ယနေ့ ကမ္ဘာပေါ်မှာ လူသားတွေဟာ ကြီးနိုင်ငယ်ညှင်းငင်း စိတ်တွေနဲ့ ပျော်ရွှင်ဖွယ်တွေ ကွယ်ပျောက်နေကြပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူသားတိုင်း တောင့်တနေကြတာ လွတ်လပ်တဲ့ အေးမြတဲ့ တရားမျှတတဲ့ နေရာလေးတခုပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံခေါင်းဆောင်တိုင်းဟာ သူတို့အာဏာရဖို့အတွက် ဦးစားပေးလာကြတာကို စိတ်မကောင်းစွာနဲ့ မြင်နေရတာပါ။ သူတို့ခိုင်မြဲဖို့အတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူလာကြတာပါ။
တကယ်တမ်းပြန်စဉ်းစားကြည့်မိတော့ သူတို့ငယ်စဉ်ကလဲ လက်ရှိနေထိုင်နေကြတဲ့ ပြည်သူတွေလိုပဲ စိတ်ကူးရှိကောင်းရှိခဲ့မှာပါ။ ငါသာ အကြီးအကဲ တယောက်ဖြစ်မယ်ဆိုရင် ပြည်သူတွေကို ဘယ်လို ကောင်းသထက် ကောင်းအောင် အုပ်ချုပ်မယ် စသည်ဖြင့်ပေါ့လေ။ ဒါဟာ ကျနော် တွေးကြည့်တာပါ။ ဒါပေမဲ့ တကယ်တမ်း လိုက်လုပ်နိုင်ကြလားဆိုတော့ လိုက်မလုပ်နိုင်တာကို တွေ့ရပါတယ်။ ကျနော်က သမိုင်းတွေကိုလဲ သိပ်နားမလည်ပါဘူး
ဥပမာ ဟစ်တလာဆိုတဲ့ နိုင်ငံခေါင်းဆောင်တယောက်ဟာ ပြည်သူတွေကို ဘယ်လို ရက်စက်စွာ သတ်ဖြတ်ခဲ့သလဲ။သူကြောင့် ပြည်သူလူထု အပြစ်မရှိတဲ့လူတွေ ဘယ်လောက်တောင် သေပေးခဲ့ရလဲ တော်တော်ကို ၀မ်းနဲစရာပါ။
မိသားစုတိုင်းဟာ ပြည့်စုံတဲ့ သာယာတဲ့ အိမ်ထောင်တခုကို လိုလားတောင့်တကြစမြဲပါ။ ဘယ်မိသားစုမှ တယောက်နဲ့တယောက် ခွဲပြီးမနေချင်ကြပါဘူး။ ဒါပေမဲ့ ခေတ်စနစ်ကြောင့် ၀မ်းနဲဖွယ်ရာတွေ အတိပြည့်နေခဲ့ပါတယ်။ မိဘချစ်ရတဲ့ သား၊ သမီးတွေက သူတို့မိဘတွေနဲ့ အဝေးတွေမှာ ခွဲနေကြရတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေရဲ့ ဘ၀ဟာ ခိုးဆိုးလုယက်ရပြီး ဘ၀တွေ ပျက်သုန်းနေရတယ်။ သူတို့လေးတွေရဲ့ အရွယ်ဟာ အတန်းပညာသင်ရမဲ့ အရွယ်မှာ ကောင်းမွန်စွာ ပညာမသင်ရပဲ ဘ၀အတွက် ခက်ခဲစွာ ရုန်းကန်နေရတယ်။ လူများတခါ မလိုချင်လို့စွန့်ပစ်ထားတဲ့ အမှိုက်ပုံတွေနားမှာ တောင်းစားနေကြရတယ် ဘယ်လောက် ရင်နာစရာကောင်းလဲဗျာ။
တခါတလေ တကမ္ဘာလုံး ငြိမ်းချမ်းစွာ လူသားချင်းမျှတစွာ ဆက်ဆံနေကြရင် ဘယ်လောက်သာယာ ပျော်ရွှင်ဖွယ်ကောင်းလိုက်မလဲ။ အခုကြည့်ပါဦး ဂါဇာ ကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်ကို။ ဒီမှာ ဘယ်လိုပဲပြောပြော ဘယ်သူက မှားသည်ဆိုဆို အဓိက ဒုက္ခရောက်ရတာ ပြည်သူလူထုပါ။ အခုဆို အစ္စရေးရဲ့ တိုက်ခိုက်မူတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဘယ်လောက် သေကြေသွားရလဲ။ ကလေးငယ်ပေါင်းများစွာက မိဘမဲ့ ဆွေမျိုးမဲ့တွေ ဖြစ်သွားရပြီ။ ဒါဘယ်သူ့အပြစ်လဲ အဓိက စစ်ကိုလိုလားတဲ့ ငါကောင်းရင်ပြီးရောဆိုပြီး လုပ်နေတဲ့ စစ်ခေါင်းဆောင်တွေကြောင့် ဖြစ်ရတာပါ။ အခုဆို လက်ရှိသိရသလောက်က ပါလက်စတိုင်း ပြည်သူပေါင်း ၉ သောင်းကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပါပြီ။ အစ္စရေးရဲ့ အကြောင်းပြချက်ကတော့ ဂါဇာမှာ ရပ်တည်နေတဲ့ ဟားမစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ရတာပါတဲ့။ ဒါပေမဲ့ ဟားမစ်တွေ သေတာက နဲနဲ ပြည်သူတွေ အသက်အိုးအိမ်ဆုံးရှုံးပြီး သေကြရတာက အများကြီးပါ။
ဒီအချိန်မှာ နိုင်ငံအားလုံးက ၀ိုင်းဝန့်ပိတ်ပင်တားဆီးရမှာပါ။ တကယ်တော့ ဘာသာရေးဆိုတာ ခံယူချက်တခုပါပဲ။ အဲဒါကို ဘာသာရေးအရ တိုက်ခိုက်မယ်ဆို ကျနော်တို့ ကမ္ဘာပေါ်မှာ မငြိမ်းနိုင်တော့တဲ့ စစ်ပွဲတွေ ဖြစ်လာဦးမှာပါ။ ဒီအတွက် အပြစ်မဲ့ ပြည်သူတွေ များစွာ သေကြရဦးမှာပါ။ ကျနော်တို့ လူသားတွေပါ လူလိုတွေးကြည့်ရင် ရပါတယ်။ ကိုယ့်မိသားစုထဲက တယောက်ယောက် ထိခိုက်မိရင် သူအတွက် ဘာပဲဖြစ်ဖြစ် လက်စားချေချင်ကြမှာပါပဲ။ ဒီတော့ ဘယ်လိုမှ အဆုံးသတ်လို့ မရတဲ့ မျဉ်းပြိုင်တွေ ပြေးသလို ဖြစ်နေတော့မှာပေါ့ဗျာ။
တချို့တိုင်
းပြည်တွေမှာ တိုင်းပြည်ကို အုပ်ချုပ်တဲ့လူတွေဟာ သူတို့ရဲ့အောင်မြင်မူအတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး အောင်မြင်မူကို ရယူကြပါတယ်။ အခု အစ္စရေးကို ကြည့်မယ်ဆိုရင်လဲ ဟားမစ် တပ်ဖွဲ့တွေရဲ့ အစွန်းရောက်မူတွေကို ခုတုံးလုပ်ပြီး အောင်မြင်မူကို ယူချင်ကြတယ်လို့ မြင်မိပါတယ်။ ဘာသာတရားတိုင်းဟာ အစွန်းရောက်လွန်းရင်တော့ မကောင်းပါဘူး ကမ္ဘာပေါ်မှာ ဘာသာတရားတွေဟာ လက်ချိုးရေလို့ ရပါတယ်။ ခရစ်ယာန်၊အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ဟိနွူဘာသာ အစပြုပြီး အဓိက (၄) ခုပဲရှိပါတယ်။ ဒါလေးကို ငါ့ကိုးကွယ်တဲ့ ဘာသာကမှ အမြတ်ဆုံး ဆိုတဲ့ စိတ်ဓါတ်ကတော့ တော်တော်လေးကို ဆိုးပါတယ်။ လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ယုံကြည်လို့ ကိုးကွယ်တဲ့ဘာသာ၊ အဲဒီဘာသာရဲ့ လမ်းပြမူကို လိုလိုလားလားခံယူမှာပါပဲ။ ဒါပေမဲ့ ငါဆိုတဲ့ အစွဲက လူစိတ်တွေထဲမှာ ရောက်နေတော့ ဘာကိုမှ ရှင်းပြလို့ မရပါဘူး။ ကျနော် ပိုစ့်တခု ရေးဖူးပါတယ်။ ဒီမှာပါ ဘာသာရေးနဲ့တော့ အရမ်းမသက်ဆိုင်ပါဘူး။
အခုဆို ကျနော်တို့နေထိုင်တဲ့ ကမ္ဘာမြေဟာ သွေးတွေနဲ့ စွန်းထင်လို့နေတာကြာပါပြီ။ ပြန်စဉ်းစားမယ်ဆို ရင်နာစရာ အပြည့်ပါပဲ။ အခုလဲ ကျနော် ညီအကို မောင်နှမတွေ ဒုက္ခရောက်နေတဲ့ လူတွေအတွက်၊ ဘာသာရေးကို မကြည့်ပဲ ကမ္ဘာပေါ်မှာ နေထိုင်တဲ့ ကျနော်တို့လို အပြစ်မဲ့ ပြည်သူတွေအတွက် ၀ိုင်းပြီး ဆုတောင်ပေးလိုက်ကြရအောင်လားဗျာ။ ကမ္ဘာပေါ်မှာ မှီတင်နေထိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေ အားလုံးအတွက်ပေါ့ဗျာ ကျနော်တို့ တိုင်းပြည်အတွက်ကောပေါ့..................
စကားမစပ်ဗျာ ၀မ်းသာစရာသတင်းလေးပေါ့ ကျနော်တို့နိုင်ငံမှာ ဘလော့စ်စပေါ့ကို ပိတ်ထားတာ ဖွင့်ပေးလိုက်ပြီတဲ့ဗျ။
ကြိုဆိုပါတယ်ဗျို့ ဟဲ ဟဲ ဟဲ
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ငြိမ်းချမ်းပါစေ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
January
(30)
- ကျားတကောင်ရဲ့ ဖြစ်တည်မူ
- ကျားတကောင်ရဲ့ ဖြစ်တည်မူ
- အမှတ်မထင်
- အမှတ်မထင်
- အမှတ်တရ
- အမှတ်တရ
- တနေ့တာ ဘဝ
- တနေ့တာ ဘဝ
- မွေးနေ့ဆုတောင်း
- ငြိမ်းချမ်းပါစေ
- မွေးနေ့ဆုတောင်း
- ငြိမ်းချမ်းပါစေ
- :(
- :(
- စိတ်ကူး အချစ်
- စိတ်ကူး အချစ်
- ငှက်တကောင်ရဲ့ တမ်းတခြင်း
- ငှက်တကောင်ရဲ့ တမ်းတခြင်း
- ဘလော့ဂါ နှင့် သူခိုး ပုံပြင်
- ဘလော့ဂါ နှင့် သူခိုး ပုံပြင်
- ဖယောင်းတိုင်.....
- ဖယောင်းတိုင်.....
- လွတ်လပ်ရေးနေ့
- လွတ်လပ်ရေးနေ့
- သီပေါမင်းတရား၏ အတွင်းရေးများ (၂)
- သီပေါမင်းတရား၏ အတွင်းရေးများ (၂)
- သီပေါမင်းတရား၏ အတွင်းရေးများ (၁)
- သီပေါမင်းတရား၏ အတွင်းရေးများ (၁)
- အပန်းပြေသော ဟာသလေးများ (၅)
- အပန်းပြေသော ဟာသလေးများ (၅)
-
▼
January
(30)
Powered by Blogger.
အရမ်းကောင်းတဲ့.. တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ..
ReplyDeleteဟုတ်ပါတယ်.. ဘာမှမလုပ်ပေးနိုင်တော့လည်း ၀ိုင်းဆုတောင်းပေးရုံပဲပေါ့...... အားလုံး ငြိမ်းချမ်းကြပါစေ... မတရားသော စစ်ပွဲတွေ အားလုံးအဆုံးသတ်ပါစေတော့......
အာဏာလိုချင်လို့ တန်ခိုးထွားချင်လို့ စစ်ဆိုတာကို တိုက်ကြတယ်။ ရှင်းရှင်းလေးပဲ ။ လူသားတွေက စစ်ပွဲကို အဆုံးသတ်ကြမလား ? သို့မဟုတ်ရင် စစ်ပွဲက လူတွေကို အဆုံးသတ်ပေးပါလိမ့်မယ်။
ReplyDeleteဆုတောင်းပါတယ်.. အားလုံးငြိမ်းချမ်းရေးကို ရှေးရှုနိုင်ကြပါစေ..
ReplyDeleteအေးဗျာ.... ပြောရရင်တော့ အရှည်ကြီးပဲဗျာ
ReplyDeleteဒီတော့ ရေးထားသမျှလေးပဲ ဖတ်သါားတယ်ဗျာ
ငြိမ်းချမ်းရေး ..... ရှိရင်အကောင်းဆုံးပေါ့ဗျာ .....
ReplyDeleteစိတ်မကောင်းစရာတွေပဲကွာ...
ReplyDeleteဟေ... ဘလော့ဂ်စပေါ့ကို တကယ်ကြီး ပြန်ဖွင့်လိုက်တာလား။ ကောင်းလိုက်တဲ့သတင်း၊ ပြန်ဖွင့်ပေးတဲ့ ပုဂ္ဂိုလ်များကို ကျေးဇူးတင်ကြိုဆိုကြောင်း စကားပါးချင်လိုက်တာ။
ReplyDelete