ဒီလောကကြီးမှာ သက်ရှိရယ်လို့ဖြစ်လာရင် အချစ်ဆိုတာကို ခံစားဖူးကြမှာပါပဲ။ ကျနော်တို့လို လူသားတွေအတွက်ကတော့ အချစ်ဆိုတာကို အခြား တိရစ္ဆာန် (သက်ရှိ)တွေထက် ပိုပြီး ရူးမိုက်စွာ ခံစားတတ်ကြပါတယ်။ ဒီတော့ အချစ်ဆိုတာဘာလဲဆိုတာဟာ ဘယ်လိုမှ ပြောလို့ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ပေါ်လျှောက်လှမ်းခဲ့ရတဲ့ အခြေအနေ လောကဒဏ်ကို ကြုံတွေပြီး အချစ်ဆိုတာဟာလဲ အရောင်တွေ အမျိုးမျိုးပြောင်းလဲ သွားကြမှာပါပဲ။ ဒါပေမဲ့ လူသားတိုင်းမှာတော့ အချစ်ဆိုတာ ရှိတတ်စမြဲပါ။ အချစ်မရှိရင် ဘယ်လူသားတိုင်းမှာမှ တယောက်ထဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ကျနော်ဆိုလိုတာက အချစ်ဆိုတာ ရမ္မက်ပါတဲ့ လူတွေ ပြောဆိုနေတဲ့ (၁၅၀၀) အချစ်လဲ ဖြစ်နိုင်သလို ချမ်းမြေ့သာယာတဲ့ (၅၂၈) အားလုံးကို ဆိုလိုချင်တာပါ။
ကြံကြံဖန်ဖန် ငြင်းချင်သူများ၊ ဝေဖန်ချင်သူများကတော့ ပြောပါလိမ့်မယ်။ ဥပမာ ဘာသာတရားလုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အချစ်ဆိုတာကို မေ့ထားတယ်လို့ ပြောပါလိမ့်မယ်။ ကျနော် အမြင်တော့ ဒါဟာလဲ အချစ်တခုပါပဲ။ ဥပမာ ဦးပဇ္ဖင်းတပါးဆိုပါတော့ သူက တရားအားထုတ်တယ် ဒါဟာလဲ သူဟာဘာသာတရားကို ချစ်မြတ်နိုးလို့ပါ။ ဒီတော့ကား ကျနော် တဦးထဲ အမြင်ဆိုရင်တော့ အချစ်ဆိုတာ အလွန်တရာမှ ဆန်းကြယ်ပါတယ်။ လောကမှာ မြင်နိုင်တာတွေ ရှိသလို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာတော့ ကြိုပြီးတွက်ချက်လို့ မရပါဘူး။ အချစ်ဟာလဲ ဒီအတိုင်းပါပဲ အနက်တွေအမျိုးမျိုးကွဲနေပေမဲ့ အချစ်ကတော့ လူသားတိုင်းမှာ ရှိတတ်စမြဲပါ။
တခါတလေများတော့ (၁၅၀၀) ဆိုတဲ့ အချစ်ကို သေချာစဉ်းစားဖူးပါတယ်။ ဒီအချစ်ဟာ ရယူလိုခြင်းလား၊ ပေးဆပ်ခြင်းလား အနစ်နာခံချင်လားပေါ့။ ဒါတွေကလဲ အပေါ်က ပြောခဲ့သလို လူတွေရဲ့ ရပ်တည်မူ ခံစားချက်တွေပေါ်မှာသာ မူတည်နေပါလိမ့်မယ်။ တကယ်တမ်း အချစ်ကို စတင်တွေ့မိတဲ့ အချိန် ကျောင်းသားအရွယ်ဆိုရင်တော့ အချစ်ဟာ ရယူလိုချင်းများ ပြည့်နေဖို့များပါတယ်။ အချစ်ကို ပိုင်ဆိုင်ရမှ ကျေနပ်နေတတ်မှာပါ။ အချစ်ကို အရူးအမူး ခံစားတတ်တဲ့ အရွယ်ပေါ့။ ကျနော်လဲ ဒီအချိန်တွေကို လူသားဖြစ်လာတဲ့အလျှောက်တော့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ဖြစ်တည်နေတဲ့ အချစ်ရဲ့ ခံယူချက်တွေက တော်တော်ကို ပြောင်းလဲနိုင်ပါတယ်။
ဘ၀မှာ ဒီအတိုင်း မိဘလုပ်စာထိုင်စားနေတဲ့ သာမန်လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူတွေရဲ့ စိတ်ခံစားချက်ဟာလဲ အတော်ကို ကွဲပြားခြားနားပါတယ်။ ဥပမာ သာမန် ဒေးတက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်ပြီး အဝေးသင်တက္ကသိုလ်တက်နေရတဲ့ ကျောင်းသားတယောက်ရဲ့ ဘ၀ရပ်တည်မူ၊ အချစ်ရဲ့ ခံစားမူတွေဟာ မတူညီနိုင်ပါဘူး။ တခါတရံမှာတော့ အချစ်ဟာ သာယာမူတွေ ပေးတတ်ပါတယ်။ ဒါကို ကြုံတွေ့ခံစားရတဲ့ လူတယောက်ဟာ အချစ်ဟာ ပျော်ရွှင်မူတွေပေးတယ်ပေါ့။ တခါတလေ အချစ်ဟာ စိတ်ညစ်မူတွေကို ပေးတာနဲ့ ကြုံတွေ့ခံစားရတဲ့ လူတယောက်အတွက်တော့ အချစ်ဟာ စိတ်ညစ်စရာတွေ အတိပေါ့။ အဓိကကတော့ ခံစားချက်လေးတွေ ကွာခြားနေတာပါပဲ လို့ ကျနော်မြင်မိပါတယ်။
တကယ်တမ်း အချစ်ဆိုတာထက် သံယောဇဉ်လေးများ ဒီလောကကြီးမှာ ပိုရှိရင် ကောင်းပါလိမ့်မယ်။ အချစ်ဆိုတာက စိတ်ခံစားမူပျော်ရွှင်နေရင် ပျော်စရာကောင်းပေမဲ့ စိတ်ညစ်စရာတွေ ကြုံတွေ့လာရင် အချစ်ဟာ အရာရာပျောက်ဆုံးနေတဲ့ လူတယောက်လို မျှော်လင့်ချက်တွေ ပျက်သုန်းစေပါတယ်။သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ ပိုပြီးတော့ ခိုင်မြဲမယ်လို့ ထင်မြင်မိပါတယ်။
ဒါကတော့ ကျနော်ကို Tag ထားတဲ့ လေလွင့်နေသူ ရဲ့ အချစ်ကို ဘယ်လိုနားလည်သလဲ ဆိုတဲ့ Tag ပိုစ့်လေးပါ။ ကျနော်လဲ ဒီတခါတော့ပြန် Tag ပါဦးမယ်။
၁)အချစ်ကို ရှာမတွေ့သေးတဲ့ ဦးရှင်ကြီး (ရေးပြီးပါပြီ) ၊
၂)အမြဲရန်ဖြစ်နေတဲ့ ဦးနော် ၊ တီငယ် (၂ ယောက်လုံးနော်)(ရေးပြီးပါပြီ) ကလေးလေးက တော့ ငယ်သေးလို့ ခွင့်လွတ်လိုက်မယ်၊
၃)ကျနော်ရဲ့ အကိုတော် ပုလုကွေး
၎)ပြီးတော့ အကိုတော် ကိုBee
၅)ကိုဖြိုး (ရေးပြီးပါပြီ) ရပြီ ဒီလောက်နဲ့ နားဦးမယ် တော်ကြာ ထောင်းခံနေရမယ် အဟား
Labels
- Blog (470)
အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း
လေးစားလျက် တောင်ပေါ်သား
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
February
(12)
- တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း
- တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း
- အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း
- အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း
- အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ Tag
- အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ Tag
- ခေါင်းမရှိတဲ့ ကျနော်
- ခေါင်းမရှိတဲ့ ကျနော်
- ငြိမ်းချမ်းရေး
- ငြိမ်းချမ်းရေး
- ဖေဖော်ဝါရီ ၁၃ ရက်
- ဖေဖော်ဝါရီ ၁၃ ရက်
-
▼
February
(12)
Powered by Blogger.
သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ ပိုပြီးတော့ ခိုင်မြဲမယ်လို့ ထင်မြင်မိပါတယ်။... အဲဒါကို လက်ခံပါတယ်ရှင် ကိုယ်တွေ့ပါ. အချစ်ထက် ကိုပိုခိုင်မြဲံတယ်.
ReplyDeleteအီးဟီးးးး ချိတ်ညစ်တယ်.. အချစ်အကြောင်း ပေါချင်ဖူး..
ReplyDeleteကျေးဇူးတင်တရ်ဗျို့  ။
ReplyDeleteတခါတလေများတော့ (၁၅၀၀) ဆိုတဲ့ အချစ်ကို သေချာစဉ်းစားဖူးပါတယ်။ ဒီအချစ်ဟာ ရယူလိုခြင်းလား၊ ပေးဆပ်ခြင်းလား အနစ်နာခံချင်လားပေါ့။ ဒါတွေကလဲ အပေါ်က ပြောခဲ့သလို လူတွေရဲ့ ရပ်တည်မူ ခံစားချက်တွေပေါ်မှာသာ မူတည်နေပါလိမ့်မယ်
ဖြစ်နိုင်တရ်ဗျ ။ ခံစားချက်ပေါ်မှာမူတည်ပြီး ရယူခြင်းပေးဆပ်ခြင်း ပေါ်လာတာကလေ ။ ဗဟုသုတရပါတရ် ။ အဆင်ပြေပျော်ရွှင်ပါစေ ။
(ကိုရဲ)
အချစ်တစ်ခုကို ၀င်ရောက်ခံစားကြည့်တာ
ReplyDeleteအဆင်ပြေပါရဲ့လား
တဂ်ပို့စ်လေး လာအားပေးတယ်။
အဆင်ပြေပျော်ရွှင်ပါစေ
နားမလည်တဲ့ ဘာသာရပ်ကို အမှတ်ပြည့်ရမှ အအောင်ပေးမယ့် တော်ပေါ်သားရေ ခက်ပြီရော ဒီတစ်ခါ။
ReplyDeleteကယ်တော်မူ ကြပါဦးတော်။
ရေးပေးမယ် ကိုတောင်ပေါ်သားရေ.. ခဏတော့စောင့်ပါ...။
ReplyDeleteစိုင်းစိုင်းသီချင်းထဲကလိုပေါ့
ReplyDeleteအချစ်ဆိုတာ ချစ်နေဘို့ ဘဲလိုအပ်တယ်
း)
ဟုတ်တယ်တောင်ပေါ်ရေ..သံဃောဇဉ်ကနေ ဖြစ်လာတဲ့ အရာက ပိုခိုင်မာတယ်။ ပိုတည်မြဲတယ်။ ကြာလာလေ.အေးမြမှု့ ပိုပါလေပဲ
ReplyDeleteအချစ်အကြောင်းရေးပြီးကြောင်း........
ReplyDeleteမရေးချင်လို့မသိချင်ရောင်ဆောင်နေတာ ငါ့အကို ကလုပ်ပြီ။ လာမယ် စောင့်ဦးဗျ။
ReplyDeleteဟုတ်ကဲရေးပါ့မယ်ဗျာ ခနစောင့်နော် ညီရေ
ReplyDeleteဖတ်သွားတယ် တောင်ပေါ်သားလေး ရေ..
ReplyDeleteတီဝါ လဲ အတက်ဂ်ခံထားရလို့ ပညာလာယူတာ။း)