ကဲ တက်ခ်ကြပြန်ပါပြီ။ လာတော့ဗျာ တက်ခ်တမျှအကုန်လုံးကို ရေးတော့မယ် ဟဲဟဲ အခုလဲ ကိုသံလွင်HEROကတက်ခ်ပြန်သတဲ့။ ဘာတဲ့ သီတင်းကျွတ်ပြီဆိုရင် ဆိုပဲ.. ကျနော်လဲ စဉ်းစားတာပေါ့ အင်း ရေးစရာ မရှိ၊ ကုန်ကြမ်းတွေ မရှိတုန်း ရေးလိုက်မယ် ဆိုပြီး အကြွေးမထားတော့ဘူးဗျာ အခုပဲရေးလိုက်ပြီး။
သီတင်းကျွတ်ဆိုတာကတော့ ကျနော်သိသလောက် ပြောရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့လ လို့သိပါတယ်။ ပြီးတော့ ဒီလဟာ ကလေးတွေရော လူကြီးတွေပါမကျန် ပျော်ရွှင်တဲ့ လထူးလမြတ်လေး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေဆို မီးရှုးမီပန်းတွေနဲ့ ဆော့ရမယ်။ ဟော လူလတ်ပိုင်းတွေဆို လူကြီးမိဘတွေကို လိုက်ကန်တော့မယ် ကုသိုလ်ယူမယ်။ လူကြီးတွေကျတော့ သြော် ငါ့တပည့်၊ သားသမီးများက သိတတ်လိမ္မာလိုက်ခြင်းဆိုပီ ပီတိလေးတွေနဲ့ ပျော်ရွှင်ကြတယ်လေ။ ကျနော်ကတော့ သီတင်းကျွတ်လမှာ သူများတွေလို မပျော်ဘူးတာ ကြာပြီးဗျာ ရန်ကုန်ရောက်ကတည်းက ဆိုပါတော့..
ဒီတော့ ကျနော်တို့ ငယ်ဘ၀တွေကို ပြန်ပြောင်းသတိရကြတာပေါ့ ကောင်းဘူးလား ဟဲဟဲ.... ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် တောင်ကြီးမြို့လေးမှာ သီတင်းကျွတ်ပြီးဆိုတာနဲ့ ပျော်ရွှင်ဖွယ်အပြည့်ပါပဲ.. ငယ်တုန်း မသိတတ်သေးတော့ ဦးလေးတွေ ၀ယ်ပေးတဲ့ မီးရှုးမီးပန်းတွေကို ကစားကြပါတယ်... ဗျောက်အိုးတွေဖောက်ကြနဲ့ ကျနော်ထက် အသက်သိပ်မကြီးတဲ့ အဒေါ်ငယ်တွေကပါ ကျနော်တို့နဲ့ အတူတူဆော့ကြပါတယ်။ မှတ်မှတ်ရရ ကျနော်တို့ အများဆုံးဆော့တဲ့ ကစားနည်းက လေယာဉ်တံလို့ခေါ်တဲ့ လေယာဉ်က ရတဲ့ အပိုင်းအစနဲ့တူတယ် အဲဒါလေးတွေကို မီးအကြာကြီး အပူပေးလိုက်ရင် လင်းနေတော့တာပဲ။ အဲလိုလင်းနေရင် ကျနော်တို့ ဖိနပ်လေးတွေကို ချွတ်ပြီး လိုက်ရိုက်ပါတယ်။ ဒါဆို မာကျူရီမီးလေးဟာ အများကြီး ပွားလာပြီး တော်တော်ကို လှပါတယ်။
နောက်ထပ်ပျော်စရာ ကောင်းတဲ့ကစားနည်းတစ်ခုကတော့ ဗျောက်အိုးဖောက်တာပါ ကျနော်တို့ကငယ်သေးတော့ အမေက ဗျောက်အိုးကို မဖောက်ခိုင်းပါဘူး။ မှတ်မှတ်ရရ ကျနော်တို့အိမ်ဘေးမှာ စိုင်းစိုင်းနဲ့ နန်းနန်းဆိုတဲ့ မောင်နှမ နှစ်ယောက် ဗျောက်အိုးဖောက်တာ စနစ်တံက အရမ်းတိုတော့ စိုင်းစိုင်းရဲ့ လက်ထဲမှာ ဗျောက်အိုးကြီး ထကွဲပါရော သူရဲ့လက်ကလေးလဲ အပူလောင်ပြီး ပတ်တီးတွေစီးလိုက်ရပါတယ်။ ကျနော် အဒေါ်တွေကတော့ အိမ်နောက်ဖေးလမ်းပေါ်သွားပြီး ဗျောက်အိုးဖောက်တတ်ပါတယ်။ သူတို့ဖောက်ပုံကတော့ ကျနော်တို့အိမ်မှာရှိတဲ့ ခရမ်းသီးတို့၊ ဆူကာသီး(ဂေါ်လခါးသီး) ထဲမှာ ဗျောက်အိုးလေးကို ထည့်ပြီး ဖောက်ကြပါတယ်။ တရုတ်ဗျောက်အိုးတွေရဲ့ အရှိန်ပြင်းမူကြောင့် အသီးလေးတွေ လေထဲမှာ ဖွာလန်ကို ကျဲရော ။
အသံလေးများ ပိုဆူညံစေချင်ရင် နို့ဆီဘူးထဲကို ဗျောက်အိုးထဲပြီး စနစ်တံလေးကို ရှို့ပြီးပြေးတော့တာပါပဲ ဗျောက်အိုးတွေရဲ့ အရှိန်ကြောင့် နို့ဆီဘူးလေးက အပေါ်ကို အသံမြည်ပြီး ထောင်တတ်သွားတာပဲ ဘယ်သူက ပိုမြင့်တယ် ဘာညာနဲ့ ပြိုင်ရတာလဲ အမောပါပဲဗျာ။ ကျနော် ဦးလေးတွေကတော့ အမျိုးဗျ သူတို့က တော်တော်ကို ဆိုးပါတယ်။ ဘယ်လိုလုပ်လဲဆိုရင် ထီးရိုးကြီးကို ဖြတ်ပြီးရင် တဖက်ကို ပိတ် ပြီးသွားရင် မြန်မာနိုင်ငံကထုတ်တဲ့ ဆင်ပုံ ယမ်းမီးခြစ်တွေရှိတယ် အဲဒီ့ယမ်းမီးခြစ်တွေထိပ်က ယမ်းတွေကို သံထီးရိုးထဲကိုထဲ့ ပြည့်သွားရင် ကျန်တဲ့ တဖက်ကို ပိတ်ပြီး အစီအစဉ်စဆွဲတော့ တာပါပဲ။ ကျနော်တို့ တောင်ကြီးမှာက များသောအားဖြင့် အိမ်ခြံစည်းရိုးကို အပင်တွေနဲ့ ကာထားတာလေး.. အဲလို အပင်နားမျာ အတွဲလေးတွေ လာလာပြီး စကားပြောကြတယ်.. ညဆို ဘာလုပ်လဲဆိုတော့ သူတို့နောက်မှ ဖယောင်းတိုင်လေးထွန်းပြီး သံထီးရိုးနဲ့လုပ်ထားတဲ့ ယမ်းတွေကို အပူပေးတော့တာပဲ သူက တော်တော်ြ
ကာတယ်ဗျ ၁၅ မိနစ်လောက်ထိပေးရတယ် အဲဒီယမ်းက ထကွဲရင် သေနတ်သံလိုပဲ အကျယ်ကြီးဗျ စုတွဲတွေလည်း ထပြေးတော့တာပဲ အဲလိုကိုဆိုးတာ နဲနဲလေးကြီးတော့ ကျနော်တို့သူငယ်ချင်းတသိုက်က အမွေဆက်ခံတာပေါ့ဗျာ...
အဲနောက်တစ်ခုကတော့ ငရဲမီးဆော့တာပါ ဒါလည်းပျော်ဖို့ကောင်းမှကောင်းဗျ တချို့တွေ ဆော့ဖူးကြမယ်နဲ့တူတယ်ဗျ သူကတော့ ခွက်ကလေးထဲမှာ ဖယောင်းတွေထဲ့ပြီး အောက်ကနေ အပူပေးတာပေါ့ ခွက်ထဲမှာ ဖယောင်းတွေနဲ့ရောပြီး စနစ်တံလေးတစ်ခုကို မီးရှို့ထားရသေးတယ်.. ဖယောင်းတွေပူလာပြီး အရည်ပျော်လာပြီး စနစ်တံလဲ မီးတောက်နေပြီးဆို သူငယ်ချင်းတွေ ရေနဲ့ဝိုင်းပက်ကြတာပါပဲ အဲဒါဆို မီးတောက်တွေ ၀ုန်းကနဲ ထထတောက်တော့တာဗျ.. ကျနော်သူငယ်ချင်းတယောက် သူမှာရေမရှိတော့လို့ တံတွေးနဲ့လှမ်းအထွေး ကျန်တဲ့လူက ရေနဲ့ အပက်ကြုံလို့ သူမျက်နှာလဲ မီးဟက်ဖူးပါတယ်။ အမှတ်ရစရာလေးပေါ့ဗျာ....
ကျနော်တို့ ခြောက်တန်းလောက်ကစပြီး သီတင်းကျွတ်ဆိုတာ ကျနော်တို့အတွက် မဟာအခွင့်အရေးပဲဗျ ကျနော်တို့က သီတင်းကျွတ်ကို မျှော်တာဘာရယ်မဟုတ်ဘူး သီတင်းကျွတ်တာနဲ့ ကျနော်တို့ရိုးရာ တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ပြင်ဆင်ကြပြီလေ. ကျောင်းတွေဆိုလဲ မတက်ကြတော့ဘူး ကျောင်းခန်းထဲမှာ ကြည့်လိုက်ရင် လူက ၁၀ယောက် မပြည့်ချင်ဘူး ဒီလိုပျော်စရာကောင်းတာဗျာ ဆရာ၊ဆရာမတွေကလဲ ဒီအချိန်ဆို လွတ်လပ်ခွင့်ပေးထားတတ်ပါတယ်။ နဲနဲလေး သိတတ်လာတော့ မီးရှုးတွေကို ကိုယ်တိုင်လုပ်ရတာလဲ အမောပဲဗျာ.. ပျော်စရာအရမ်းကောင်းပါတယ်... မီးရှုးမီးပန်းတွေကိုယ်တိုင်လုပ် ဆန်အိတ်အထဲမှာ ထည့်တဲ့ ပလာစတစ်အကြည်တွေကို မီးပုံးပျံလို လွတ်နဲ့ ပျော်စရာအရမ်းကောင်းပါတယ်။ ညဆိုဗျောက်အိုးအတွဲလိုက် ယူပြီး လိုက်ဖောက်ကြတာပေါ့
ဗျောက်အိုးကတော့ ပူစရာကိုမလိုဘူး ကျနော် ဦးလေးအကြီးက ရဲလေ သူက နယ်က ဗျောက်အိုးတွေ သိမ်းလာပြီးဆို ကျနော်တို့ အိမ်မှာထားတာ ကျနော်တို့က ယူပြီးဆော့တာပေါ့ မိုးချုပ်လို့ အိမ်ပြန်ပြီးဆို ခွေးဟောင်ရင် ဗျောက်အိုးနဲ့ ပစ်တာဗျာ.... ခွေးတောင် ကောင်းကောင်းမနေရတဲ့ ကျနော်တို့ ကဲချက်တွေပေါ့.... ကဲစာလည်း တော်တော်ကို ရှည်သွားပြီး ကျနော် တန်ဆောင်တိုင်အကြောင်းလေးကို နောက်မှ ပိုစ့်တစ်ခုအနေနဲ့ ရေးတော့မယ်ဗျာ... အခုဟာက ရေးလိုက်ရင် ငယ်ဘ၀ကဟာတွေ ကုန်မှာတောင်မဟုတ်လို့ ဒီလောက်ပဲပြောပြတော့မယ် ဘယ်လိုပြောပြော ကျနော်တို့ ငယ်ဘ၀ဟာ လွတ်လပ်တယ်.. အပူအပင်ကင်းမဲ့တယ်... ပျော်တယ်ဗျာ..
ရန်ကုန်ရောက်လာတော့ သီတင်းကျွတ်ဆိုတာ ဘာလဲမေးယူရမလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာက တိုက်ခန်းတွေနဲ့ နေကြတာများတော့ တအိမ်နဲ့ တအိမ်သိပ်မရင်းနှီးဘူးဗျ သူတို့တွေက မီးထွန်းမယ် ဒါလောက်ပဲ ကျနော်တို့ နယ်များနဲ့ ကွာပါ့ဗျာ.. ကျနော်တို့ တောင်ကြီးမှာဆို သီတင်းကျွတ်မတိုင်ခင်ကတည်းက စသောင်းကျန်းနေတော့တာပဲ တခါတလေ ကျနော် ရန်ကုန်က လူတွေကို ကြည့်ပြီးအရမ်းသနားမိတယ်ဗျာ.. အထူးသဖြင့် ကလေးတွေပေါ့ ဆော့ချင်တာမဆော့ရနဲ့ ကျနော်ညီ၊ ညီမလေးတွေဆို ဘာဆိုဘာကစားနည်းမှ မသိဘူးဗျာ.. အဲသူတို့သိတာက ဘယ်ရှော်ပင်စင်တာမှာ ဘယ်ဟာလေးကတော့ ကောင်းတယ် ဒါလောက်ပဲ အရမ်းကွာတယ်ဗျာ.. အခုခေတ်အရ ပြောမယ်ဆိုရင် မြို့ပြကလူတွေတင်မကတော့ဘူးဗျာ ကျနော်တို့နယ်ကလူတွေပါ ကျနော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ ကစားနည်းတွေ သူတို့သိယုံမပြောနဲ့ ကြားတောင်ကြားဘူးကြမယ် မထင်ဘူး
ခေတ်တွေပြောင်းလာတော့ လူတွေလဲပြောင်းလာတော့တာပေါ့ ကလေးတွေ အခု သူငယ်တန်းကစပြီး ကျူရှင်ယူနေရပြီးလေ.. ကျနော်တူတောင် သူငယ်တန်းနဲ့ ကျူရှင်တဲ့ ကျနော်ကပြောတော့ မယူလို့မရဘူးတဲ့ အတန်းပိုင်က ကျူရှင်မယူရင် ရိုက်တယ်၊ ကျူရှင်ယူတဲ့ တခြားကလေးတွေလို ဂရုမစိုက်ဘူးတဲ့ ကျနော်မှာတေ
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
October
(32)
- ကျနော်ချစ်သော သူလေး
- ကျနော်ချစ်သော သူလေး
- တောင်းပန်စား)
- တောင်းပန်စား)
- :)
- :)
- ကဲ ဘာလုပ်ကြမလဲ
- ကဲ ဘာလုပ်ကြမလဲ
- လမိုက်ည
- လမိုက်ည
- ကျနော်ရဲ့ မွေးနေ့
- ကျနော်ရဲ့ မွေးနေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- သီတင်းကျွတ် အမှတ်တရ Tag
- သီတင်းကျွတ် အမှတ်တရ Tag
- မသေခင် ၁၀ ရက်အလို
- မသေခင် ၁၀ ရက်အလို
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- တောင်ကြီးပွဲလေး အမှတ်တရ
- တောင်ကြီးပွဲလေး အမှတ်တရ
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
-
▼
October
(32)
Powered by Blogger.
brother ရေ..
ReplyDeleteကလေးတုန်းကလို ဗျောက်အိုးဖောက်ချင်လိုက်တာ. ကျတော်တို့လည်း ငယ်ငယ်က တော်တော်ဆိုးခဲ့တာဗျ။ ဗျောက်အိုးတစ်လုံးချင်းဆို အသံတိုးလို့ ၁၀လုံးလောက်ကို စက္ကူနဲ့ထုပ် မီရှို့ တစ်အုံးအုံးနဲ့ ပျော်စရာကောင်းတယ်. စုထားတဲ့ ပိုက်ပိုက်လဲ သိတင်းကျွတ် ဗျောက်အိုး ဘိုးနဲ့ ကုန်ကုန်သွားတက်တယ်။