ကဲ တက်ခ်လောကကြီး အဲယောင်လို့ ဘလော့လောကကြီးကတော့ ကောင်းနေတယ်ဗျ.. အခုဆို Tag တွေလဲ များမှများ တယောက်ပြီးတယောက် Tag နေလိုက်ကြတာ.. အခုလဲ Tag ထားပြန်ပြီ။ ဘယ်သူလဲ မမေးနဲ့ ဘယ်သူရှိရမှာလဲ ငရဲပြည်ကို ဆွဲခေါ်သွားတဲ့ ကိုကြယ်စင်သွေး ပေါ့ ။ နောက်ထဲ Tag ကြွေးတွေ ရှိသေးပါ မကြီးဝါ၀ါ ကလည်း Tag ထားသေး အင်း ဒုက္ခ ဒုက္ခ လို့ပြောဘူးနော့် ပျော်ပါတယ်ဗျာ.. တက်ခ်ကြပေါ့ .. စားကြမယ်ဟေ့ ကောင်းကောင်း ဟုတ်တော့ဘူး အခု အသစ်ပြောင်းလိုက်ပြီး တက်ခ်ကြမယ်ဟေ့ ကောင်းကောင်းတဲ့ ကဲ ကြည့်တော့မူပါဦး တက်ခ်တော်မူတဲ့ အကြောင်းက “အချစ်ဆိုသည်မှာ” တဲ့။ အခုမှ ဒုက္ခရောက်တာ ဘာလဲဟ အချစ်ဆိုတာ..
အချစ်ဆိုတာ ကျနော်မြင်မိသလောက်ကတော့ ရယူလိုခြင်းပါပဲ။ တခါတလေကြတော့လဲ ပေးဆပ်ခြင်းပေါ့။ ဒါကတော့ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချစ်ဆိုတာလဲ လူပေါ်လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်.. ကျနော်ခံယူတဲ့ အချစ်ဆိုတာကတော့ ကိုယ်တကယ်ချစ်မိခဲ့ရင် ဘယ်အရာမဆို ပေးဆပ်ဖို့ ၀န်မလေးတတ်ပါဘူး ဒါပေမဲ့ အချစ်ဆိုတာ ဆန်းပြားလှပါတယ်။ ကျနော်ဘ၀မှာလဲ ဒိလိုအချစ်တွေနဲ့ ဆုံတွေ့ခဲ့ရဖူးပါတယ်..
ကျနော်ငယ်စဉ်ကျောင်းသားဘ၀က ကောင်မလေးတစ်ယောက်ကို တော်တော်ကို ချစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ သူအချစ်ကို ကျနော် လွယ်လွယ်နဲ့မရခဲ့ဘူးပါဘူး။ သူရဲ့ အချစ်ကို ရဖို့ကျနော် ၁ နှစ်ကျော်လောက် အချိန်ပေးခဲ့ရပါတယ်.. အဲဒီအချိန်တုန်းက သူအတွက်ဆို ဘယ်အရာမဆို ပေးဆပ်ဖို့ အဆင်သင့်ပါပဲ ဒီတော့ကား အချစ်ဆိုတာ ပေးဆပ်ချင်းလို့ ကျနော် ပထမဆုံး ခံစားလိုက်ရပါတယ်။ အဲဒီအချိန်တုန်းက ဘာဆိုဘာမှ မမြင်ပဲနဲ့ တော်တော်ကို ရယ်စရာကောင်းပါတယ်... ဆင်ကန်းတောတိုးဆိုတာ အဲလိုမျိုးအတွက် ပြောခဲ့သလားတော့ မသိဘာဘူး
ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် ညှိနှိုင်းလို့မရတဲ့အချက်လေးတွေနဲ့ နှစ်ယောက်သံယောဇဉ် ပြတ်တောက်သွားကြပါတယ်... အဲမှာ သူဟာ မြန်ဆန်စွာနဲ့ နောက်ကောင်လေးတစ်ယောက်နဲ့ တွဲဖြစ်ပါတယ်။ ဒီတော့ ကျနော်ခံယူမိတာက အချစ်ဟာ လှည့်စားခြင်းလားလို့ပေါ့... တစ်ချို့ကပြောတယ် အချစ်ဟာ ခဏတာပျော်ရွှင်စေတယ်တဲ့ ။ တစ်ချို့ကပြောတယ် အချစ်ဟာ ရင်ကိုပူလောင်စေတယ်တဲ့ တစ်ချို့ကပြောတယ် အချစ်ဟာ အေးမြစေတယ်တဲ့ ဘယ်ဟာက အမှန်လဲ ကျနော် မသိပါဘူး ကျနော် ယုံကြည်တာကတော့ သူတို့ကြုံဖူးတဲ့ အချစ်ဟာ အေးချမ်းတယ်ဆို ဒါအချစ်ဟာ အေးမြတယ်ပေါ့။ အဲ တစ်ချို့က ပူလောင်မူနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် ဒါဟာ အချစ်ဟာ ပူလောင်တယ်ပေါ့ ..
တကယ်တော့ အချစ်ဆိုတာ ဘာလဲ အခုထက်ထိတော့ ကျနော် မသိသေးပါဘူး။ အရှင်းဆုံးကတော့ အချစ်ဆိုတာ တနှာလို့ပဲ ကျနော်မြင်မိပါတယ်။ တယောက်ကို တယောက် ဘာလို့ချစ်တာလဲ ကြည့်ပါဦး သူရဲ့ မျက်နှာလေးက ချစ်စရာကောင်းလို့.... သူရဲ့ မျက်လုံးလေးက လှလို့ သူလေးကတော့ ရိုးသားလို့ ဘာလို့စသည်ဖြင့်ပေါ့လေ... ဒါပေမဲ့ နောက်ဆုံး ကောက်ချက်ချလို့ ရတာကတော့ ကိုယ်က ပိုင်ဆိုင်လိုစိတ်များနေတာပါပဲ ဒါဟာလဲ တနှာပါပဲ ငါဆိုတဲ့အတ္တပါတဲ့ တနှာပေါ့ဗျာ.. ကဲနောက်ဆုံးတော့လဲ အချစ်ဆိုသည်မှာ အချစ်သာဖြစ်ပါကြောင်း
ကဲ ကျနော်မြင်မိသော အချစ်ဆိုသောအရာကို ရေးလိုက်ပြီးနော့် ကဲ ကျနော်ရဲ့ ချစ် ညီအစ်ကို မောင်နှမများကလဲပေါ့ဗျာ. ဟဲဟဲ ကျနော် တက်ခ်ကလှည့်ပေါ့ ဟုတ်ဘူးလား ရေးရင်တော့ ဝှေ့လည်ကြောင်ပတ်နဲ့ ၅၂ဂ အချစ်မေတ္တာကို မရေးကြနဲ့နော် ကျနော်သိချင်တာက ၁၅၀၀ အချစ်ကိုပါ.. ကဲ ကံစမ်းမဲဖောက်လိုက်တော့ အလှည့်ကြသူတွေကတော့ ... ... ငဲငဲငဲ(ရယ်ခြင်းပါ)
ကိုမိုးမောင်တို့ သုံးယောက်
ကိုပုလုကွေး
ကိုရန်နိုင်စိုး
ကိုသ
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
October
(32)
- ကျနော်ချစ်သော သူလေး
- ကျနော်ချစ်သော သူလေး
- တောင်းပန်စား)
- တောင်းပန်စား)
- :)
- :)
- ကဲ ဘာလုပ်ကြမလဲ
- ကဲ ဘာလုပ်ကြမလဲ
- လမိုက်ည
- လမိုက်ည
- ကျနော်ရဲ့ မွေးနေ့
- ကျနော်ရဲ့ မွေးနေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- သီတင်းကျွတ် အမှတ်တရ Tag
- သီတင်းကျွတ် အမှတ်တရ Tag
- မသေခင် ၁၀ ရက်အလို
- မသေခင် ၁၀ ရက်အလို
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- တောင်ကြီးပွဲလေး အမှတ်တရ
- တောင်ကြီးပွဲလေး အမှတ်တရ
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
-
▼
October
(32)
Powered by Blogger.
ရေးပေးပါ့မယ် ညီလေးရေ အခုတော့ ခေါင်းတွေ မှုးနေလို့ ပြန်ပြီ
ReplyDeleteမနက်မှ ထပ်လာပြီး သေချာ လာဖတ်ပါ့မယ်
အချစ်ဆိုသည်မှာ ပို့စ်နဲ့ ကိုယ့်အစ်မကြီးကို တက်ဂ်စရာလား မောင်ရင်ရယ်။
ReplyDeleteအဟဲ.. တက်ဂ်မယ့်တက်ဂ် ကြောင်မလေးတွေ ၊ကြောင်ကလေးတွေကို
သာများများတက်ဂ် ။မကြီး က အသက်ကြီးပါပြီကွယ်..နော်.း)
အချစ်အကြောင်းမပြောချင်တော့ပါဘူး။ အဟီး.. ရတယ်ဟုတ်
အချစ်ဆိုတာအမှန်တော့ အတ္တပါပဲ...... ဟုတ်ပ.... :P
ReplyDeleteကဲ... ရေးပြီးကြောင်း အကြောင်းလာကြားတာပါရှင့်......