အချိန်တွေက တဖြေးဖြေးနဲ့ ကုန်ဆုံးခဲ့ပြန်ပြီ။ မွေးရပ်မြေပေါ် ခြေမချမိတာလဲ နှစ်ပေါင်းကအတော်ကြာခဲ့ပြန်လေပြီ။ ယခုတော့ အရင်မွေးရပ်မြေမှာပျော်ခဲ့ရသလို အကုန်လုံးစိတ်အလွမ်းမပြေနိုင်ပေမဲ့ အတတ်နိုင်ဆုံး စွမ်းဆောင်ပေးခဲ့သည့် တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားတွေ၏ စေတနာ အကျိုးကျေးဇူးကြောင့် ကျနော်တို့အလွမ်းတွေ အနဲနဲ့အများဆိုသလို ပြေပျောက်ခဲ့ရပါတယ်။ တကယ့်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားများခင်ဗျာ... တကယ်တမ်း ဒီနှစ်က အရင်နှစ်တွေကနဲ့မတူ အားလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ကြိုးစားပြီး မရရအောင်လုပ်ပေးခဲ့ရတာကိုလဲ အမြဲသတိတရ ရှိနေမှာပါ။
ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ ဒီနှစ်မှာ အင်တာနက်အခက်အခဲတွေကြားကနေ မရမက ညတိုင်း အပင်ပန်းခံ လုပ်ပေးတဲ့ တောင်ကြီးချယ်ရီမြေမှ ကိုကျော်စွာ၊ နာမည်မသိလိုက်ရတဲ့ ကင်မရာရိုက်ပေးတဲ့ ညီအကိုများ၊ အင်တာနက်လိုင်းစီစဉ်ပေးတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် ရှမ်းပြည်နယ် ကွန်ပြူတာပညာရှင်များအသင်းနှင့် အဖက်ဖက်မှ ကူညီသောလူများအားလုံးကို ကျနော်ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်း ဒီနှစ်လေးဟာ ပျော်စရာတွေ ရခဲ့တယ်ဆိုပေမဲ့ မနှစ်ကအပျော်လောက် ကျနော့်ရင်ထဲကို မပျော်ရွှင်စေခဲ့ပါဘူး။ ဒါဟာဘာလဲဆိုတော့ စီပုံးကလူတချို့ရဲ့ လုပ်ရပ်တွေပါ။ ပွင့်ပွင့်လင်းလင်းပြောကြမယ်ဆို ကိုကျော်စွာက စီပုံးကို မထားချင်ပါဘူး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံမူကြောင့် ကိုကျော်စွာအနေနဲ့ စီပုံးကို မဖြုတ်ပဲ ထားပေးခဲ့ပါတယ်။ ကျေးဇူးထပ်တင်ပါတယ် ကိုကျော်စွာရေ..
မနှစ်က အပျော်တွေဟာ လူတယောက်ခြင်းစီရဲ့ စိတ်ဓါတ်ကိုပြသပေးသလို အမိမြေကိုလွမ်းတဲ့စိတ်လေးတွေကိုလဲ တော်တော်လေး ဖြေသိမ့်မူပေးနိုင်ပါတယ်။ ကျနော်တို့ စီပုံးကို ၀င်လာတာနဲ့ နွေးထွေးတဲ့ ကြိုဆိုမူတွေ၊ ချစ်စရာအခေါ်အဝေါ်လေးတွေနဲ့ တောင်ပေါ်မြေကို တကယ့်အပြင်မှာရောက်သွားသလိုပါပဲ။ တကယ့်ကို အမှတ်တရ ရှိနေမိပါတယ်။ ဒီနှစ်ကတော့ အပေါ်ယံ အလာပ သလာပတွေ ပြောဆိုနေပြီးတော့ တယောက်နဲ့တယောက် သမီးရည်းစားပြောနေသလိုလို၊ မဆိုင်တဲ့အကြောင်းအရာတွေ ဥပမာ ဘောလုံးအသင်းအကြောင်းတွေ ပြောဆိုနေတာတွေ ၀မ်းနည်းဖွယ်တွေ့ရပါတယ်။ တခါတလေမှာ တော်တော်လေး မိုက်ရိုင်းတဲ့ အဆဲအဆိုတွေလဲ ပါလာတတ်ပါတယ်။ စေတနာနဲ့ ထောက်ပြ၊၀င်ပြောပေးတဲ့လူကိုလဲ အမုန်းပွားနေတာတွေ တွေ့ရတော့ အလွန်မှ ၀မ်းနည်းမိပါတယ်။ ဒုတိယနေ့မှာ ၀င်လာပြီး ပေါက်တတ်ကရ ပြောသွားတဲ့လူတွေ ဒီစာလေးကို ဖတ်မိရင်ဖြင့် ကိုယ့်ဟာကို အရှက်တရား ရသွားမယ်လို့ ထင်မြင်မိပါတယ်။
အများသူငါ ပျော်ရွှင်နေကြတဲ့အချိန်မှာ ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရရင် ဘယ်လောက်တောင်မှ ၀မ်းနဲဖို့ကောင်းသလဲဆိုတာ သူတို့တွေ မတွေးမိဘူးလားမသိပါဘူး။ သူတို့ဘယ်ကလာတယ် ဘာတွေလုပ်နေတယ် ဘယ်မှာဘာပညာတွေ သင်နေတယ်ဆို ကျနော်သိပါတယ်။ ဒီလောက် ပညာကောင်းတွေ သင်ကြားနေရပါလျက်နဲ့ ဘာလို့ ဒီလို မကောင်းတဲ့ စိတ်ဓါတ်လေးကို မွေးမြူနေကြလဲ ၊ မပြင်နိုင်ကြလဲ ကျနော်မစဉ်းစားတတ်ပါဘူး။ လူတဦးတယောက်ကြောင့် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုတဲ့ စကားပုံအတိုင်းပဲ အားလုံးကို ထိခိုင်နစ်နာစေပါတယ်။ ဒါဟာလူ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဘာသာတရား စသည့်အချက်တွေနဲ့ မဆိုင်ပါဘူး။ စိတ်ဓါတ်ပါ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ဓါတ်က ရှိသင့်ရှိထိုက်တာထက်ကို အောက်ကျနေတာပါ။
ဒီအတွက် ကျနော်တို့ တောင်ကြီးချယ်ရီမြေမှ စီစဉ်တဲ့
Labels
- Blog (470)
ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
အမလဲ တောင်ကြီးချယ်ရီမြေ ကို ကျေးဇူးတင်ပါတယ်..း)
ReplyDeleteဟင်း.. လွမ်းအောင်လုပ်နေပြန်ပြီဗျာ.....း(
ReplyDeleteကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဘူးဘူး ။ ဒီနှစ်မှ ကြည့်ဖူးတယ်. တောင်ကြီးချယ်ရီမြေ ကိုကျေးဇူးတင်ရှိပါသည်။
ReplyDeleteကျွန်တော်တောင် ဘာမဆိုင်ညာမဆိုင် လွမ်းလာတယ်ဗျာ. ဟဲ. :P
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ကျနော်လည်းရောရာပါရေရာပါ....နေ့တိုင်း
ReplyDeleteလာကြည့်ရတာအမောပါ။ ရှမ်းတောင်သူ၊သား
တွေရဲ့အပျော်ကိုကူးစက်ရတော့မဂ်လာတစ်ပါးပါ။
နိုင်ငံဂုဏ်ဆောင်ပွဲလည်းဖြစ်တာကြောင့်
တောင်ကြီးကလူတွေကိုလည်းလေးစားမိပါတယ်။
နောင်နှစ်မှာပြန်ဆုံချင်သေးပါတယ်ဗျား။
ငါးစားလျက်
သံလွင်ဟီးရိုး
hehe ၇ စားရတော့မယ် ထင်တယ် :P
ReplyDeleteမမြင်ဘူးတာတွေ မြင်ခွင့်ရလို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် .. ဒီထက်ပို အောင်မြင်ပါစေ ..း))