Labels

မြို့ပျက်အလွန်


လူသူကင်းမဲ့ ခြောက်ချားစရာ ဒီညအမှောင်
လမ်းတခုလုံး ရစရာမရှိအောင် ပြိုကျပျက်စီးနေပေါ့
ငါ့ကိုငါ ပြန်ကြည့်လိုက်တော့
ဒါဏ်ရာ အနာတရတွေ ပြည့်လို့

ဟိုအဝေးတနေရာဆီက ကလေးတယောက်ရဲ့ငိုသံ
မိဘမဲ့သူတယောက်ထဲ ကြွေကွဲနေတယ်ထင်ပါရဲ့
လမ်းပေါ်ကခွေးတအုပ် တအီအီနဲ့အော်မြည်နေလေရဲ့
ဘာကိုမြင်လို့ သူတို့အော်နေသလဲ

ငါကိုယ်တိုင်လဲ မသိခဲ့ ဘာတွေဖြစ်နေကြသလဲ
ဒီအတိုင်းပေါ့ ဆက်၍တိုးလို့ လျှောက်လှမ်းနေခဲ့
အိမ်အိုကျိုးပျက် အမျိုးကိုစုံလို့
ငါရောက်နေတာ ဘယ်ဘ၀တုန်း

ငါ့ရဲ့ဘေးမှာ အမြဲတမ်းလိုလို
ငါ့ရဲ့အသွေးအသားကို ရစ်မူးစွာ စားသုံးမဲ့
ခွေးအတွေ၊ လဒတွေက ၀ဲလို့
စိတ်အစဉ်ကိုလွှင့်လို့ ရှေ့ဆက်သွားမယ်
ဟိုအရှေ့မှာ ပန်းတိုင်တခု
မှုန်ဝါးဝါးနဲ့ မြင်နေရတယ်



လေးစားလျက် တောင်ပေါ်သား

5 comments:

  1. ပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ..ကိုတောင်ပေါ်သား

    ReplyDelete
  2. ကဗျာလေးဖတ်သွားတယ်

    (မူရင်းအနှစ်သာရပျက်မှာစိုးလို့ မှတ်ချက် မရေး တော့ပါဘူး)
    ပျော်ရွှင်ပါစေ

    ReplyDelete
  3. အမလေး.. ကျောချမ်းလိုက်တာ ..သရဲကားထဲမှာ အိမ်မက် မက်နေသလိုဘဲ ။ :(
    ကဗျာဆရာ ၊ ကျောင်းဆရာ ရေ .. အားပေးလျှက်ပါ ။ပန်းတိုင်ရောက်ခါနီးပြီဆိုတော့ ဆက်သာလုပ်ပါ .. (နောက်ဆုတ်လို့ လဲ မရတော့ဘူးလေ ) :)

    ReplyDelete
  4. မူရင်းအတိုင်းလာရောက်ခံစားသွားပါတယ်

    ReplyDelete
  5. ပန်းတိုင် တဲ့နော် နာမည်ကိုက ပင်ပန်းစွာနဲ့
    တိုင်ကိုင်ရမှာ.......ဆိုတော့ မလျော့နဲ့ ကြိုးစား
    ထား ကိုယ့်ဆရာ.... ဟိုင်းရားး ယောကျာင်္းဘသား ကွ

    ReplyDelete

Blogger Template by Clairvo