
ကျနော်တို့ဘ၀တွေဟာလဲ ဆရာအော်ပီကျယ် ရေးခဲ့တဲ့ ကာတွန်းလေးလိုပါပဲ။ လူဘ၀မှာဘယ်အရာမှ ကြိုတင်မမှန်းနိုင်သလို မှန်းသလောက်လဲ အရာမရောက်နိုင်ခဲ့ပါဘူး။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး ရပ်တည်ကြိုးစားသွားရင်တော့ဖြင့် တနည်းတဖုံတော့ ပြောင်းလဲသွားနိုင်ပါတယ်။ 
ကာတွန်းလေးရဲ့အောက်နားမှာ ဆရာရေးခဲ့သလို "နှမ်းထွက်ဆိုတာ မျိုးစေ့တင်မက ရေ၊မြေ၊ရာသီဥတု စတာတွေပေါ်မှာလည်း တည်တယ်။ ပြုစုပျိုးထောင်ပေးနိုင်မူကလည်း အရေးကြီးတယ်" မျိုးစေ့တိုင်းဟာ ဘယ်လောက်ပင်ကောင်းကောင်း မျိုးစေ့ သန့်သန့် ပေါက်ဖွားရာ ရေ၊မြေ၊ရာသီဥတုပေါ် မူတည်ပြီး ရှင်သန်ကြီးထွားကြတာပါပဲ။ ဒါကြောင့်လဲ ကျနော်တို့မျိုးစေ့လေးတွေ ကောင်းမွန်စွာပေါက်ဖွားရှင်သန်ဖို့က ကျနော့်တို့အပေါ်မှာ အများကြီးမူတည်နေပါတယ်။ အရေးအကြီးဆုံးက မျိုးစေ့လေးတွေ ပေါက်ဖွားရှင်သန်ဖို့ ရေ၊မြေ၊ရာသီဥတု ကောင်းဖို့ အလွန်ကို လိုအပ်ပါတယ်။ သင်ကော အဲ့လိုကောင်းမွန်တဲ့ ရေ၊မြေ၊ရာသီဥတု ပိုင်ဆိုင်ပြီးပြီလား.. မဟုတ်ရင်တော့ သင့်မျိုးစေ့လေးတွေ သင်မှန်းသလောက် နှမ်းထွက်ကိုက်မှာ မဟုတ်ပါဘူး.... မပိုင်ဆိုင်သေးဘူးဆိုရင် သင် မကြိုးစားတော့ဘူးလား.........
မှတ်ချက်။ ။ ပုံလေးကို Mutdfanဆိုဒ်မှ ယူသုံးပါတယ်။
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
မှန်းချက်နဲ့ နှမ်းထွက်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
အလုပ်တွေ တယ်ရှုပ်ပဲ
ReplyDeleteအပြေးကို တင်ရတယ်နော် :P
ဘာမှမလုပ်လိုဘူး
ReplyDeleteပြုစုပျိုးထောင်ပေးရမယ်
အထွက်တိုးအောင် လုပ်ရမယ်
ကဲ ကတောင်ပေါ် ဘာဆက်လုပ်မလည်း
ကိုတောင်ပေါ် မြောက်ပေါ်လေးရော ..ခု သုတေသန ပညာရှင်ကြီး လုပ်နေဘီ ထင်ဒယ်....ဟဲ ဟဲ...
ReplyDeleteဆက်လုပ်ပါ ... ဝါသနာ ပါရာဆက်လုပ်..
တကယ်ဖြစ်ချင် တကယ်လုပ် ..
အဟုတ် ဖြစ်ရမည် ပေါ့ကွယ်...
ဖွားကိ တော့ အငြိမ့် က ..မယ် ။ လယ်စိုက်မယ် .. အဟေးဟေးဟေး....
ထိတယ် ဖြည်းဖြည်း သွားနော်။ :)
ReplyDeleteဒီကာတွန်းလေး ဖတ်ဖူးတယ်။
ReplyDeleteလူဆိုတာလောဘကြီးတတ်တဲ့သတ္တ၀ါတစ်မျိုးပဲ။ ဟိဟိ အဲတော့လည်း အမှန်းလွန်တာပေါ့။
လူကြီးတွေပြောတာကြားဖူးတာတော့ ရင်လောက်တင်မှ ခါးလောက်ကျတယ်ဆိုလား...။ အဲဒီတော့ မှန်းချက်က တော့ကန်းကုန်ပေါ့၊ နှမ်းထွက်ကတော့ ရာသီဥတုပေါ် မှာမူတည်သလားလို့း)
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတော့ ပြောမနေနဲ့။ ကြိုးစားဖို့လိုသေးပါတယ် လို့ထင်ပါတယ်။
ReplyDeleteဒီလိုလေးတွေ သဘောကျတယ်။ ထပ်တင်ပါဦး။
တောင်ပေါ်ရေ လေးစားပါတယ် ဆက်လုပ်ပါ အဲလေ ဆက်တင်ပါနော့ အားပေးနေမယ်။
ReplyDeleteရင်လောက်မှန်း မှ ဒူးလောက်တင် တဲ့ကြားဖူးတာပဲ...ဒီ ပန်းချီးလေး နဲ့ ကွက်တိပဲ...။ ကြိုက်တယ်..။
ReplyDeleteစာဖတ်သူတွေရဲ့ ရင်ထဲ တအားထိုးဖောက်သွား
ReplyDeleteတာ ဒီလို ဟာသတွေပါ သိပ်သဘောကျပါတယ်
ကျေးဇူး
ရန်ကုန်သား
:D
တွေးစရာတွေ တော်တော် များသွားတယ်ဗျာ။
ReplyDeleteအဟေဟေ.. ဟုတ်တယ်ဗျာ... ဘာပြောရမှန်းတောင် မသိတော့ဘူး မှန်လွန်းလို့ ပြောရခက်နေ။ပြီဗျာ..။
ReplyDelete