မမျှတတဲ့ကံကြမ္မာရဲ့ ရိုက်ချက်တိုင်း
ငါအလူးအလဲနဲ့ ခံနိုင်ခဲ့တယ် ရုန်းထခဲ့တယ်
ဒါပေမဲ့ မင်းရဲ့ပျော့ပျောင်းတဲ့ ရိုက်ချက်လေးတခုကိုတော့
ငါမခံနိုင်ခဲ့ဘူးလေ အလူးအလဲနဲ့ ကျရှုံးခဲ့ရတယ်
ချစ်သူ.....
ဘ၀နှစ်ခုကို ပေါင်းစပ်ဖို့
ချစ်ခြင်းတွေလိုအပ်သလို သံယောဇဉ်တွေလည်း
လိုအပ်နေတယ်ဆိုတာ ငါယုံကြည်နေဆဲပါ
ဘာလို့များ မင်းမယုံကြည်ချင် ဟန်ဆောင်နေခဲ့တာလဲ
ချစ်သူ.....
ပျော်ရွှင်နေခဲ့တဲ့ ဟိုအချိန်တွေကို
တမြေ့မြေ့တွေးပြီး ခံစားနေရတာ
ယောင်ချာချာ တယောက်ထဲ အထီးကျန်နေခဲ့တာ
မင်းမသိချင်ဟန်ဆောင်နေတာလား
ချစ်သူ.....
မင်းအတွက် နှလုံးသားတခုကို အရင်းတည်လို့
အချစ်တခုကို ငါမွေးဖွားခဲ့ရတာပါ
လိုအပ်ချက်တိုင်းဟာ ငါ့အပြစ်တွေပဲလား
ငါကိုယ်တိုင်လဲ သေချာမသိခဲ့တော့ဘူး
ချစ်သူ.....
အချစ်အတွက် သတ္တိတွေ မွေးဖွားခဲ့တယ်တဲ့
ဘယ်စာဆိုက မိန့်ကြားခဲ့သလဲ
မင်းနဲ့ငါတို့ နှစ်ယောက်ကြားမှာ လိုအပ်ခဲ့တာ
အဲ့ဒီမိန့်ခွန်းလေး တခုတည်းပါ
ချစ်သူ......
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ချစ်သူသို့ ၎
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ပျော့ပျောင်းတဲ့ ရိုက်ချက်လေးက နှလုံးသားတည့်တည့်ကို ရိုက်မိသွားလို့လာ....
ReplyDeleteမယုံကြည်တာမဟုတ်ပါဘူး
ခံနိုင်ရည်ရှိမရှိ စမ်းသပ်နေတာပါ...
ဟန်ဆောင်နေတာ မဟုတ်ပါဘူး
ယောင်ချာချာနဲ့ အထီးကျန်တဲ့ ဘဝ ရှိတာချင်းတူနေတာကို နားလည်စေချင်တာပါ
ပျော်နေတယ်မထင်ပါနဲ့..
ဟန်ဆောင်နေတယ်မထင်ပါနဲ့..
မသိချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး...
နေတတ်အောင်သင်ပေးနေတာပါ....
ပေါ်ပေါ်ရေ... စိန် အရမ်းခံစားရပါတယ်...
စိန်ဆုံးဖြတ်လိုက်ပါပီး... ပေါ်နဲ့ အမြန်ဆုံးနီးစပ်နိုင်ဖို့..
ပေါ့်အနားကို အရောက်လာခဲ့မှာပါ
စိတ်ဓာတ်တွေမကျနေပါနဲ့။။။။။။း))))
ချစ်ခင်စွာဖြင့်
ဖိုးစိန်း)
အဟေဟးးးး တစ်တောင် ရလိုက်သေးတယ် ဗျ
ReplyDeleteကဗျာလေးကို ဘာမှမဝေဖန်ပဲ အေးဆေးပဲ ဖတ်ရူသွားတယ်ဗျို့
ReplyDeleteအရေးအသားပြေပြစ်တဲ့
ReplyDeleteကဗျာကောင်းတစ်ပုဒ်ပါရှင်
ဆက်လက်အားပေးနေပါတယ်
ချစ်သူအတွက်ရေးထားတဲ့ကဗျာလေးကို
ReplyDeleteမဆီမဆိုင် လာခံစားသွားပါတယ်။
ပျော်ရွှင်ပါစေ။
ချစ်သူ အတွက်တွေ များလှချည်လာ အချစ်မရှိတဲ့ အစ်ကို ကြီးက ရေးလှချီလာ အမယ် တွေ့နေပြီနဲ့တူတယ်... အဟက်အဟက်..
ReplyDeleteကြိုးစားထားနော်.. အဟက်
ခင်မင်လျှက်
အဆိပ်ခွက်
အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ
ReplyDeleteညီလေး ပေါ်ပေါ်ရေ
ReplyDeleteမအားလို့ ခုမှရောက်တယ်။ ခုလည်း အားလို့
မဟုတ်ဘူး အိပ်ချင်နေပြီ။
ချစ်သူ အတွက် ဆိုလို့ လာခဲ့တာ။
ကောင်းလိုက်တဲ့ ရိုက်ချက် မိုက်တီးတောင်
အရှူံးပေးရတော့မယ်ထင်တယ်။
လောကကြီးမှာ အဆိုးနဲ့ အကောင်းဒွန်းတွဲနေတယ်။
ညီလေးက အဆိုးပဲတွေးနေတော့ အကောင်း
တွေကြီးပဲ ရမှာသေချာတယ်။(ချစ်သူ)
အားပေးနေတယ် (၅) ကို မျှော်နေတယ်လို့တော့
မပြောချင်တော့ဘူး။
ရင်ထဲမှာ ရှိနေအုံးမယ် ဆိုရင်တော့
ဖတ်ချင်သေးတယ် ညီ။
ကိုရီနို
အင်း
ReplyDeleteအဟမ်း အဟမ်း
အိပ်ချင်ပြီ ဘာမှမပြောတော့ဘူး နောက်မှ လာပြောမယ်
သြော်
ReplyDeleteကိုဖိုးစိန်က အမြန်ဆုံးလာပါတော့မယ်တဲ့
အားမငယ်နဲ့တော့နော် :P
ပျော်ရွှင်စွာ တသက်လုံးပေါင်းဖက်နိုင်ပါစေလို့ လာဆုတောင်းတယ်နော်။ အဆိပ်ခွက်အိမ်မှာတွေ့လိုက်လို့ အပြေးလာတာ။ နွေးနွေးရေ လှတယ်နော့။
ReplyDeleteအဟား တူတော်မောင်ရေ ဂျီးတော် မှားပကော့ ။။နွေးနွေးအိမ်နဲ့ မှားပြီ မန့်လိုက်တာ။ sorry ဗျို့.
ReplyDeleteအဲ..တူတော်မောင်ကိုလဲ မြန်မြန်အဆင်ပြေပါတော့နော်။ ကြီးတော်လဲ အမွေတွေလက်ဖွဲ့ချင်နေပြီ။ :)
ပေါ်ပေါ်မှာ အချစ်မရှိဘူးလို့ ဘယ်သူပြောလဲ အဆိပ်ခွက်ရေ...ကို့ညီ အကြောင်းကိုသိတာပေါ့ကွ...သူကဗျာတွေဟာ သူ့ခံစားချက်တွေပဲလေ...ဟုတ်လားညီငယ်တောင်ပေါ်...
ReplyDeleteကဗျာတစ်ပုဒ်လုံးဟာ နှလုံးသားနဲ့ရေးထားတာမို့လို့ ဖတ်လို့ကောင်းတယ်...ခံစားရပါတယ်ဗျာ