မြန်မာပြည်မှာ လေဖြတ်လို့ သေတဲ့ဦးရေ၊ မစွမ်းမသန် ဖြစ်ကျန်ခဲ့သူဦးရေ ဘယ်လောက်ရှိလဲ စာရင်းအတိအကျ မရှိတော့ လူဦးရေရဲ့ ဘယ်နှစ်ရာနှုန်းဆိုတာ ပြောလို့မရနိုင်ဘူး။ ဆေးရုံလာတက်တဲ့ စာရင်းနဲ့ ကြည့်မယ်ဆို ဆေးရုံမတက်နိုင်ဘဲ ကိုယ့်ဇာတိ ကိုယ့်အရပ်မှာ ဆေးမြီးတိုနဲ့ ပြီးရတဲ့ လူနာက ဒုနဲ့ဒေးကိုး။
အရပ်မျက်စိနဲ့ ခန့်မှန်းကြည့်မယ်ဆိုရင်တော့ ဒီရောဂါဟာ မြန်မာလူမျိုး တော်တော်များများကို နှိပ်စက်နေတဲ့ ရောဂါမှန်း အရပ်ထဲ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ တအိမ်ကျော်က ဦးဘယ်သူတော့ ဘယ်နေ့က လေဖြတ်သွားလို့တဲ့။ မီးကင်းစောင့်တဲ့ ကိုပိန်သေး ညက မီးကင်းတဲမှာ အိပ်ရင်း လေဖြတ်နေလို့။ ဟဲ့ဟိုကလေးမ ပါးတခြမ်းရွှဲ့နေပါလား... ဘယ်နေ့က လေဖြန်းတာလဲ။ ဂရုစိုက်ဟဲ့... မပေါ့နဲ့။
ဒီအသံတွေ နားထောင်လိုက်ရင် ဒီရောဂါ မြန်မာတွေနဲ့ ဘယ်လောက် ယဉ်ပါးလဲ သိမှာပါ။ ကိုယ်လက်လှုပ်ရှား လုပ်တာ နည်းတာကြောင့်လား။ ဆီနဲ့ အချို အစားများတာကြောင့်လား။ ဒါလဲ အနည်းနဲ့ အများတော့ ပါတာပေါ့။ ဆီနဲ့ အချိုမှုန့်ကိုအားကိုး ထမင်းစားနေရပြီး ချက်နို့ဆီနဲ့ ဖျော်တဲ့ လက်ဖက်ရည် သောက်နေရတဲ့ မြန်မာတွေ သွေးကြောကျဉ်းတာ၊ လေဖြတ်တာ မဆန်းပါဘူး။ အရည်ရွှမ်းတဲ့ အသီး များများစားကြ။ ဟင်းသီးဟင်းရွက်နဲ့ ငါး များများစားကြ။ ဆီလျှော့စားကြ။ အငန်လျှော့စားကြပါ။ သကြားလျှော့ကြပါ။ ပြောတဲ့လူကို စိတ်မဆိုးဘူးဆိုရင် နို့ ပုံမှန် သောက်ပေးကြပါ (တတ်နိုင်မှပါ။ အိမ်က ကလေးမြေးငယ်တောင် ၀ယ်တိုက်ဖို့ အနိုင်နိုင်ဆိုတာ သိပါတယ်။ စိတ်မဆိုးကြပါနဲ့)။
လေဖြတ်ရောဂါဟာ အသက် ၄၅ နှစ် အထက် တော်တော်များများကို ချက်ချင်းမသေဘဲ ဒုက္ခရောက်အောင် နှိပ်စက်တတ်တဲ့ ရောဂါတခု ဆိုပါတော့။ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ တခုခု ဖြစ်ပြီဆိုရင် လက်ခြေတွေ မစွမ်းမသန်တော့တာအပြင် တွေးခေါ်ဆင်ခြင်မှုတွေပါ ထိခိုက်ကုန်တာ သဘာဝပဲ။ လူကြီးမှ မဟုတ်ဘူး။ လေဖြတ်ပြီဆို (ဦးနှောက်အာရုံကြောစနစ် ချွတ်ယွင်းပြီဆို) လူငယ်လဲ ဒီလို ဖြစ်တာပါပဲ။ ဖြစ်ရင်တော့ ပြန်ကုရတာ အချိန်ရော ငွေရော အများကြီး ပေးရပါတယ်။ အကောင်းပကတိ ပြန်ရချင်မှလဲ ရမယ်။ ပြန်မရတဲ့ အရေအတွက်ကလဲ တော်တော် များတယ်။ အကောင်းဆုံးနည်းက လေမဖြတ်အောင် သတိနဲ့ နေကြပါ။
ဒါဖြင့်ရင် ဖြတ်ပြီးတဲ့လူတွေ လက်မှိုင်ချပြီး မသေမချင်း ဒီလိုပဲ နေရတော့မှာလားဆိုတော့ မဟုတ်ပါဘူး။ ဒီစာကို လေမဖြတ်သေးတဲ့ လူတွေနဲ့ ဖြတ်ပြီး ဘ၀ကို ပြန်ထူထောင်ချင်တဲ့ လူနာတွေနဲ့ မိသားစုတွေအတွက် ရေးပါတယ်။
လေဖြတ်ပြီး သူငယ်ပြန်သလို ဖြစ်သွားတဲ့သူတွေ၊ ကိုယ်လက် ပြန်သန်စွမ်းလာတာတောင် စိတ်က အရင်လို ထက်ထက်မြက်မြက် မရှိတော့သူတွေ၊ အရင်တုန်းက စာအုပ်ထူကြီးတွေ ၀ါးစားသလို ဖတ်နိုင်တဲ့ ဘ၀ကနေ လေဖြတ်ပြီးတော့ ကာတွန်းတအုပ်တောင် တ၀က်ဆုံးအောင် မဖတ်နိုင်တော့တဲ့သူတွေ.... ဒါလေဖြတ်သူတွေ တချို့တချို့ရဲ့ ဘ၀ပါ။
လေဖြတ်သွားတဲ့ သူငယ်ချင်းတယောက်က သူ စာတွေကို ရှေ့ကဖတ် နောက်ကမေ့ ဖြစ်နေတယ်လို့ ပြောရှာပါတယ်။ ဒီလိုလူတွေဟာ အတိတ်ကို ပြန်ရောက်ချင်ကြတယ်။ တချိန်တုန်းက စိတ်သွားတိုင်း ကိုယ်ပါခဲ့တဲ့ ဘ၀ကို ပြန်လိုချင်ကြတယ်။ သူတို့ဟာ အရင်လို မဟုတ်တော့ပဲ တခုခု မှားယွင်းနေပြီဆိုတာ သူတို့ကိုယ်သူတို့လဲ သိတယ်။ နဂိုဖြစ်အောင် ပြန်လုပ်ပေးနိုင်မယ့် သမားတော် ဒါမှမဟုတ် ဆေးဝါးအကူအညီ လိုချင်တယ်။ တချို့လဲ အကူအညီ ရလိုရငြား ထုတ်ပြောပြတယ်။ ရင်ဖွင့်တယ်။
ဒီအခါမှာ ကိုယ်လဲ ဒီလို လေဖြတ်နိုင်တယ်ဆိုတာ နားထောင်သူက မမေ့ဖို့ လိုပါတယ်။ စာရွက်တရွက်မှာ သေတဲ့အထိ တခါမှ လေမဖြတ်ဖူးစေရလို့ ရေးပြီး ကိုယ့်လက်မှတ် ထိုးပေးရဲပါသလား။ ကိုယ်လဲ ဖြစ်နိုင်တယ်ဆိုတာ သိရင် လေဖြတ်တဲ့လူ စိတ်ပိုင်းဆိုင်ရ
Labels
- Blog (470)
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
September
(40)
- ဖြစ်တတ်တဲ့ သဘောလေး
- ဖြစ်တတ်တဲ့ သဘောလေး
- ကျနော့်ရဲ့ ပထမဆုံးများ
- ကျနော့်ရဲ့ ပထမဆုံးများ
- အပန်းပြေသော ဟာသလေးများ (၂)
- အပန်းပြေသော ဟာသလေးများ (၂)
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- Spyware Doctor Software
- Spyware Doctor Software
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- အမေ့အိမ်
- ငါ့အတ္တ
- အမေ့အိမ်
- ငါ့အတ္တ
- ရထား
- ရထား
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- ကျေးဇူးပါမေမေ....
- ကျေးဇူးပါမေမေ....
-
▼
September
(40)
Powered by Blogger.
အင်မတန် ကောင်းမွန်တဲ့ ပို့ စ်လေးပါဗျာ။ သတိထားရမယ့် အချက်တွေရော ဗဟုသုတ ဖြစ်စေမယ့် အချက်အလက်လေးတွေ စုံလင်အောင် ထည့်သွင်းပြီး ရေးသားထားတာ စာဖတ်သူတွေအတွက် အကျိုးရှိစေတဲ့  စာတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ခုလို ဝေမျှပေးတာ ကျေးဇူးပါ ကိုတောင်ပေါ်သားရေ။
ReplyDeleteဖတ်ပြီးတဲ့အခါမှာ လေဖြတ်တာနဲ့ပတ်သက်ပြီး အရင်ကမသိတဲ့ ဗဟုသုတတွေ အများကြီး သိလိုက်ရပါတယ်။ တန်ဖိုးရှိတဲ့ပို့စ်လေးကို တဆင့်ပြန်ပြီး မျှဝေပေးထားလို့ ကျေးဇူးတင်ပါတယ် ကိုတောင်ပေါ်သားရေ...
ReplyDelete