွာ မထားနိုင်သေးပေ……

လာအော်နေကြသော ချစ်သောအကို၊မောင်နှမများအားလုံးကို တောင်းပန်ပါတယ်။ ခုတလော စာတွေမရေးဖြစ်ပါဘူး ရေးလိုက်မယ်လုပ်တိုင်း စိတ်က မလွတ်လပ်တာနဲ့ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေတာပါ.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..

လေးစားလျက် တောင်ပေါ်သား

၆၄ မိုင်တိုင်

သွေးမတော်သားမစပ် ၀မ်းမနာခဲ့ရပေမဲ့
ကျနော်တို့အပေါ် အမေ့အချစ်တွေ ပုံပေးခဲ့တယ်
ချစ်တဲ့တိုင်းပြည်သာယာဖို့ အမေကြိုးစားခဲ့တယ်
အခုဆို အမေ့ရဲ့မွေးနေ့လေးပေါ့ အမေ
အေးချမ်းစွာနဲ့ နေနိုင်တဲ့ကိုယ်ပိုင်မိသားစုလေးကို ပစ်ပြီးတော့
အမေကျနော်တို့ရင်ခွင်ထဲ ခြေစုံပစ်ဝင်ခဲ့တယ်

တကယ်တမ်း ကျနော်တို့ရင်ခွင်ဟာအမေ့အတွက်
ခက်ထန်ကြမ်းတမ်းတဲ့ ဘ၀တွေအဖြစ်ပြောင်းလဲခဲ့ရပြီလေ
ဒါပေမဲ့အမေ့ဆီက ငြီးငြူးသံလေးတသံတောင်မှ
ကျနော်တို့အသက်ရှိသမျှ မကြားရသေးပါဘူးအမေ
အမေ့ချစ်တဲ့သားသမီးတွေအတွက် အမေရယူလိုစိတ်မရှိ
ပေးဆပ်ခဲ့ရတာကိုပဲ အမေဂုဏ်ယူနေတယ်လေ..

ဘာလိုလိုနဲ့ မိုင်တိုင် ၆၄ကိုတောင် ရောက်လာပြီကောအမေ
ဒီအချိန်ဆို ဘုရားတရားနဲ့ကိုပွေ့ဖက်ပြီး
ချစ်သောမြေးမြစ်လေးတွေနဲ့ ပျော်နေရမဲ့အချိန်မှာ
အမေကတော့ အားမာန်ကိုမလျှော့ပဲ သားသမီးတွေလိုချင်တဲ့အရာတွေကို
အမေအသက်ရင်းပြီး ယူဆောင်နေတုန်းပဲအမေ
ဒီအချိန်မှာဖြင့် အမေ့သားသမီးတချို့ကတော့
အဝေးတနေရာမှာ ကောင်းစားပြီးအမေ့ကို မေ့နေကြတယ်လေ...

ငြိမ်းချမ်းရေးကိုလိုလားတဲ့အမေ
အခန်းကျဉ်းလေးရဲ့ ထောင့်တနေရာမှာ
ခန္ဓာကိုယ်က ပိန်လှီလို့ အင်အားကမရှိ
အရုပ်ကြိုးပြတ်ကျတော့မဲ့ပုံ သူရဲ့မျက်လုံးကတော့ ရဲဝံ့တဲ့
စူးရှတဲ့ အရောင်တွေတောက်လို့ မတရားတာကို မကြောက်
အမှန်တရားတခုအတွက် အကုန်လုံးကိုပေးဆပ်ရဲတယ်
မိသားစု၊သားသမီးတွေ စတေးခဲ့ပေါ့ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့
ဒီအခန်းကျဉ်းလေးထဲဝယ် တုန်ရီနေတဲ့လက်တွေနဲ့
နံရံပေါ်မှာ ပြတ်သားစွာရေးလိုက်တယ်
ဒါငါတို့ တိုင်းပြည်အတွက် ဒါငါတို့ လွတ်လပ်မူတွေအတွက်
ဒါငါ့ဝမ်းမနာ သားသမီးတွေအတွက်

ချစ်သူသို့

ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့
အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့
နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ
တကယ်တမ်း ချစ်ရသူတွေ့လာတော့
ဖုံးကွယ်ထားတဲ့ အလွှာတွေမြေကျလို့
အချစ်ကို မခံနိုင်အောင် တွယ်တာမိပြန်ပါကော

ပျော်ပျော်နေတတ်တဲ့ ငါစိတ်ရင်းက
လူတွေအမြင်မှာ ဟာသဇာတ်ကောင်လိုပေါ့
ဒါပေမဲ့ ငါပြောလိုက်တဲ့ စကားတခွန်း
ငါချစ်ရသူ ယုံကြည်စေချင်တာ ငါစိတ်ထဲကပါ
ငါပြောလိုက်တဲ့ စကားတခွန်းကို နင်ဟားတိုက် ရီနေရင်
ငါဘယ်လောက် ခံစားရလဲ နင်မသိခဲ့ပါ ချစ်သူရယ်

အချိန်တွေ တိုက်စားလို့
ငါတို့တွေ ရင့်ကျက်လာခဲ့ရင်တောင်မှ
ယုံကြည်မူဆိုတဲ့ စကားလုံးတွေဟာ
ငါအတွက်ဆိုတာ မရှိလောက်ဘူးထင်ပါရဲ့
အပူရုပ်ကို ဟန်လုပ်လို့ ငါနောက်နေတယ်ထင်တာပဲ
မင်းအတွက် ပိုကောင်းပါတယ် ချစ်သူ

အချစ်ဆိုတာကိုကြုံဆုံခဲ့ဖူးပေမဲ့
အချစ်စစ်ဆိုတာကို ငါကိုယ်တိုင် ရှာမရခဲ့တာ
အများအမြင်မှာတော့ ငါဟာအပြစ်ရှိတဲ့ လူတယောက်ပေါ့
ဒါပေမဲ့ ချစ်သူ မင်းအမြင်မှာ အပြစ်မရှိတဲ့
သိုးငယ်လေးတကောင်လို
ငါကျေကျေနပ်နပ် ၀ပ်တွားခယချင်ခဲ့တာပါ

အချစ်ဦးမဟုတ်ပေမဲ့ ငါရဲ့အချစ်တွေကို
မင်းသိမ်းပိုက်ယူနိုင်ခဲ့ပါပြီ....
မင်းအသံကို ငါမကြားရရင်
ငါမနေနိုင်လောက်အောင်ဖြစ်နေမိပြီလေ
ဒါတွေဟာ မင်းအတွက် လှောင်ရီစရာတွေပါပဲ
ချစ်သူ.........

ဘာရယ်မဟုတ် ခံစားပြီး ရေးလိုက်တာပါ။ အထင်တော့ သိပ်မကြီးကြနဲ့ အဟေးဟေးးးးးးးး

Blogger Template by Clairvo