Labels

အတန်းပညာ




မနေ့ညက အိမ်အပြန် ရထားပေါ်တွင် နေရာလွတ်တခုတွေ့၍ ၀င်ထိုင်ဖြစ်သည်။ ဘေးတွင် မြန်မာ အမျိုးသမီးကောင်မလေး နှစ်ယောက် စကားပြောနေသည်ကို ကြားနေရသည်။ သူတို့ စကားတွေကို ကြားရတော့ ရင်ထဲမှာ မကောင်းပေ။ မသိသလိုနဲ့ မျက်လုံးအစုံကို ပိတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်ပါသည်။ တယောက်မှာ အသက်အရွယ်အားဖြင့် ကျနော်နှင့် ရွယ်တူလောက်တာ ရှိပေဦးမည်။ နောက်တယောက်မှ ကျနော်ထက်ပင် ငယ်ဦးမည်ဟု ထင်မိပါသည်။ ဘ၀ကို ဖြတ်သန်းနေပုံများ ချီးကျူးစရာပင်ဖြစ်သည်။ ကိုယ့်ဟာကို ပြန်သုံးသပ်မိပါတယ်။ တနေ့တနေ့ ဘာမှ မတိုးတက်လာပဲ အလုပ်ကပြန် ပင်ပန်းသည်ဟုဆိုကာ အချိန်တွေကို အလကားဖြုန်းနေမိသည်။ သူတို့လိုများ လုပ်ရလျှင်ဖြင့် သေဖို့တာ ရှိပေမည်။ သြော် ခက်ခဲလှကြမ်းတမ်းလှတဲ့ ကျနော်တို့ မြန်မာတွေ ဘ၀ပါလား… ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဖြစ်နေသည်။ ထိုသူနှစ်ယောက် ဆိုသည်ကား ကျောင်းသူလေး နှစ်ယောက်ပင်ဖြစ်သည်။

ကျနော် Bugis MRT ကနေ အပြန် ကြားခဲ့ရတဲ့ အဖြစ်လေးပါ။ သူတို့နှစ်ယောက်လုံး ကျောင်းတက်နေကြသည်။ မိဘဆီက ငွေကို ပြန်မတောင်းချင်တော့ အလုပ်တွေ အချိန်ပိုင်း အလုပ်တွေ လုပ်နေကြရသည်။ ဘယ်လောက် ပင်ပန်းမည်နည်း။ ဘယ်သူမှ သူတို့ကို စာနာသနားပေးမည်သူ မရှိကြဘူးလား မသိ။ သူတို့ရဲ့ ပင်ပန်းမူတွေ စိတ်ဆင်းရဲမူတွေကို တယောက်နှင့် တယောက် ရင့်ဖွင့်နေသည်ကို ဘေးက ကျနော် ကြားနေရသည်။ ဒီမှာ အတွေးတခု ၀င်လာသည်။ ပညာရေး…………


ပညာရေး………. ကျနော်တို့တိုင်းပြည်မှာ ပညာတတ်လူတန်းစားတွေ များသည်။ ကျနော်နားလည်သလောက် ပညာဆိုသည်မှာ အတန်းပညာ၊ လက်မူပညာဆိုပြီး (၂) ခု ရှိသည်ဟု နားလည်ပါတယ်။ ဒီမှာ ကျနော်တို့ တိုင်းပြည်ကလူတွေက အတန်းပညာထက် လက်မူပညာကို ပိုမိုအောင်မြင်တတ်မြောက်ကြသည်ဟု ထင်ပါသည်။ အတန်းပညာဆိုတာ တကယ်တန်း တတ်မြောက်လျှင် သေချာကျွမ်းကျင်လျှင် ဘ၀အတွက် အာမခံချက်ပေးသော ပညာရပ်တခုဖြစ်ပါသည်။ အတန်းပညာတန်းမြောက်ပြီး လက်မူပညာ၊စီမံမူတွေ တတ်သူတယောက်အနေနဲ့ ဘ၀မှာရုန်းကန်ရတာ ပိုမိုအဆင်ပြေ ချောမွေ့မည်ဟု ယုံကြည်ပါသည်။ ဒီအတွက် ကျနော်တို့ ပညာကို ကြိုးစားသင်ယူလာကြရတာပါ။ ကျနော်တို့ကော သင်သလောက် တတ်သလား…….

ဒီမှာပြောစရာရှိတာက ကျနော်တို့ကို သင်ပေးတဲ့ ဆရာ၊ဆရာမတွေကို အပြစ်မဆိုပါ။ သူတို့ကျေးဇူးကြောင့်ကျနော်တို့ ဒီဘ၀ကို ရောက်ခဲ့ရပါသည်။ ဒါပေမဲ့ ကျနော်အမြင် ပညာရေးစနစ်ကို ပြင်ဖို့တော့ လိုအပ်သည်ဟုထင်မြင်မိပါသည်။ ဆိုလိုသည်က ကျနော်တို့ Physic နဲ့ ကျောင်းပြီးသွားလျှင် သူနဲ့ သက်ဆိုင်တဲ့ အလုပ်ကို ၀င်ဖို့ လိုအပ်ပါသည်။ ခုဟာက ကျနော်တို့ ရတဲ့ဘွဲ့နှင့် လုပ်နေရသည့် အလုပ်နှင့်က တခြားဆီ ဖြစ်နေပါသည်။ ဒီအတွက် ကျနော်တို့မှာ သူများတိုင်းတပါးများထက် ပိုမိုရုန်းကန်နေရတာတွေ့ရပါတယ်။ တကယ်တမ်း သူများနိုင်ငံမှာ အလုပ်လာလုပ်မယ်ဆို ဘွဲ့တခုကတော့ မရှိမဖြစ် ယူထားမှ ရမယ်ဆိုတာ အတော်များများ လက်ခံကြပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ငန်းခွင်ဝင်နဲ့ သက်ဆိုင်တဲ့ ဘွဲ့မျိုးဆိုလျှင်ပို အဆင်မပြေဘူးလား…

အထက်ကပြောသွားတဲ့ ကောင်မလေးနှစ်ယောက်မှာ တယောက်က Engineer နဲ့ ကျောင်းပြီးသွားပြီး ခု စင်ကာပူမှာ Account တက်နေသည်တဲ့။ ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲလို့ ကျနော်တွေးမိသည်။ သူများနိုင်ငံတွေက လူတွေက တကယ်တတ်ကြသည်။ ဒီလိုဆိုလို့ ကျနော်တို့နိုင်ငံက လူတွေကို မတတ်ဘူးဟု မဆိုလိုပါ။ ကျနော်တို့တွေက လမ်းကို အလွယ်လိုက်ကြတာများသည်။ ကျနော်ကိုယ်တိုင်ပင်ဖြစ်သည်။ ဥပမာ ကျနော်နှင့်သက်ဆိုင်သည့် Computer Exam မေးခွန်းအဖြေများကို ကျနော်တို့ အင်တာနက်ကနေပြီး ယူသည် ပြီးရင် မေးခွန်း ၃၀၀ လောက်အလွတ်ကျက်သည်။ စာမေးပွဲ ဖြေသည် အောင်သည်။ ဒါဆို Microsoft ကပေးသော လက်မှတ်ဆိုတာကြီး ရသည်။သူများနိုင်ငံကလူတွေ ဒီလိုမလုပ်ဘူးလားဆိုတော့ သူတို့လဲ ဒီလိုမေးခွန်းတွေ ကျက်တာပါပဲ။ ဒါပေမဲ့ သူတို့တွေက Lab တခုချင်းကို ကျေညက်အောင် လုပ်ကြသည်။ ဒီအတွက် အလုပ်တွင် အခက်အခဲဆိုတာ သိပ်မရှိ၊ ကျနော်တို့ကတော့ စာအုပ်ကြီးအတိုင်း ကျက်ဖြေကြသည်။ အလုပ်တွင် အခက်အခဲ ရှိသောအခါ ဘာမှ မလုပ်တတ်တော့….

ဒီတော့ အခြေခံ အကြောင်းတရားတွေကို ပြန်ကောက်ကြည့်လိုက်တော့ ကျနော်တို့ဘာလို့ မေးခွန်းကို ကျက်ဖြေလုပ်တာတုန်း။ ဘာကိုထပ်တွေ့ရသလဲဆိုတော့ ကျနော်တို့အတွက် စမ်းသပ်စရာ Resource တွေက ဘယ်မှာတုန်း…. သာမန်ပြည်သူတယောက်အနေနဲ့ ဒီလိုတန်ဖိုးကြီးတွေကို ၀ယ်ပြီး စမ်းသပ်နိုင်မလား… ဥပမာ အင်ဂျင်နီယာ တယောက်အတွက် သူအတွက် လုံလောက်တဲ့ လေကျင့်မူတွေ ရခဲ့ရဲ့လား… လေ့ကျင့်မူဆိုတာ စာတွေ့ထက် လက်တွေ့ကို ပိုဆိုလိုတာပါ။ ဒီတော့ ကျနော်တို့ ဘာလိုအပ်နေလဲ စာဖတ်သူ မြင်နိုင်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ မကြိုးစားကြတော့ဘူးလား…. ဒီအတိုင်း ကျနော်တို့ ထမင်းစားလို့ရရုံလေးကို ကျေနပ်နေသင့်သလား…..


ဆက်ပါဦးမည်… စိတ်ထဲက ခံစားချက်များ ဖြစ်ပါသည်။ လွတ်လပ်စွာ ကွဲလွဲနိုင်ခွင့် ရှိပါသည်။


မှတ်ချက်။ ။ ပုံကို ကျနော် ဖြတ်ညှပ်ကပ် လုပ်ပါသည်။ ဒီက ယူထားပါတယ်။


လေးစားလျက် တောင်ပေါ်သား


12 comments:

  1. ကိုတောင်ပေါ်သားကတော့ ရန်ကုန်ဘူတာကို ပြန်စိုက်ပြန်ပြီ။ :)

    ReplyDelete
  2. Microsoft Exam ဆိုလို့ တောင်ပေါ်သားကလဲ ပလုံဂလွမ်ဆရာဘဲလား။ ကျွန်တော့် သူငယ်ချင်း ဘီးအီးမိန်းခလေးတစ်ယောက်လဲ ဒီလိုဘဲ အလုပ်လာရှာရင်း မပြန်ချင်လို့ အကောင့်တက်နေရပါသဗျား။

    ReplyDelete
  3. အားကျထှာ သူရို့တွေကျတော့ ရုံးကနေ ပို့စ်တင်နိုင်တယ်။

    ReplyDelete
  4. ဟဟ..ဟုတ်ပါ့..ကိုတောင်ပေါ်သားရေ..
    ပြောထည့်ပလိုက် ပြောထည့်ပလိုက်..ဟွန်း..။

    ReplyDelete
  5. ကိုတောင်ပေါ်သားရေ သူများနိုင်ငံကတော့ပြောရရင် ပညာရေးမှာ တကယ်တတ်တာများပါတယ်. ကိုယ့်နိုင်ငံကို စော်ကားတာတော့မဟုတ်ပါ ဒါပေမယ့် ..

    ReplyDelete
  6. ဟုတ်ပါတယ်... ခတ်ခဲတယ်နော် ... ကြားရတာစိတ်မကောင် စရာ.... ငါတို့ မြန်မာ...း)

    အဆိပ်ခွက်

    ReplyDelete
  7. ကျနော်ကိုယ်တိုင် ကိုယ့်နိုင်ငံမှာဘွဲ့ရထားပါရက်နဲ့
    ဒီနိုင်ငံမှာသင်ထားတဲ့ပညာနဲ့ဘာမှမဆိုင်တဲ့အလုပ်တွေ
    လုပ်နေရတာကိုပဲကြည့်တော
    အဲလောက်ထိ
    ဆက်ပြောနေရင်ရင်မောတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  8. ဆရာရယ်
    ကျနော်လဲ ရထားတဲ့ဘွဲက ဥပဒေ၊ လုပ်နေတဲ့ လုပ်ခဲ့တဲ့အလုပ်တွေ့ တိုးရစ်စ်ဂိုက်နဲ့ အခု duty free လေ။ ဘာမှကို မဆိုင်ဘူး။ ကျနော်လဲ ရှေ့နေ၀တ်စုံတော့ ၀တ်ချင်တာပေါ့နော်။ ဒါပေမယ့်လဲလေ...။

    ReplyDelete
  9. ဟုတ်ပါ့ဗျာ။ မြန်မာပြည်က Education System ဆိုတာ...ထမင်းစားရရုံလေးတောင်အနိုင်နိုင်.....

    ReplyDelete
  10. ဟုတ်ပါ့ ကိုတောင်ပေါ်သားရေ ပြောစရာတွေကတော့ အများကြီးပဲဗျို့ ။ ဒီလိုပို့စ်မျိုးလေးတွေ ကြိုက်တယ်ဗျာ... ဆက်ရေးပါဦးဗျို့

    ReplyDelete
  11. ဘာမှ မပြောတော့ဘူး ဆိုတဲ့ အကြောင်း လာပြောတာပါ။
    ကျွန်မ Electronics နဲ့ ပြီးပါတယ်။ Civil Work မှာ လုပ်ပါတယ်။ မနေ့က ၀ါယာကြိုး အပြတ်တချောင်း ပလက်ဖောင်းပေါ်မှာ တွေ့တာ လန့်ပြီး ခုန်မိတော့မလို့။

    ReplyDelete
  12. မှန်တာပြောမယ် ရွာကဘွဲ့တွေတော့ လုံးဝ
    အထင်မကြီးပါ။

    ReplyDelete

Blogger Template by Clairvo