အရင် တင်ဖူးခဲ့တဲ့ စာသားလေးတွေပါ။ ဖတ်ပြီး သဘောကျတာနဲ့ ပြန်တင်လိုက်တာပါ။ (ဆားချက်တယ်လို့ ပြောလဲ ရပါတယ်)
မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။
အချက်(၄)ချက်ပေါ်တွင် မာန်မာန မထားပါနှင့်။
(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား
အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။
(၁) မည်သူ့ကိုမှ ဘုရားသခင်နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင့်။
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ပြန်လည် မျှဝေခြင်း
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ခုမှ ဖတ်တော့အသစ်ပေါ့
ReplyDeleteမှတ်သားသွားပါတယ် ပေါ်ပေါ်
ချစ်တဲ့
ဖိုးစိန်
တကယ်ကို မှတ်သားစရာ အချက်အလက်တွေပါ..
ReplyDeleteမီးဖိုခန်းထဲက စာတွေမလား..
ReplyDeletePak Karamu reading your blog
ReplyDeleteဖတ်မှတ်သွားတယ်ကွယ်
ReplyDeleteချစ်သူသို့လေး ဆက်အုံး
ခင်မင်စွာဖြင့်
သီဟသစ်
ညီလေး ရေ မှတ်သားသွားပါတယ်ကွာ
ReplyDeleteကိုရီနို
ကောင်းတယ်ကိုတောင်ပေါ်သားရေ
ReplyDeleteအခုတလောစိတ်တွေက မငြိမ်နေတာနဲ့ အတော်ပဲ
စိတ်အားဆေးလေးတစ်ခွက်ပေါ့
ကျေးဇူးတင်ပါတယ်။
ကိုတောင်ပေါ်သားရေ ကြိုဆိုပေးတာ ကျေးဇူးပါ။ ဒီပို့စ်လေးထဲက "အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်" ဆိုတဲ့စာကြောင်းလေးက အခုချိန်မှာ ကိုယ့်အတွက် အသုံးဝင်နေလို့ အသေအချာကြီးကို မှတ်သားသွားပါတယ်။
ReplyDeleteသေသေချာချာလေး မှတ်သွားပါတယ်။ ဆားချက်တယ်ဆိုပေမယ့် မဖတ်ရသေးတော့ အသစ်ပေါ့နော်။ ကျေးဇူးတင်ပါတယ်။ ခင်မင်လေးစားလျှက်
ReplyDeleteညီမလေး ပါးလုံး
သေသေချာချာ ဖတ်မှတ်သွားတယ်။
ReplyDeleteတော်တယ် ကြီးတော်ရဲ့ တူလို့ မပြောရဘူး။ :)
ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်တဲ့...
ReplyDeleteအခုတော့
တောင်ပေါ်သားပြန်တော့ မှတ်သားစရာ ကျန်တာပေါ့...
မှန်တယ်လို့ပဲ ပြောရမှာပဲ။ ဘ၀မှာ ဒဿန တွေကလည်း အများသားနော်...
ReplyDeleteလိုက်နာ ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ် ..း)
ReplyDeleteအဲဒီအတိုင်း ကျင့်သုံးနိုင်ပြီဆိုရင်တော့ စိတ်တွေ တော်တော် လွတ်လပ် ပေါ့ပါးနေမှာပဲ
အမြဲနေနိုင်ဖို့ကလည်း မလွယ်သေးဘူးနော် ..း))
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။
ReplyDeleteဒီစာသားလေးသဘောကျဆုံးပဲ။ တစ်ပုဒ်လုံးက မှတ်သားစရာတွေကြီးပါပဲ။ ကောင်း၏
ခင်မင်ခြင်းနှင့်
တလနွန်
မှတ်သားလောက်ပါတယ်။ အရာအားလုံးကို လိုက်နာနိုင်ဖိုတော့ တော်တော် ကြိုးစားရမှာပေါ့။ မလွယ်ဘူးနော်။
ReplyDeleteခင်တဲ့
မရောင်
Great post..Happen to visit your blog quite often because you write about Taunggyi and I miss Taunggyi too.Cheers..:)
ReplyDeleteမည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။<--- အရမ်းမှန်တယ်.. ကြိုးစားနေတုန်းပဲး-)
ReplyDeleteမှတ်သားစရာပါပဲဗျာ။ =)
ReplyDeleteပြောသာပြောတာပါဗျာ လူတွေက အဲဒီစည်းကမ်းချက်တွေနှင့် တခုမှ မလွတ်ကြပါဘူးဗျာ။
ReplyDelete