အခုတလော စိတ်ညစ်စရာတွေ များနေတယ်ဗျာ စိတ်က တော်တော်ကို ဖိစီးမူ များနေလေရဲ့ ... အလုပ်မှာလဲ အလုပ်မှာမလို့ သူငယ်ချင်းတွေနဲ့ တွေ့တော့လဲ သူတို့ရဲ့ ဒုက္ခတွေ ကြားနေရတာ စိတ်ချမ်းသာစရာ တခုမှ မတွေ့မိပါဘူးဗျာ.. အခုလဲ ထပ်ကြားလိုက်ရပြန်တယ် ကမ္ဘာစီးပွားရေး ဂရိုက်က စလုံးကိုလဲ အနဲအများတော့ ထိခိုက်တယ်ဆိုတာ တွေ့နေရပြီလေ.. သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်ကနေ ထုတ်ပယ်ချင်း ခံလိုက်ရတယ်ဗျာ ကြားရတာ စိတ်မကောင်းဘူး.. ဒီကိုရောက်နေတဲ့ အလုပ်လာရှာတဲ့ မြန်မာတွေလဲ တော်တော်ကို ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်ဗျာ..
မြန်မာပြည်က ဒီလာမဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံး ဖြစ်နိုင်ရင် အခုစလုံးကို မလာစေချင်ဘူးဗျာ... ကျနော်က ဒီလိုပြောပြန်ရင်လဲ ကျနော်အပေါ်တမျိုးမြင်ကြပြန်ဦးမယ် ဒီလာတော့ အလုပ်မရရင် သူတို့ပဲ ဒုက္ခရောက်မှာလေ ကျနော် တကယ်စိတ်ညစ်တယ်ဗျာ... ဒီက အခြေအနေကို ကြည့်နေပြီး စိတ်ညစ်စရာ နောက်တခုထပ်တိုးလာပြန်ပြီ.. ဒီမှာ လာတက်နေတဲ့ ပညာသင်မြန်မာကျောင်းသူ၊ကျောင်းသားတွေလဲ အလုပ်တွေခက်နေလေရဲ့ မိဘက ထောက်ပံ့နိုင်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ဗျာ မိဘကလဲ အဆင်မပြေရင် သူတို့လေတွေလဲ ဒုက္ခရောက်နေရပြန်မှာပေါ့.... သူတို့အလုပ်တွေခက်တာကလဲ ဒီစီးပွားရေး ဂရိုက်ပေါ့လေ...
အခုဆို ကျနော်တို့ မြန်မာပြည်ကြီးကော ဘယ်လို နေနေကြလဲမသိဘူးနော့် နဂိုထဲက စီးပွါးရေး မကောင်းပါဘူးဆို အခုလက်ရှိအတိုင်းဆို ပိုလို့တာဆိုးတော့မယ်ဗျာ.. ကျနော်တို့လဲ ဘာမှ မကူညီနိုင်ပါလားဗျာ.. အခုဆို ဖတ်လိုက်တဲ့ သတင်းတွေကလဲ စိတ်မကောင်းစရာတွေပဲဗျာ... စဉ်းစားကြပါဦး ငွေလိုလို့ လူသတ်လိုက်ရတာနဲ့ ရွှေဆိုင်ဖောက်ပြေးတာနဲ့ တနေ့တနေ့ မြန်မာသတင်းတွေ ဖတ်ရတာလဲ စိတ်မကောင်းစရာတွေချည်းပါပဲ... ကျနော်တို့ မြန်မာတွေရဲ့ စိတ်ကတော့ ချီးကျူးရပါ့မယ် ဟားဟား ကိုယ်တိုင်က ထမင်းနပ်မှန်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိသလိုနေတတ်လေရဲ့ ဒီက စလုံးရောက် မြန်မာသူငယ်ချင်းတွေကတော့ ပြောပါ့ဗျာ.. အဖြူကောင်တွေတော်တော်ကို ချီးကျူးဖို့ကောင်းတယ်တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်.. သူတို့က သူတို့ အရေး မဟုတ်ရင် ဘယ်သူကိုမှ ညှာတာထောက်ထားတာ မရှိဘူးလေ.
အခုဒီအကျင့်ဆိုးတွေ ကျနော်တို့ မြန်မာတွေကို ကူးစက်လာပါပြီ.. အခုဆို တိုင်းပြည်တွင်းမှာ ငတ်တဲ့လူ ငတ် သေတဲ့လူသေ ဒါပေမဲ့ ကိုယ်ထမင်းပုံမှန် စားနေရတော့ ဒါတွေကို ဂရုတောင် မစိုက်တော့ပါဘူး.. ကျနော် အပါ့အ၀င်ပေါ့လေ.. တကယ်ကျေးရွာတွေမှာ ထမင်းမစားနိုင်လို့ ငတ်နေကြတာတွေ ရှိပါတယ် ဒါပေမဲ့ သူတို့လဲ မနက်အိပ်ရာထကတည်းက လုပ်နေတာပဲ ဘာကြောင့်ဒီလို ငတ်နေကြရတာလဲ စိတ်ညစ်တယ်ဗျာ... ဘာမှကို လုပ်ချင်စိတ်မရှိအောင် ဖြစ်နေတယ်... ဒါတွေဟာ တဦးတယောက်ရဲ့ စိတ်ဓါတ်နဲ့ ဆိုင်လား တနိုင်ငံလုံး ပြုပြင်ရမဲ့ စိတ်တွေလား မသိတော့ပါဘူး.. ကျနော် လဲ ဘာတွေ ရေးနေမှန်းကို မသိတော့ဘူး စိတ်ညစ်ညစ်နဲ့ ရေးချင်တာရေးလိုက်တာပါ အမှားပါသွားရင်တော့ အားလုံး ခွင့်လွှတ်ပေးဗျာ...
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
November
(16)
- မုန်တိုင်းလာသွားခဲ့တယ်
- မုန်တိုင်းလာသွားခဲ့တယ်
- တွေးမိတွေးရာ
- တွေးမိတွေးရာ
- အမှောင်
- အမှောင်
- ငြိမ်းချမ်းပါစေ
- ငြိမ်းချမ်းပါစေ
- ပျော်ရွင်သာယာဖွယ် ကဗျာလေး
- ပျော်ရွင်သာယာဖွယ် ကဗျာလေး
- ကျေးဇူး တောင်ကြီးချယ်ရီမြေ
- ကျေးဇူး တောင်ကြီးချယ်ရီမြေ
- စိတ်ကူးတဲ့ရာ
- စိတ်ကူးတဲ့ရာ
- ကျနော်မပိုင်သော ကျနော်ရဲ့ အိမ်သစ်လေး
- ကျနော်မပိုင်သော ကျနော်ရဲ့ အိမ်သစ်လေး
-
▼
November
(16)
Powered by Blogger.
စင်ကာပူမှာ တော်တော် ဆိုးနေတယ်လို့ ကြားနေကြတယ်။
ReplyDeleteစလုံးမှာ အဆင်မပြေဘူး ကြားနေရတယ်။ အဆင်ပြေပါစေဗျာ
ReplyDeleteမောင်လေး တောင်ပေါ်သားရေ...
ReplyDeleteကြားရတဲ့ သတင်းတွေကလည်း စိတ်မကောင်းစရာတွေပါပဲ... :(
အားလုံး အဆင်ပြေကြပါစေ...
ဟုတ်တယ်ဗျာ...ကိုကြီးတောင်ပေါ်သားရေ...ကျနော်လည်းတစ်နေ့တစ်နေ့
ReplyDeleteဒီအကြောင်းစဉ်းစားလိုက်နဲ့စာကျက်လိုက်နဲ့တော်တော်ကြီးကိုညစ်နေတယ်ဗျ.
global recession ကကျနော်တို့ graduate ဖြစ်တဲ့အချိန်ကျမှာလာဖြစ်ရတယ်
လို့...ဒီပုံနဲ့ဆိုနောက်တစ်လကျနော်အလုပ်ဘယ်လိုရှာရမှာလဲ...တွေးလေညစ်
လေပဲဗျာ...ဗြဲ
ဒိလိုပဲကိုတောင်ရေ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲမှတ်လိုက်ပေါ့ဗျာ
ReplyDeleteဘာမှမလုပ်ပဲ ထိုင်ပြီးစိတ်ညစ်နေအလကားပဲဗျ ဒီတော့ ကိုတောင်ရေဖြေတွေးလိုက်ပါဗျာ။
မြန်မာပြည်အကြောင်းကတော့ ပြောနေရင်တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်လိမ့်မယ်ဗျ။
ReplyDeleteခက်တယ်ဗျာ.......... ကျနော်မြင်တာပြောပြရင်လဲ အနှောင့်အသွား
မလွတ်ဖြစ်ပြီး ၀ိုင်းဆဲကြမှာဗျ
မပြောတာပဲကောင်းပါတယ်ဗျာ