စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော ယခုစာကို သင်မဖတ်ခြင်းသည် သင့်အတွက် ပိုမိုအကျိုးရှိလိမ့်မည်ဟု ကျွန်ုပ် ထင်မြင်ပါသည်။ ယခုရေးသောစာသည် ကျွန်ုပ်၏ခံစားမူများသာ ဖြစ်ပေသည်။ တဖက်သားကို ထိခိုက်စေမိသော၊ အပြစ်လုပ်မိသလိုဖြစ်သွားသော် အားလုံးသည် ကျွန်ုပ်တဦးထဲတွင်သာ တာဝန်ရှိပေသည်။ ယခုစာသည် ဝေဖန်ရေးဆိုသည်ထက် (ကျွန်ုပ်၏ ၀ါသနာအရသော်လည်းကောင်း မကျေနပ်ချက်များကြောင့်သော်လည်းကောင်း ကျွန်ုပ်အမြင် မကြည်သူကို ပေါ်ပေါ်တင်တင် ပြောဆို ပြစ်တင်ခြင်းသာ ဖြစ်ပေသည်)မကောင်းသော အမြင်၊အပြစ်များကိုသာ ရေးသားထားခြင်း ဖြစ်ပေသည်။ ကြိုတင် ပြောကြားလိုသည်မှာ ယခုစာနှင့်ပတ်သက်၍ သင်တို့မကြိုက်သော၊ မနှစ်မြို့သော် စိတ်ကြိုက် ပြောနိုင်ပေသည်။ စိတ်ကြိုက်ဝေဖန်နိုင်သည်။ စိတ်ကြိုက်ပြန်ဖဲ့နိုင်သည်။ သေချာသည်ကတော့ ကျွန်ုပ်သည် (ပုန်းကွယ် တိုက်ခိုက်ရသည်ကို မနှစ်မြို့သူတဦးဖြစ်သဖြင့် ကျွန်နော် ထိုသူတဦးတယောက်ကို မကျေနပ်ပါ အမြင်မကြည်ပါဟု တိုက်ရိုက် သိစေလိုသောကြောင့် ဖြစ်ပေသည်) သူတပါးလို့ အမည်မသိ ခိုးကြောင်ခိုးဝှက် လုပ်လေ့မရှိသော ကိုယ့်ဟာကို သာမာန်လူတွေထဲက သာမာန်လူတယောက်သာ ဖြစ်ကြောင်း ၀န်ခံပါသည်။ (လူဆိုသည့်အမျိုးသည် ကိုယ့်အပြစ်ကို မမြင်တတ်သော သူတပါးအပေါ်တွင်သာ အပြစ်ရှာကြံမြင်တတ်သူများဖြစ်သဖြင့် အကယ်၍ ကျွန်နော့်အပေါ်တွင်လည်း မကျေနပ်သည်များရှိက အမြင်မကြည်သည်များရှိက ပေါ်ပေါ်တင်တင် ပြန်လည် တိုက်ခိုက်နိုင်သည်ဟုလည်း ဒီနေရာမှ အသိပေးလိုပါသည်။ ထိုမှသာ ကျွန်နော်၏ အပြစ် အနာအဆာများကိုလည်း သိနိုင်မြင်နိုင်ပေမည် ဖြစ်လေသည်။) ထိုအတွက် ကျွန်ုပ့်ကို ပြန်ဖဲ့ချင်လျှင်၊ ဝေဖန်ချင်လျှင် နာမည်ရင်း၊ လိပ်စာမှန်များနှင့် ဝေဖန်ကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။
ယခု ကျွန်ုပ် ဝေဖန်၊ကဲ့ရဲ့လိုသူမှာ (ဘလော့ဂါမမများအကြားတွင် မကြာမှီကမှ သားကလေးမွေးဖွားထား၍ ရေပန်းစားနေသော) အားမာန်သစ်(ဘလော့ ပိုင်ရှင် သီဟသစ်ဆိုသူပင် ဖြစ်ပေသည်)ဆိုသော ဘလော့ဂါကို ရေးသားသူ သီဟသစ်ဆိုသော ဘလော့ဂါဆိုသူ တယောက် အကြောင်းပင် ဖြစ်ပေသည်။
လူတိုင်းသည် တချိန်ကြလျှင် အိမ်ထောင်ပြု၊ အနှောင်အဖွဲ့နှင့် နေချင်ကြပေသည်။လူတိုင်းသည် ကိုယ့်အိမ်ထောင်ကို တည်မြဲစေလိုကြပေသည်။ ထိုကြောင့်လူငယ်ဘလော့ဂါအများစုမှာ အိမ်ထောင်ပြုထားသူ အကိုများ၏ အတွေ့အကြုံကို မေးမြန်းကြလေသည်။ သို့ပေမဲ့ ထိုသူသည် သိချင်သောကိစ္စများကို သေချာမဖြေပဲ ဝေ့လည်ကြောင်ပတ်ဖြေတတ်ပေသည်။ သူပြောနေသော စကားတခွန်းရှိပေသည်။ ထိုသည်မှာ "အိမ်ထောင်ပြုသည်ဆိုသည် ဂျင်းတက်အခွံနွာရသည်လောက် မခက်ခဲ" ဟူ၍ ဖြစ်ပေသည်။ ဒါပေမယ့် ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့မှာ ထိုသူသည် လေသာကျယ်၍ တကယ်တမ်း မိန်းမ စိတ်ကောက်မှာ အလွန်စိုးရိမ်ကြောင့်ကြသူဖြစ်ပေသည်။ ဖုန်းလာလျှင်ပင် ကျွန်ုပ်တို့အနီးမှ ဖယ်ခွာ၍ တိုးတိုးတဖုံ ခေါင်းတညိတ်ညိတ်လုပ်၍တဖုံ ပြောတတ်ပေသည်။ထို့ကြောင့် ကျွန်ုပ်သည် ထိုသူနှင့် တွေ့လျှင် လေသာရှိ၍ အဆံမရှိသော သင်္ကြန်အမြှောက်ကိုသာ ပြေးမြင်မိလေသည်
ထိုအပြင် ထိုသူသည် လူအများကြားစကားဖောင်ဖွဲ့ပြောဆိုနေလျှင် အလကားနေရင်း ရီမောနေတတ်ပြန်သည်။ ထို့ကြောင့် ထိုသူသည် အူကြောင်ကြောင်နိုင်သူဟု ကောက်ချက် ချမိသည်။ အကယ်၍ စာဖတ်သူသည် ထိုသူနှင့် ဆုံတွေ့စရာ ကိစ္စရှိသည်ဆိုပါမူ တကိုယ်လုံး အကာအကွယ် ယူထားသင့်သည်ဟု ကျွန်ုပ် အကြံပေးလိုသည်။ (ထိုသူနှင့်စကားပြောဆိုလျှင် ကိုယ့် တကိုယ်လုံးကို အကာအကွယ်ယူထားမှသာ သင့်တော်ပေသည်။) အဘယ်ကြောင
Labels
- Blog (470)
အမှန်အကန် ပြောသည် ဖဲ့သည်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
တောင်ပေါ်
ReplyDeleteငါအလှည့်ဘယ်တော့လဲဟင်။
ဘုရားးး ဘုရားးးး
ကံမြင့်အုန်းမှဘဲ
း)))
ဖတ်ရသလောက်တော့ နောက်နေတာပါ... ဘယ့်နှယ်ကြောင့် စာဖတ်သူတို့ အတည်ပေါက်တွေ ယူနေကြသလဲ....... ဒါနဲ့ ကိုတောင်ပေါ်...း).. အရေးအသေားတွေ ဆင်ခြင်ပါ... အခုတလော ဘလော့ခ်လောကရဲ့ နာမည်ရ ဘလော့ခ်ဂါတစ်ယောက်နဲ့ အရေးအသားတွေ တော်တော့တော်တော့တော်တော့ကို ဆင်တူနေပါတယ်...း)
ReplyDeleteကျုပ် မောင် ၂ယောက်တော့ အဖဲ့ ခံရပီ...ဂွတ် LUCK မောင်ပေါ်...အိုင့်အလှည့် ဘယ်တော့လဲ စောင့်မယ်....
ReplyDeleteဟေ့...........ဖဲ့ကြ ဖဲ့ကြ.... အချင်းချင်း ပြန်ဖဲ့ပြီး....ဘီယာ နဲ့ မြည်းကြ...သိပ်ပြီးတော့ မပြောချင်ဘူး...........ဒါပဲ...။ NOBODY PERFECT ဆိုတာကို သိတဲ့ ကျွန်ုပ် ကတော့... အသင်တို့ ဖဲ့ကြသော အပဲ့အရွှဲ့များကို ကြောက်၍ လွတ်မည်ထင်ရာသို့ ပြေးးးးးးးးးးးးးးးပေတော့မည်..။း)))
ReplyDeleteဘာပြောရမှန်းတောင် မသိဘူး။
ReplyDeleteမြန်မာ ဘလော့ခ်လောကကြီး ငြိမ်နေလို့ ထချကြတယ် ထင်တယ်။ ဟားဟား။ :D
အခု ဘယ်လိုပဲ ချကြချကြ နောက်အနှစ် ၂၀ လောက် ကြာလို့ ပြန်ပြောကြရင်တော့ ရယ်စရာကြီး ဖြစ်နေမှာပါ။ အဲဒီလိုပဲ ထင်တယ်။
ဘာလို့ မန့်လို့မရတာလဲ
ReplyDeleteစာရေးတဲ့ဟန်က တမင်ကြီးကို ပုံတူကူးထားတာဟုတ် :P
ReplyDeleteစွာလိုက်တာ အဆိပ်ရယ်....း)... ဟိဟိ...
ReplyDeleteဒုက္ခော နေ့အိပ်မက်ပြောတာ ကိုအဆိပ်ခွက်ကိုပြောတာမှ မဟုတ်တာ... ကိုတောင်ပေါ်သားစာရေးတာ တမင် sattireလုပ်ထားတာမဟုတ်လားလို့ မေးတာပါရှင်.. ဘယ့်နှယ် နေရင်းထိုင်ရင်း
ReplyDeleteဘယ်လိုတွေ ဖြစ်နေကြတာပါလိမ့်။ ဆေးသောက်မှားကုန်ကြတာထင်တယ်။ ဖဲ့မယ်ဆိုတာချည့်ပဲ။ ဒေါသတွေမထွက်ကြပါနဲ့လားဗျာ။ စိတ်ကိုထိန်းကြပါ။ တောင်းပန်ပါတယ်။ ဒါနဲ့ စကားမစပ် ဓါးတွေ ဒုတ်တွေ ပေါက်တူးတွေ ငှားတယ်နော်။ မနက်ငှား ညနေပြန်အပ်။ ငှားရမ်းခကတော့ နှစ်ကျပ်မတ်တင်း။
ReplyDeleteဖဲ့မယ်ကွာ ငါ့လည်း ဝင်ဖတ်ရင်းနဲ့ ဖဲ့ချင်လာပြီ ဆွမ်းကြီးဝင်လောင်းသွားမယ်
ReplyDeleteဘယ်သူ့ ကိုဖဲ့ရမလည်း ပြော
တောင်ပေါ်သားတွေ တောင်အောက်သားတွေ လာမပြောနဲ့ ဖဲ့မယ်ကွာ
တစ်ယောက်မကဘူး ဘယ်နှစ်ယောက်လာလာကွာဖဲ့မယ်
လူများလေကောင်းလေပဲ အတူတူဖဲ့တာပေါ့ ဟုတ်ဘူးလား ငါ့ဖဲ့မယ်ပြောတာက အရက်သောက်မယ်ပြောတာနော် တစ်လွဲမတွေးရ ဟဟ
ဟုတ်တယ်ဗျာ ကျနော်လည်း မကျေနပ်ဘူး။ ကိုတောင်ပေါ်ပြောလက်စနဲ့မို့ ၀င်ပြောတာ။ ကျနော့်သားလေး ချစ်စရာကောင်းတာ သူ့ပိုစ့်တခုဖြစ်ရောလားဗျာ။ မကျေနပ်ဘူးဗျာ ပြန်ဖဲ့မယ်
ReplyDeleteပျော်ပျော်ကြီး ဖဲ့ကြတာပေါ့ကွယ် .. :D:D
ReplyDelete(မရှောင်ရင် လွတ်တယ် .. ရှောင်ရင်တော့ တည့်တည့်သာမှတ် ..) :P
တွတ်ပီကာတွန်းနဲ့မွှားတွားလို့ :D
ဟုတ်တယ် ဟုတ်တယ် ငါလဲတလက်စထဲမို့ ဝင်ပြောအုန်းမယ်
ReplyDeleteသူအဲလိုစားသောက်ပြီး ဘယ်သူမှမသိအောင်ခိုးခိုးပြန်တာကြာပြီကော
ဟိုတခါ ရေတမာမွေးနေ့တုန်းကလဲ သူ့သယ်ရင်းတွေနဲ့တွေ့ရော ငါတို့ကိုလှည့်မကြည့်တော့ဘူးး
ကောက်ကောက်ပါအောင်လိုက်သွားတား ))))
သြော်
ReplyDeleteမေလေး
အချွန်နဲ့ မ သေးတယ်
:P
ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးပေါ့။ ကောင်းပါ့။
ReplyDelete