Tag ပိုစ့်တွေကို ဘယ်သူက အစပျိုးခဲ့လဲမသိပါဘူး... တခါတလေ ဒီ Tag ပိုစ့်တွေက အရမ်းကို ခေါင်းစားခက်ခဲပါတယ်။ မရေးတော့လဲ မဖြစ်၊ ရေးလျှင်လဲ ဒုက္ခ ဒီလို Tag ပိုစ့်တွေကို ဖန်တီးတဲ့ ပညာရှင်တွေထဲမှာ တီဝါ၊ ဂျပန် တို့က အရမ်းအားပါပါတယ်။ မရေးလဲ အကြွေးတွေ ခဏခဏတောင်းနေပါတယ်။ ညီငယ် အဆိပ်ခွက် တက်ဂ်ထားတဲ့ အကြောင်းတွေလဲ အများကြီး ရှိနေပါသေးတယ်။ အချိန်ရရင်တော့ တဖြေးဖြေး ရေးပေးပါမယ်။ ခုဟာက အိမ်ရှင့်ဆီလာပြီး အကြွေးတောင်းနေသလို လုပ်နေတော့ အမြန်ဆုံး ရေးပေးလိုက်ပါတယ်။
အချစ်ဆိုတာကို လူတိုင်းထိတွေ့ ခံစားခဲ့ကြဖူးမည်။ ကိုယ့်ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်၊သံယောဇဉ်ကိုလိုက်၍ အချစ်သည်ပူပြင်းသည်။ တောက်လောင်သည်၊ အေးမြသည် စသည်ဖြင့် အမျိုးမျိုးခွဲခြား သတ်မှတ်ကြပြန်သည်။ ကျနော်ဖြတ်သန်းခဲ့ဖူးသော အတိတ်တွေထဲမှာလဲ ဒီအချစ်ဆိုတာကို ကြုံတွေ့ခဲ့ဖူးသည်။ ကျနော့်အမြင်အရ အချစ်ဆိုသည်ကို သတ်မှတ်သည့် အတိုင်းအတာ စံအနေအထားတခုတွင် လူတယောက်၏အသက်အရွယ် အပိုင်းအခြားသည်လဲ အဓိကပါဝင်ပတ်သက်နေသည်ဟု မြင်မိသည်။ ကျောင်းသားဘ၀အရွယ်တွင် မဖွံဖြိုးသေးသည့် ဦးနှောက်ရဲ့ စေခိုင်းချက်၊ တဇွတ်ထိုးဆန်သော စိတ်၏စေခိုင်းချက်ကြောင့်လဲ အချစ်ဟုထင်မိသောအရာများကို မက်မောတွယ်တာခဲ့ဖူးမိမည်။
ကိုယ်တိုင် အလုပ်လေးလုပ်လာတော့ ဘ၀ရဲ့ခက်ခဲမူတွေကို ရင်ဆိုင်တတ်လာတဲ့အချိန်မှာ တွေ့သောအချစ်သည် ငယ်စဉ်ကလိုမဟုတ်တော့ပေ။ အရာရာကို ချင်ချိန်စဉ်းစားတတ်လာတော့ ကိုယ်ပိုင်ဘ၀လေးတခုအတွက် ရွေးချယ်တတ်လာခဲ့သည်။ သာယာချမ်းမြေ့သည့်ဘ၀ကို မက်မောတွယ်တာတတ်ပြန်သည်။ ထို့ကြောင့် အသက်အရွယ်လေးရမှ အိမ်ထောင်ပြုလျှင် အမှားများစွာ မကျူးလွန်တတ်ပေ၊ အမှားများစွာလဲ မရှိတတ်၊ အိမ်ထောင်ရေးသည်လဲ သာယာချမ်းမြေ့၍ ပျော်ရွှင်စရာဖြစ်နေပေလိမ့်မည်။ တခါတရံတွင် အချစ်ဟုထင်မိသော အရာများသည်လဲ အချိန်လွန်မှ အချစ်စစ်မဟုတ်မှန်း သိခဲ့ရတတ်သည်။ ကျနော်သည်လဲ ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးပါသည်။
ကျနော်သူကို အမှတ်မထင် စတွေ့ခဲ့မိသည်။ အမှတ်မထင်ဆိုသည်ထက် မမျှော်လင့်သော အနေအထားတခုမှ စတင်ရင်းနှီးခဲ့မိသည်။ ဒီနောက်ပိုင်း ကျနော်တို့ စကားတွေ ပြောဖြစ်ပါတယ်။ အဓိက ကျနော်သူ့ကို ချစ်မိရတဲ့ အချက်အလက်တွေကတော့ သူ့ရဲ့ စိတ်ဓါတ်လေးပါပဲ။ ရိုးသားမူတွေနဲ့ အမှန်ကို အမှန်အတိုင်း ပြောတတ်တဲ့ သူ့ရဲ့စိတ်ဓါတ်၊ မလိမ်မ၀ှက်ပဲ မှန်မယ်ထင်ရင်လုပ်တတ်တဲ့ စိတ်ဓါတ်လေးကိုပါ၊ တကယ်တမ်း ပိုမိုခင်တွယ်ခွင့်ရလာတော့ ပိုပြီးလေးစားရတဲ့ စိတ်ဓါတ်လေးတွေကိုလဲ ထပ်တွေ့ရပါတယ်။ ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကို ရိုသေကိုင်းရှိုင်းမူတွေ ရှိတယ်။ လူမူရေးလုပ်ငန်းများမှာလဲ နာမည်ကောင်းမယူပဲ လုပ်ဆောင်တတ်ပါတယ်။
လူတိုင်းအရာရာဟာ မပြည်စုံသလို ကျနော့်ချစ်သူမှာလဲ အရမ်းဆိုးတဲ့ စိတ်ကလေးတခုတော့ ရှိပါတယ်။ ဒါကတော့ နှစ်ယောက်စကားပြောနေရင်းကို စိတ်တို၊စိတ်ကောက်တတ်တာပါ။ ကျနော့်ရဲ့ အရင်စိတ်နဲ့ဆို မလွယ်ပါဘူး အဟီးးး။ ဒါပေမဲ့ သူကလဲ စိတ်ကောက်ရင် ခဏလေးနေရင် ပြေသွားတတ်ပါတယ်။ ခုတော့ ကျနော့်သူ့ကို အရမ်းချစ်နေမိပါတယ်။ ဒီအတွက် ကျနော်အတတ်နိုင်ဆုံး ခွင့်လွှတ် နားလည်မူတွေ ပေးနေပါတယ်။ အရာရာကို အနိုင်ယူချင်ခဲ့မိတဲ့ ကျနော် ခုတော့ စိတ်ကိုလျော့နေရပါတယ်။ ကျနော့်ရည်မှန်းချက်တွေထဲမှာ သူလဲတစိတ်တဒေသ အဖြစ်နဲ့ ပါဝင်နေပါတယ်။
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ရင်ထဲက ပန်းလေးတပွင့်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ကိုတောင်ပေါ်သားရေ
ReplyDeleteချစ်တော့လည်း အပြစ်ဆိုတာ မြင်ရိုးထုံးစံမဟုတ် ဘူးမလားဗျာ ကောင်းပါတယ် ချစ်နေဖို့ သာပါ .... ပေးဆပ်ခြင်းမရှိရင် အချစ်လို့ မမြည်ဘူးလို့  ကြား ဖူးတယ်ဗျ .... နားလည်မှုပေးဆပ်မှု များနှင့် အပြစ်ကင်းသော ချစ်ခြင်းကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေဗျာ
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ
ကြားမိတာတော့ ကိုတောင်ပေါ်က လူပျိုကြီး လုပ်မယ်ဆိုလားးးးးးးးးးးးးးးးး :P
ReplyDeleteအဲဒါဘူလေးလဲ
ReplyDeleteအရာရာကို အနိုင်ယူချင်ခဲ့မိတဲ့ ကျနော် ခုတော့ စိတ်ကိုလျော့နေရပြီလား ကိုတောင်ပေါ်သားရေ.. :)))
ReplyDeleteဒီမောင်နှံ အမြန်ဆုံးရွှေလက်တွဲနိုင်ပြီး
ReplyDeleteအချစ်တွေရာသက်ပန်ခိုင်မြဲပါစေဗျား...
ကိုတောင်ပေါ်သားရဲ့ ပန်းတစ်ပွင့်ကို ဖတ်ပြီး အယူအဆ အတွေးအခေါ်တွေ က မှန်ပါတယ် အသက်အရွယ်ရလာတဲ့ အခါမှာမှ အချစ်က သေချာ ဝေဖန်ပိုင်းခြားနိုင်တာပါ..
ReplyDeleteပေါ်ပေါ်ရင်ထဲက ပန်းက စိန်ပန်းပဲဆိုတာ ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ပါကွယ်....း)
ReplyDeleteအချစ်နဲ့ ဘဝတစ်ထပ်တည်းကျပါစေလို့
ညီ့အတွက် အကို့ရင်နဲ့အမျှဆုတောင်းပေးပါတယ်
ပျော်ရွှင်ပါစေ
ချစ်တဲ့
ဖိုးစိန်
ချစ်ခြင်းပို့စ်လေးကို ချစ်ခြင်းများစွာနဲ့ဖတ်သွားတယ် မောင်လေးရေ
ReplyDeleteငြိမ်းချမ်းပါစေနော်
ချစ်ခြင်းတွေ ပေါင်းစည်းနိုင်ကြပါစေဗျာ
ReplyDelete