Labels

နှစ်ကူးမင်္ဂလာ

HAPPY NEW YEAR

ဘာလိုလိုနဲ့ နှစ်တနှစ်ကို ကူးတော့မယ်။ ဒီနေ့ညပြီးရင် ၂၀၁၀ ဆိုတာကြီးက ၀င်ရောက်လာတော့မယ်.. လူကလဲ အသက်တွေ တနှစ်ပြီး တနှစ် ကြီးလာ.... ဘာမှမသေချာ မရေရာသေးတဲ့ ဘ၀ကို ဒီအတိုင်းဖြတ်သန်းစီးဆင်းတုန်း ဒီပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တခုလုံးကို မိမိတွေ့မိသလောက် ပြန်သုံးတတ်ကြည့်မိပြန်သည်။ ဘာမှတိုးတက်မှုမရှိတာကတော့ စိတ်ပျက်စရာ... စလုံးကိုရောက်လာတာ ၂ နှစ်ကျော်လာပြီ ဘာတိုးတက်လာသလဲဆိုတော့ ဘာမှ တိုးတက်မူမရှိလို့ ကိုယ့်ဟာကို တွေးမိသည်။ မိသားစုအတွက် ပြန်ကြည့်လျှင်လဲ ဘာမှ သေချာရေရာစွာ ပံ့ပိုးနိုင်မှုမရှိသေး..

ကမ္ဘာ့စီးပွားရေးပျက်ကွက်မှုတွေက တနည်းမဟုတ် တနည်းလူကို ထိခိုက်စေသည်တော့အမှန်။ ဤကိစ္စကြောင့် လူလဲ ရသင့်သလောက်အခွင့်အရေးတွေ မရခဲ့။ အလုပ်လဲ လုပ်စရာမရှိ ထိုင်နေသည်ကများခဲ့သည်။ ကံကောင်း၍ အလုပ်မပြုတ်သေးပဲ ဒီကျွန်းသေးလေးပေါ်မှာ ဆက်လက်သောင်တင်နေတုန်းပင်ဖြစ်သည်။ တခါတလေတော့ ဒီကျွန်းက အမြန်ထွက်ပြေးချင်စိတ်တွေ ရှိခဲ့သည်။ ဘာပဲပြောပြောအလုပ်မှာ နေသားကျလာတော့ အားလုံးနဲ့ သံဟဇာတဖြစ်လာသည်ကားတော့ အမှန်...

သူငယ်ချင်းအသိုင်းအ၀ိုင်းကတော့ အရင်လိုဘာမှမထူးခြားခဲ့။ ဒီနှစ်အတွင်း သူငယ်ချင်းတွေ အသစ်ပိုရလာသည်။ ခုမှ သိကြပေမဲ့ တကယ့် သူငယ်ချင်းကောင်းတွေလို စိတ်ထဲကတော့ ခင်မင်မိတာအမှန်။ စိတ်ထဲမှာ မွန်းကျပ်မှုတွေများတိုင်း သူငယ်ချင်းတွေဆီက အားပေးစကားကြရသည်။ မိသားစုကိုလွမ်းတိုင်း သူတို့ဆီက ဖြေသိမ့်ပေးမူတွေ ရတတ်သည်။ ဘလော့ဆိုတာပေါ်မှာ တွေ့ခဲ့ရသည်ထက်ပိုမိုပြီး ခင်တွယ်မူတွေရခဲ့သည်။

ဘာမှအရေမရ အဖတ်မရ စာတွေကိုဆက်ရေးသားနေမိသေးသည်။ ကိုယ့်ဟာကို ဘယ်တော့မှ ဘလော့ဂါတယောက်အဖြစ်သို့ခံယူမိသည်ဟု မစဉ်းစား။ မိမိဘာသာရေးသားချင်တာ ရေးသားမိသည်။ ဘာကိုမှမရည်ရွယ် စိတ်ထဲက ရေးသားချင်တာတွေ ရေးသည်။ ဒီတနှစ်ထဲတွင် အရေးအသားကောင်းသော ဘလော့ဂါတွေလဲ များလာသည်။ ၀မ်းသာမိသည်။ ပျော်ရွှင်စရာကောင်းသော ဒီခင်မင်ဖွယ် အသိုင်းအ၀ိုင်းထဲတွင် အသစ်ဝင်လာသူတွေ ရှိသလို မသိမသာ တိမ်မြုပ် ပျောက်ကွယ်သွားပြန်သည်။ ဘ၀ဆိုတာ ဒါပင်ဖြစ်မည် ဘယ်အရာမှ မတည်မြဲသလို ဘလော့လောကသည်လဲ တည်မြဲမှုမရှိခဲ့ပေ..

ဒီတနှစ်အတွင်း ရီမောဖွယ်ဘလော့လောကတွင် ဂရိုက် ရိုက်မှုများလဲ ရှိလှပေသည်။ ဘလော့ဂါဆိုသည်မှာ ပရိသတ်အတွက် အလေးထားရေးသားရမည်။ ပေါ့ပျက်ပျက်မလုပ်သင့်၊ ကိုယ်လုံးဖော်အပြုအမူတွေ၊ ဝေဖန်ရေးစာရေးဆရာတွေလဲ များစွာပေါ်ပေါက်လာခဲ့သည်။ အမှားတခုကို အမှားမှန်းသိပေမဲ့ စကားလုံးများကို -င်ပိတ်ငြင်းတတ်သော ဘလော့ဂါတွေလဲ ရှိခဲ့သည်။ ချွဲနွဲ့ပြောတတ်သော ဘလော့ဂါတချို့ကိုလဲတွေ့ရပြန်သည်။ အားလုံးသည် မိမိပျော်ရွှင်မူအတိုင်းသာ ဖြစ်ပေသည်။ မိမိရေးသားချင်သလိုသာ ရေးသားကြခြင်းသာ.. ကျနော်သည်လဲ ဒီအတိုင်းဆက်သွားနေဦးမည်သာဖြစ်ပါသည်။

၂၀၁၀ သည်ကျနော်တို့တိုင်းပြည်အတွက် သာယာပျော်ရွှင်မူတွေ ပေးနိုင်မည်လား၊ ဘာတွေ ဆက်ဖြစ်လာမည်လားတော့ သေချာမသိ။ မျှတသော ရွေးချယ်မူတွေနဲ့ ခေတ်မီတိုးတက်သော သာယာသော တိုင်းပြည်တခုကို ပြန်လည်တည်ဆောက်မည်ဆိုသော အယူအဆကိုတော့ လက်ခံပါသည်။ လက်တွေ့နဲ့ စိတ်ကူးကို တပုံစံထဲအကောင်အထည် ပေါ်စေချင်သည်။ တိုးတက်နေသော အခြားနိုင်ငံတွေလို ကိုယ့်တိုင်းပြည်ကိုလဲ တိုးတက်ချင်သည်။ ဒါသည် တိုင်းပြည်ကို ချစ်သည်လားဟု လာမေးလျှင်တော့ မဖြေတတ်။ ချစ်သည် မချစ်သည်ထက် တိုင်းပြည်တွင်းက ပြည်သူတွေကို ရသင့်တဲ့ အခွင့်အရေးတွေ ရစေချင်ပါသည်။

ကျနော်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း၊ ဘလော့ဂါ ညီအကိုမောင်နှမတွေအားလုံး လာတော့မဲ့ ၂၀၁၀တွင် ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေ။ လိုအင
်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၀မှာ ကျနော်လဲ ၂၀၀၉ကထက်မက ကြိုးစားမူတွေ ဆက်လက် လုပ်ဆောင်ချင်ပါသေးတယ်။ အားလုံးလဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

နှစ်ကူးမင်္ဂလာ

HAPPY NEW YEAR

ဘာလိုလိုနဲ့ နှစ်တနှစ်ကို ကူးတော့မယ်။ ဒီနေ့ညပြီးရင် ၂၀၁၀ ဆိုတာကြီးက ၀င်ရောက်လာတော့မယ်.. လူကလဲ အသက်တွေ တနှစ်ပြီး တနှစ် ကြီးလာ.... ဘာမှမသေချာ မရေရာသေးတဲ့ ဘ၀ကို ဒီအတိုင်းဖြတ်သန်းစီးဆင်းတုန်း ဒီပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တခုလုံးကို မိမိတွေ့မိသလောက် ပြန်သုံးတတ်ကြည့်မိပြန်သည်။ ဘာမှတိုးတက်မှုမရှိတာကတော့ စိတ်ပျက်စရာ... စလုံးကိုရောက်လာတာ ၂ နှစ်ကျော်လာပြီ ဘာတိုးတက်လာသလဲဆိုတော့ ဘာမှ တိုးတက်မူမရှိလို့ ကိုယ့်ဟာကို တွေးမိသည်။ မိသားစုအတွက် ပြန်ကြည့်လျှင်လဲ ဘာမှ သေချာရေရာစွာ ပံ့ပိုးနိုင်မှုမရှိသေး..

ကမ္ဘာ့စီးပွားရေးပျက်ကွက်မှုတွေက တနည်းမဟုတ် တနည်းလူကို ထိခိုက်စေသည်တော့အမှန်။ ဤကိစ္စကြောင့် လူလဲ ရသင့်သလောက်အခွင့်အရေးတွေ မရခဲ့။ အလုပ်လဲ လုပ်စရာမရှိ ထိုင်နေသည်ကများခဲ့သည်။ ကံကောင်း၍ အလုပ်မပြုတ်သေးပဲ ဒီကျွန်းသေးလေးပေါ်မှာ ဆက်လက်သောင်တင်နေတုန်းပင်ဖြစ်သည်။ တခါတလေတော့ ဒီကျွန်းက အမြန်ထွက်ပြေးချင်စိတ်တွေ ရှိခဲ့သည်။ ဘာပဲပြောပြောအလုပ်မှာ နေသားကျလာတော့ အားလုံးနဲ့ သံဟဇာတဖြစ်လာသည်ကားတော့ အမှန်...

သူငယ်ချင်းအသိုင်းအ၀ိုင်းကတော့ အရင်လိုဘာမှမထူးခြားခဲ့။ ဒီနှစ်အတွင်း သူငယ်ချင်းတွေ အသစ်ပိုရလာသည်။ ခုမှ သိကြပေမဲ့ တကယ့် သူငယ်ချင်းကောင်းတွေလို စိတ်ထဲကတော့ ခင်မင်မိတာအမှန်။ စိတ်ထဲမှာ မွန်းကျပ်မှုတွေများတိုင်း သူငယ်ချင်းတွေဆီက အားပေးစကားကြရသည်။ မိသားစုကိုလွမ်းတိုင်း သူတို့ဆီက ဖြေသိမ့်ပေးမူတွေ ရတတ်သည်။ ဘလော့ဆိုတာပေါ်မှာ တွေ့ခဲ့ရသည်ထက်ပိုမိုပြီး ခင်တွယ်မူတွေရခဲ့သည်။

ဘာမှအရေမရ အဖတ်မရ စာတွေကိုဆက်ရေးသားနေမိသေးသည်။ ကိုယ့်ဟာကို ဘယ်တော့မှ ဘလော့ဂါတယောက်အဖြစ်သို့ခံယူမိသည်ဟု မစဉ်းစား။ မိမိဘာသာရေးသားချင်တာ ရေးသားမိသည်။ ဘာကိုမှမရည်ရွယ် စိတ်ထဲက ရေးသားချင်တာတွေ ရေးသည်။ ဒီတနှစ်ထဲတွင် အရေးအသားကောင်းသော ဘလော့ဂါတွေလဲ များလာသည်။ ၀မ်းသာမိသည်။ ပျော်ရွှင်စရာကောင်းသော ဒီခင်မင်ဖွယ် အသိုင်းအ၀ိုင်းထဲတွင် အသစ်ဝင်လာသူတွေ ရှိသလို မသိမသာ တိမ်မြုပ် ပျောက်ကွယ်သွားပြန်သည်။ ဘ၀ဆိုတာ ဒါပင်ဖြစ်မည် ဘယ်အရာမှ မတည်မြဲသလို ဘလော့လောကသည်လဲ တည်မြဲမှုမရှိခဲ့ပေ..

ဒီတနှစ်အတွင်း ရီမောဖွယ်ဘလော့လောကတွင် ဂရိုက် ရိုက်မှုများလဲ ရှိလှပေသည်။ ဘလော့ဂါဆိုသည်မှာ ပရိသတ်အတွက် အလေးထားရေးသားရမည်။ ပေါ့ပျက်ပျက်မလုပ်သင့်၊ ကိုယ်လုံးဖော်အပြုအမူတွေ၊ ဝေဖန်ရေးစာရေးဆရာတွေလဲ များစွာပေါ်ပေါက်လာခဲ့သည်။ အမှားတခုကို အမှားမှန်းသိပေမဲ့ စကားလုံးများကို -င်ပိတ်ငြင်းတတ်သော ဘလော့ဂါတွေလဲ ရှိခဲ့သည်။ ချွဲနွဲ့ပြောတတ်သော ဘလော့ဂါတချို့ကိုလဲတွေ့ရပြန်သည်။ အားလုံးသည် မိမိပျော်ရွှင်မူအတိုင်းသာ ဖြစ်ပေသည်။ မိမိရေးသားချင်သလိုသာ ရေးသားကြခြင်းသာ.. ကျနော်သည်လဲ ဒီအတိုင်းဆက်သွားနေဦးမည်သာဖြစ်ပါသည်။

၂၀၁၀ သည်ကျနော်တို့တိုင်းပြည်အတွက် သာယာပျော်ရွှင်မူတွေ ပေးနိုင်မည်လား၊ ဘာတွေ ဆက်ဖြစ်လာမည်လားတော့ သေချာမသိ။ မျှတသော ရွေးချယ်မူတွေနဲ့ ခေတ်မီတိုးတက်သော သာယာသော တိုင်းပြည်တခုကို ပြန်လည်တည်ဆောက်မည်ဆိုသော အယူအဆကိုတော့ လက်ခံပါသည်။ လက်တွေ့နဲ့ စိတ်ကူးကို တပုံစံထဲအကောင်အထည် ပေါ်စေချင်သည်။ တိုးတက်နေသော အခြားနိုင်ငံတွေလို ကိုယ့်တိုင်းပြည်ကိုလဲ တိုးတက်ချင်သည်။ ဒါသည် တိုင်းပြည်ကို ချစ်သည်လားဟု လာမေးလျှင်တော့ မဖြေတတ်။ ချစ်သည် မချစ်သည်ထက် တိုင်းပြည်တွင်းက ပြည်သူတွေကို ရသင့်တဲ့ အခွင့်အရေးတွေ ရစေချင်ပါသည်။

ကျနော်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း၊ ဘလော့ဂါ ညီအကိုမောင်နှမတွေအားလုံး လာတော့မဲ့ ၂၀၁၀တွင် ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေ။ လိုအင်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၀မှာ ကျနော်လဲ ၂၀၀၉ကထက်မက ကြိုးစားမူတွေ ဆက်လက် လုပ်ဆောင်ချင်ပါသေးတယ်။ အားလုံးလဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

ကလေးဘဝ အမှတ်တရလေးများ

ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)

ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....

ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P

ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လ
ိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....

ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)

နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...

အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့

၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်

(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

ကလေးဘဝ အမှတ်တရလေးများ

ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)

ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....

ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P

ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....

ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)

နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...

အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့

၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်

(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

အိမ်လွမ်းသူ

ကျနော့်ရင်တွေအရမ်းခုန်နေသည် မခုန်ပဲနေပါ့မလား မွေးရပ်မြေကို မပြန်ဖြစ်သည်မှာ နှစ်ပေါင်းမနဲတော့ပေ။ ခုတော့ ကျနော်ခင်တွယ်သော မွေးရပ်မြေ၊ ချစ်သောအမေ၊ မိသားစုတို့နှင့် တွေ့ရတော့မည်။ ညအမှောင်အောက်မှာ တရိပ်ရိပ်ပြေးနေသော အဝေးပြေးကားကြီးပေါ်မှာ နားကြပ်လေးတပ်ပြီး ဘိုဖြူရဲ့ မွေးရပ်မြေ သီချင်းလေးကို ထပ်တလဲလဲ နားထောင်ပြီး ပျော်ရွှင်နေမိသည်။ မနက်ဖြန်မနက်ဆိုလျှင် ကျနော်နေသော အရပ်သို့ရောက်တော့မည်။ အတွေးများနဲ့ တကိုယ်တည်း စိတ်ကူးယဉ်နေစဉ် ကားဆရာ၏ အော်သံကိုကြားလိုက်ရသည်။ အပေါ့အပါးသွားရန်ခဏနားခြင်း ဖြစ်ပေသည်။ ကားထဲက ဆင်းလိုက်သည်နှင့်တပြိုင်တည်း ညအမှောင်မှာ အေးမြသောလေတို့သည် မောပန်းနေသော လူရဲ့စိတ်ကို အတော်အတန်တော့ လန်းဆန်းစေသည်မှာ အမှန်ပင်.... ဒီလိုနဲ့ ကားပေါ်ပြန်တက် နားကြပ်လေး နားထဲထိုးထည့် မျက်လုံးလေး မှိန်းပြီးလိုက်လာခဲ့တော့သည်။ ပစ္စည်းတွေ သေချာကြည့်နော် ကိုယ့်ပစ္စည်းသေချာပါမပါကြည့် ပျောက်ရင်တာဝန်မယူဘူး..... ဟူသော စပါယ်ယာ၏အော်သံကြောင့် ကျနော်နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်တော့ မနက်လင်းအားကြီးချိန် လမ်းခုလတ်မှာ ခရီးသည်တယောက် ဆင်းနေခြင်းဖြစ်ကြောင်းစိတ်က အလိုလိုသိလိုက်သည်။ ဘေးမှာထိုင်နေသော အကိုကြီးကို ဘယ်နေရာရောက်နေပြီးလဲမေးတော့ နောက် ၃၊၄ နာရီလောက်ဆို ကျနော်နေတဲ့ မြို့လေးကိုရောက်တော့မည်ဟု သိလိုက်သည်...

တရိပ်ရိပ်နဲ့ လေအလျင်လား ပြေးလွှားနေသောကားလေးသည် ကျနော်တို့မြို့လေးပေါ်ကိုတက်ရန် တောင်ခြေအောက်နားရောက်တောင်လာပြီ။ ကျနော်စိတ်တို့ကားအငြိမ်မနေနိုင် ကျနော်ချစ်သော တောင်တန်းတွေကို ကြည့်ချင်လာသည်။ ဒါနဲ့ရှေ့ခေါင်းခန်းက ကားစပါယ်ရာထိုင်နေသော နေရာနားသွားထိုင်ပြီး အရှေ့တည့်တည့်ကနေ တောင်တန်းတွေကို တ၀ကြီးကြည့်လိုက်သည်။ဖွင့်ထားသော တံခါးမှသည် ရှမ်းပြည်ရဲ့လေအေးအေးလေးကို ရှူရှိုက်ရသည်ကိုကား ကျနော်လို တောင်ပေါ်သားတယောက်အတွက် ရသတခုပင်မဟုတ်ပါလား... တောင်ပတ်လမ်းလေးအတိုင်း တဖြည်းဖြည်းကားလေးကတက်လာသည်။ ခုဆို အမေလည်းအိမ်ပေါက်ဝက သားပြန်အလာကို မျှော်နေတော့မည်။ သူငယ်ချင်းတွေကတော့ လာကြိုမည်ဟု ပြောထားသည်။ ဒီကောင်တွေတောင် မိန်းမတွေရလို့ ဘာတွေ ပြောင်းလဲကုန်ပြီလဲမသိ..... ပြန်တွေ့မှ အရင်အကြောင်းတွေ ပြောကြရင်း ညှင်းဆဲရဦးမည် အနိုင်ကျင့်ရဦးမည်.......

ကားဂိတ်ကို ကျနော်တို့ကားကြီး ဆိုက်ကပ်လိုက်သည်နှင့်တပြိုင်တည်း မျက်လုံးကဘေးဘီကို လျှောက်ကြည့်နေမိသည်။ Taxi ငှားမလားဟု ဟန်ဆောင်မူကင်းတဲ့ စကားသံဝဲ၀ဲနဲ့ ဦးလေးကြီးများ၏ အသံကိုလဲ ကြားနေရသည်။ စိတ်ထဲမှာတော့ ငိုချင်သလိုလိုဖြစ်မိသည် ဟန်ဆောင်မှုများပြီး အပေါ်ယံပေါင်းတတ်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဒီလိုရိုးသားတဲ့ လူတွေကိုတွေ့ရတော့ ဘ၀ကိုအားမလိုအားမရဖြစ်မိပြန်သည်။ ထိုစဉ် ကျနော့်ခေါ်သံကို ကြား၍ နောက်လှည့်ကြည့်လိုက်တော့ ဦးထုပ်၊အနွေးထည်အပြည့်အစုံနဲ့ ကျနော်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေကို တွေ့ရသည်။ တယောက်နဲ့ တယောက် ပခုံးချင်းဖက်ပြီး ပေါင်းလာသည် ပြောမနာဆိုမနာသူငယ်ချင်းတွေ ယခုတော့လဲ မိန်းမတွေရလို့ လူကြီးစတိုင်တွေနဲ့တောင် ဖြစ်နေပါကောလား...... ထို့နောက် တယောက် အိတ်တလုံးစီ ထမ်းပြီးကားပေါ်တက် အမေ့အိမ်ရှိရာသို့.........

ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက

ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက်လာခဲ့သည်ကို သတိထားမိသည်။ ခေတ်စနစ်ရဲ့ တိုးတက်မူတွေနောက်လိုက်ပြီး ပြောင်းလဲခဲ့ရပေမဲ့ အရင်ရှိခဲ့တဲ့ ရိုးသားတဲ့ စာရိတ္တလေးတွေကိုတော့ ကျနော်မပြောင်းလဲစေချင်ပေ... ရိုးသားတဲ့ ၀တ်စားဆင်ယင်မှုတွေကိုလည်း အရင်အတိုင်းရှိနေစေချင်သည်။ ဈေးကိုဖြတ်သွားတော့ ချစ်စရာတိုင်းရင်းသူတွေရဲ့ ဖြူစင်တဲ့အပြုံးတွေကိုလဲ ကားပေါ်မှ ဖြတ်ခနဲ တွေ့လိုက်ရသေးသည်.... အိမ်ရှေ့မှာ ကားရပ်လိုက်သည်နှင့် တဦးတည်းသော အမနဲ့ကလေးတသိုက်ထွက်လာသည်။ အော် ကလေးတွေကိုမြင်မှ ငါလဲ ဦးလေးဘ၀ကို အလိုလိုနေရင်းရောက်နေပါ့လားလို့ တွေးမိသား..... ဘာလိုလိုနဲ့ အမေတောင်မှ အဖွားအဖြစ် တဆင့်တိုး တာဝန်တွေ ယူနေရပါ့လား... အိမ်ရှေ့ခြံတံခါးကနေအထဲကို လှမ်းကြည့်လိုက်တော့ အိမ်တံခါးဘေးမှာ မတ်တပ်ရပ်နေသော အမေ့ကိုတွေ့ရသည်..... ပါးပြင်မှာ မျက်ရည်စတွေနဲ့ ၀မ်းသာလွန်းလို့ အမေငိုနေပြီ အော် အမေရယ် အရင်တုန်းလို စိတ်ကငိုလွယ်ရီလွယ်ပါပဲလား... လူအများရှေ့ရောက်ရင် ပြတ်သားတတ်သလောက် တကယ့်နှလုံးသားက ပျော့ပြောင်းနေဆဲပါ့လား အမေ.....

အိတ်တွေကိုချ အိမ်ရှေ့ခန်းမှာ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါးစကားတွေ ပြောနေကြတာ မောတာတွေလဲ ဘယ်ဆီပျောက်မှန်းမသိတော့ အမေကတော့ ကုလားထိုင်လေးပေါ်မှာထိုင်ပြီး ချစ်သားရဲ့ခေါင်းလေးကို ကိုင်ရင်း သားပြောသမျှကို ပြုံးရွှင်စွာနဲ့ နားထောင်နေတာပဲ... ချစ်စရာ တူလေးတွေနဲ့ပျော်ရွှင်ဖွယ်အမတို့ မိသားစုရဲ့ဘ၀ကိုကြည့်ပြီးလဲ အဝေးရောက်လူတယောက်အနေနဲ့ ထူးဆန်းနေမိသလိုလို... ဒီလို ပျော်ရွှင်ဖွယ်မိသားစုလေးနဲ့ မဆုံဆည်းဖြစ်တာ နှစ်တွေလဲ မနဲတော့ဘူးလေ.... ဒီလိုနဲ့စကားတွေ ပြောပြီး ခဏနားတရေးအိပ်ပြီး ညနေရောက်တော့ အမေရဲ့ မစားရတာကြာပြီဖြစ်သော ငါးခေါင်းဟင်းချိုလေးနဲ့ ထမင်းကိုစား... လူစုံစွာနဲ့ ပျော်ရွှင်ဖွယ် ထမင်းဝိုင်းလေးမှာ အပျော်ဆုံးလူသားကတော့ အမေပဲဖြစ်ပါလိမ့်မယ်... ထမင်းစားပြီးတော့ သူငယ်ချင်းတွေလာခေါ်လို့ ကျနော်တို့မြို့ရဲ့ ညအလှဆည်းဆာကို ခံစားဖို့ထွက်ခဲ့ပြန်သည်... ရောင်စုံမီးတွေကြားထဲက မြို့ငယ်လေးတခု သာမာန်လူတွေအတွက် ဘာမှ အနှစ်သာရမရှိတဲ့ မြို့ငယ်လေးဖြစ်ပေမဲ့ ကျနော်တို့တောင်ပေါ်လူတွေ ရင်ထဲမှာတော့ ဒီမြို့လေးသည် ကျနော်တို့ဘ၀.... ကျနော်တို့အားမာန်တွေကို မွေးဖွားပေးခဲ့သည့်မြို့လေး....

ညဈေးရဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးရဲ့ ထောင့်တနေရာကိုယူပြီး ခေါပုတ်ကင်လေးကိုစားလို့ လက်ဖက်ရည်လေးရဲ့ အရသာကို ဇိမ်ခံရင်းသူငယ်ချင်းတွေ ဟိုအရင်ကအကြောင်းတွေ ပြောလိုက် ကိုယ်တွေဘ၀ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောလိုက် ငယ်စဉ်က ချစ်သူတွေအကြောင်းပြောလိုက်နဲ့ ပျော်ရွှင်စရာလေးတွေနဲ့ အချိန်ကိုကြည့်တော့ ညမိုးချုပ်နေပြီ အိမ်အပြန်လမ်းတွင်တော့ အရင်တုန်းကအတိုင်း မှောင်အတိလမ်းလေးမှာ သူငယ်ချင်းတသိုက် စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်ခဲ့ကြသည်.. အိမ်ရှေ့တံခါးကို ခေါက်မလို့ရှိသေး အမေ့ရဲ့အပြုံးတွေနဲ့အတူ တံခါးဖွင့်ပေးမှုက ဆီးကြိုနေသည်။ တညလုံး အမေ့ရဲ့ကုတင်လေးပေါ်မှာ သားအမိနှစ်ယောက်တူတူ အိပ်လို့ဘ၀ရဲ့အကြောင်းတွေ ပြောရင်းအမေ့ရဲ့ ရင်ခွင်ထဲမှာ ကလေးလေးတယောက်လို့ နွေးထွေးမှုတွေယူရင်းအိပ်မောကြခဲ့သည်။ တူတော်မောင်တွေကတော့ သူတို့အဖွားနားကပ်နေသော ကျနော့်ကို စိတ်ဆိုးနေရော့မည်.....

မကြားရတာကြာပြီဖြစ်သော အမေ့၏အော်သံလေးကြောင့် ကျနော်အိပ်ချင်မူးတူးဖြစ်နေရာကနေ နိုးထလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပင်ကျော်ကျော်လေးပင်ရှိသေးသည်။ နောက်ထပ် ၁၅မိနစ်လောက် ပြန်အိပ်ဦးမှဟုတွေးကာ စောင်ကို ခေါင်းမြီးခြုံပြီး ကွေးနေမိသည်။ သားကြိုက်တဲ့ တို့ဟူးနွေး ၀ယ်ထားတယ် ဆိုသော အမေ့စကားသံကြောင့် ကျနော်မထချင် ထချင်နဲ့ထလာရသည်။ မျက်နှာသစ်ရန် အိမ်ပြင်ထွက်လိုက်တာနဲ့ အေးမြတဲ့ ဆောင်းလေတွေက လူကိုလာကျီစယ်နေပြန်သည်။ အေးမြတဲ့လေနှင့်အတူ မြေရနံ့သင်းသင်းလေးကိုလဲ ခံစားမိသလိုလို.. ရေပီပါထဲက ရေကိုလှမ်းခပ်လိုက်တော့ ရေခဲတမျှအေးနေသည်ကို သတိထားမိသည်။ ဒီလိုအထိအတွေ့ကို ကျနော်မခံစားခဲ့ရသည်မှာ ၅ နှစ်လောက်တောင် ရှိခဲ့ပါ့လားဟု တွေးနေမိပြန်သည်။ သွားတိုက် မျက်နှာကို အမြန်သစ်ပြီး အိမ်ထဲဝင်လာတော့ အမေပြင်ပေးထားသည့် မနက်စာက အဆင့်သင့် ကျနော်ကြိုက်တတ်သော အချိုရည်မပါသည့် တို့ဟူးနွေးနှင့် ပဲပြုတ်ထမင်းကြော်... ပြီးတော့ တောင်ပေါ်လက်ဖက်ခြောက်နဲ့ ငါးရံ့ခြောက်ဖုတ်မွှေးမွှေးလေး.....

တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ.. တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ..

စူးရှသော အသံကြောင့် လူက ၀ုန်းခနဲ ထထိုင်မိလေသည်... ဘေးဘီကိုကြည့်မိလိုက်သော မျက်စိထဲ အသားကျနေသော မမြင်ချင်သည် မြင်ကွင်းတွေ... ကျဉ်းမြောင်းလှသည့် ထောင်သာသာ အခန်းကျဉ်းလေးထဲ မဆံ့မပြဲထည့်ထားသော လူတွေနဲ့ အ၀တ်တွေ၊ ပွစိကျဲနေသာ စာရွက်၊စာအုပ်တွေနဲ့ ကွန်ပြူတာတွေ... သြော်.... ငါအိပ်မက် မက်နေတာပါ့လား.... နာရီကိုကြည့်လိုက်တော့ မနက် ၈း၄၅... သြော် စင်ကာပူရောက် လူသားတယောက်ရဲ့ဘ၀တွေပါ့လား..... အိပ်မက်တို့ကို မပျောက်ပျက်စေလို ဒီလိုအိပ်မက်မျိုးဘယ်တော့မှ အကောင်အထည်ဖော်နိုင်မည်မသိ... ဤအိပ်မက်ကို သိမ်းထားလို့ရရင် သိမ်းထားလိုက်ချင်သည်... ဆုံးဖြတ်လိုက်သည်... ဖုန်းကိုကောက်ကိုင် မက်ဆေ့တစောင်ရေးပြီး ပို့လိုက်သည် အလုပ်က မန်နေဂျာဆီသို. ....... စောင်ကို ခေါင်းအထိလွှမ်းခြုံပြီး အိပ်မက်ကို ဆက်လက်မက်နိုင်စေရန် ကျနော် အကောင်အထည်ဖော်တော့သည်.... သည်လိုနဲ့ ကျနော်ရဲ့ ခွင့်ရက်တွေလဲ တရက်ပြီး..တရက် ကုန်ဆုံးခဲ့ပြန်သည်... ဒါပေမဲ့ ကျနော် ကျေနပ်ပါသည်.....

စာကြွင်း။ ။ နေ့အိပ်မက် ရဲ့ အိမ်လွမ်းသူဆိုတဲ့ Tag ပိုစ့်လေးဖြစ်ပါသည်။ သူရေးစေချင်တာက ဘာကိုလဲတော့ ကျနော်မသိပါဘူး.. ကျနော်လွမ်းသော ကျနော်ချစ်သော မြို့လေးကိုပဲ ရေးသားလိုက်ပါတယ်။ အားလုံး နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်။ Tag တွေ များနေပါတယ် အကြွေးပိနေပါတယ် နောက်ထပ် ၃ ခုလောက် ကျန်ပါသေးတယ် တဖြည်းဖြည်းရေးပါ့မယ်လို့ နောက်ကျရင် ခွင့်လွှတ်ပါလို့.... ပြန်မ Tag တော့ပါဘူးး)

ပုံကို Google မှ ယူထားပါတယ်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

အနာ

မျှော်လင့်ချက်တွေပျောက်ဆုံး တစ္ဆေခြောက်ခံရတဲ့ည
အရာရာကွယ်ပျောက် အမှောင်ဖုံးတဲ့ည
ဘာတွေမှားလို့ ဘာတွေဖြစ်မှန်းမသိခဲ့တဲ့ည
ချိုမြိန်တဲ့ ၀ိုင်တွေကြားမှာ ယစ်မူးခဲ့တဲ့ည

မိသားစုကမ္ဘာ ပျော်ရွှင်စရာတွေ အသက်မဲ့နေဆဲ
တယောက်ထဲ အဖော်မဲ့ ခရီးဆက်နေဆဲပေါ့
နားလည်မူတွေမရနိုင်သေးတဲ့ လူတယောက်
လှောင်အိမ်ထဲက ငှက်တကောင်လို ပျံချင်ရာမပျံသန်းနိုင်တဲ့ဘဝ

ပျော်ရွှင်စရာ ဒီလိုဆောင်းမနက်ခင်း
ပီတိအပြုံးတွေကွယ်ပျောက်
တယောက်ထဲ ငါ့ကို
မာယာများနဲ့လှောင်ပြုံး ပြုံးပြနေလေရဲ့

လောကအတွက် ကောင်းကျိုးမပြု
မိသားစုအတွက် လူပေတေတယောက်
ချစ်ရသူအတွက် ယုံကြည်မူမဲ့စေတဲ့ ပေါ့ပျက်ပျက်လူတယောက်
ဒါတွေကို ဘယ်သူဖန်တီးခဲ့လဲ ကိုယ်တိုင်ကလွဲပြီး ဘယ်သူဖြစ်ဦးမလဲ

စိတ်

ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်

တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွဲမှားယူဆ ပြင်ရန်ခက်သည်

တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘ၀ အမြန်ရောက်သည်

အရှက်မရှိ အကုန်ဖော်ထုတ်
နွားဇာတ်ခင်းတော့ လူကြည့်များသည်

Blogger Template by Clairvo