မိဘတွေဟာ ကိုယ့်မွေးတဲ့ သားသမီးတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ပစ်ထားရ ပစ်ထားရ သားသမီးတွေကို ရင်ထဲက ချစ်ကြတာပါပဲ။ ဒီတော့ သားသမီးတိုင်းက မိဘတွေကို အပြစ်မဆိုသင့်ပါဘူး။ ဆရာကြီး ဦးသုခပြောသလိုပါပဲ မကောင်းတဲ့ အမေဖြစ်နေပါစေဦးတော့ အမေဟာ အမေပါပဲ။ ကျနော် ပတ်ဝန်းကျင်တခုမှာ မြင်ခဲ့ရတာလေးတွေပါ။ ကျနော် ငယ်စဉ်က တူတူပေါင်းသင်း၊ ဆော့ကစားခဲ့တဲ့ ကျနော်အပေါ် ညီအကိုလို သဘောထားတဲ့ အကိုတယောက်ကို ခုတလော သတိလေးရသွားမိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ကျော်ပေါ့။ သူမှာ ညီမလေးတယောက်လဲ ရှိသေးတယ်။ သူမိဘတွေက သူတို့ မောင်နှမအပေါ် တာဝန်မကျေဘူးလို့ မြင်ရင် မြင်လို့ရတဲ့ အနေအထားပေါ့။ အဖေက အချိန်ရှိရင် အရက်သောက်တယ် အမေက သူများအိမ်တွေမှာ အ၀တ်လိုက်လျှော်ပေးရတာပေါ့။ သူတို့အမေကတော့ သားသမီးတွေအပေါ်မှာ တာဝန်ကျေပါတယ်။ ရတာလေးနဲ့ ရှာကျွေးရတာပေါ့။ ဒါပေမဲ့ အရက်သမားတို့ ထုံးစံအတိုင်း မူးလာရင် မိန်းမကိုလဲ မသိ အရိုင်းစိတ်တွေ ၀င်လာပြီး ကန်ကျောက်ရိုက်နှက် နေတတ်တာပါ။
မနက်မိုးလင်းတာနဲ့ သူတို့သားသမီး (၃)ယောက် ကျနော်တို့အိမ်ကိုရောက်လာတတ်ပါတယ်။ အဒေါ်ကတော့ လုပ်စရာရှိတာလေးတွေ ကူလုပ်ပေး အကိုကတော့ ကျနော်တို့နဲ့ ဆော့ဖော်ဆော့ဖက်ပေါ့။ မနက် ၉နာရီကျော်ရင် မနေကအရှိန်မသေနိုင်သေးတဲ့ ခြေလှမ်းနဲ့ မိန်းမဆီကပိုက်ဆံတောင်းဖို့လာတဲ့ သူအဖေကို ကျနော်တွေ့နေကြပါ။ ပိုက်ဆံများမရရင် လူသူရှေ့မရှောင် ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ လင်ဆိုးမယားဆိုတဲ့ စကားအတိုင်းပါပဲ နောက်ပိုင်း ပတ်ဝန်းကျင်က သူတို့သားအမိလေးကို သနားတော့လဲ လင်လုပ်သူကိုမုန်းတီးတဲ့စိတ်ကြောင့် ပေးကမ်းသူတွေ လျှော့နဲလာပါတယ်။ နောက်ဆုံး လင်လုပ်သူရဲ့ ရက်စက်မူကို မခံနိုင်တဲ့မိန်းမတယောက်အတွက် ဘ၀ပေးအတွက် သင့်တော်မဲ့ နောက်အမျိုးသားတယောက်နောက်ကို လိုက်ပြေးသွားတာပါပဲ။ ဒီမှာ အမေလုပ်သူရဲ့ဘ၀ခိုင်မာသွားခဲ့ပေမဲ့ ဖခင်အရက်သမားတယောက်ရဲ့ အုပ်ထိန်းမူအောက်မှာ ရောက်ရှိသွားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး
ဒီလိုနဲ့နောက်ဆုံး သားသမီးတွေဟာ ဖခင်ကိုချစ်ပေမဲ့ ဖခင်တာဝန်မကျေပွန်တဲ့လူတယောက်ကြောင့် မိသားစုတခုလုံး အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာပါပဲ။ ကျနော်သိတဲ့ အကိုလဲ မိုင်ရှူးပဲ တက်သွားသလိုလိုနဲ့ ညီမဖြစ်သူလဲ ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိအောင် ဖြစ်သွားရပါတယ်။ ပြုစုသူမရှိတဲ့ ဖခင်တယောက်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်လို့ မနက်အိပ်ရာထတာနဲ့ လိုက်တောင်းစား ပြီးရင်ရသလောက် သောက်စားပြီး နောက်ဆုံးဘ၀ကူးမကောင်းခဲ့ပါဘူး။ ဒီအချိန်မှာ အဲ့အကိုတို့မောင်နှမကို ပြန်တွေ့ရင်တောင် ကျနော် မမှတ်မိနိုင်ပါဘူး ခုတလော သတိရနေမိနေတာပါ။
လူတယောက်ကိုချစ်မိရင် သူ့ကိုချစ်နေမိကြောင်း ဖွင့်ပြောပြဖို့လိုပါသလား.. ဆိုလိုတာကချစ်သူသမီးရည်းစားတွေဖြစ်စေ၊ မိဘနဲ့သားသမီးပဲဖြစ်စေ ချစ်တာကြီးကိုဖွင့်ပြောပြဖို့လိုအပ်လား ချစ်သူသမီရည်းစားအများစုကတော့ တယောက်နဲ့တယောက် ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း ပြောဆိုသည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သူစိမ်းနှစ်ယောက် အမြင်မတူတဲ့ လူနှစ်ယောက် စိတ်ဓါတ်ချင်းပေါင်းစပ်ကြဖို့ ပထမဆုံးအခြေံသည်ကာ ဤစကားလုံးပဲဖြစ်နေပေမည်။ ဒါမှလဲ သူတို့အချင်းချင်းညှိုနှိုင်း နားလည်မူတွေရမှ ပေါင်းစည်းနိုင်ပေမည်။ သို့ဖြစ်၍ ချစ်သူ သမီးရည်စားများအကြားတွင် ဤစကားသည် လိုအပ်ပေနေပေမည်။
မိဘနှင့်သားသမီးကြားတွင်က ဒါတွေ လိုအပ်ပါသလားဟု ထပ်ကွန့်တွေးနေမိတော့ သားသမီးနှင့်မိဘများသည် တူတူနေကြသည်၊ တအိမ်ထဲတွင်နေကြသည်၊ သွေးသားတော်စပ်၍ နီးစပ်မူပိုများပေသည်။
သို့အတွက် မိဘကလဲ သားသမီးအပေါ် အချစ်ကြီးသလောက် ပါးစပ်ကဖွင့်ပြောကြသည်မှာ ရှားပေသည်။ သားသမီးများအတွက်ဆိုပိုလို့ပင်ဝေးနေပေမည်။ မိဘတွေကိုကျနော်တို့ ချစ်ကြောင်း ဒီလိုဝေးကွာနေတဲ့အချိန်မှာ သတိရသည်၊ ဘလော့တွေမှာ ဖော်ပြနေကြသည်။ တကယ်တမ်း ကျနော်သေချာ စဉ်းစားကြည့်မိတော့ ကျနော်တို့ မိဘတွေနဲ့ နီးနေတဲ့အချိန်မှာ မိဘတွေမျက်နှာကို သေချာကြည့်ပြီး အမေ့ကို အရမ်းချစ်ပါတယ် ဆိုပြီးပြောဖူးကြသလား။ ကျနော်တခါမှ ဒီလို မပြောခဲ့ဖူးပါဘူး။ ဒီတခေါက် ပြန်ဖြစ်ရင်တော့ အမေ့မျက်နှာလေးကို ကြည့်ပြီး အမေ့သား အမေ့ကို ချစ်ကြောင်းပြောဖြစ်အောင် ကြိုးစားကြည့်ပါဦးမယ်။ ကျနော် မြင်ယောင်နေမိတယ် အမေတော့ မျက်ရည်လေးဝဲလို့နေမှာကိုပေါ့ စာဖတ်သူအသင်ကော ဒီလိုပြောဖူးသလားဗျာ.....
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
အချစ်ဆုံးအမေသို့
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ပြောဖူးတယ်။
ReplyDeleteအမေက ခဏခဏမေးလို့ပါ။
ညီလေးပြောသလိုတော့ တစ်ခါမှ
မပြောဖူးဘူး။
ကိုယ်နဲ့ အမေနဲ့ က သူငယ်ချင်းတွေလိုပဲ။
ပွင့်ပွင့်လင်းလင်းပဲ။
ခုတလော စိတ်လေ နေတာနဲ့ အမေဆီတောင်
ဖုန်းမဖက်ရသေးဘူး။
ဒီတစ်ခါပြန်ရင်ပြောကြည့်ပါ။
အမေ့ရင် ထဲဘယ်လောက်တောင် ဝမ်းသာ
နေလိုက်မလဲ ဆိုတာတွေးကြည့်ရင်နဲ့ကို
ပျော်ပါတယ်ကွာ
ချစ်တဲ့
ကိုရီနို
ရင်ထဲကပဲ ကြိတ်ချစ်ခဲ့မိတယ်။ အဖေကလဲ အမေ့ကိုချစ်တယ်လို့ ပြောတာ မကြားဖူးဘူး။ အမေက လဲ သားသမီးတွေကို ချစ်တယ်လို့ ပြောတာ နားမထောင်ဖူးဘူး။ မေတ္တာကို ဖေါ်ပြ တတ်ဖို့ လိုတာ အမှန်ပါ...... ပြောဖြစ်အောင် ပြောဦးမယ်။
ReplyDeleteမပြောဘူးပါဘူး ပြောရမယ့်သူလည်းမရှိလို့ပါ..
ReplyDeleteပြန်ရင်ပြောကြည့်ပါမည်
ReplyDeleteအမေ ဘယ်လိုနေမည်မသိသော်လည်း တွေးပြီးရင်ခုန်နေပါပြီ
အမေ အရိပ်ကိုအမြန်ပြန်ရောက်ချင်နေပါသည်
အမေ့အလွမ်းတွေ ဖြေမဆည်နိုင်အောင်ရှိနေပါသည်
ငါ့အစ်ကို..တည်တည်တံ့တံ့နဲ့ ပြောဆိုနေတာ အခုပထမဆုံးမြင်ဖူးတာပဲ.. ဟီးဟီး
ReplyDeletei did,,, i told my mom last 'mother day' for the first time :P :P :P
ReplyDeleteဘာပဲဖြစ်ဖြစ် သားလိမ္မာလေးအတွက် ဂုဏ်ယူပါတယ်...
ReplyDeleteအမေချစ်သား လေးထင်ပါရဲ့ဗျာ
ReplyDelete“အချစ်ဆုံးအမေသို့” ကဗျလေးကို ဖတ်မိလို့ 
ReplyDelete`“အမေ” ကို ထပ်ပြီးသတိရသွားပြန်တယ်..။
မောင်နှမ နှစ်ယောက်အကြာင်းသိရလို့ 
စိတ်မကောင်းဖြစ်မိတယ်..။
ပျော်ရွှင်ပါစေ..။
..........စည်သူ။