လက်တွေ့ဘ၀ဟာ စိတ်ကူးယဉ် အိပ်မက်ထဲက ဘ၀တွေနဲ့ အတော့်ကို ကွာခြားနေရင် လူတယောက်အဖို့ ရုန်းကန် လှုပ်ရှားရတာတွေ မလွယ်ကူလှပါဘူး ဒီလိုပဲ လက်ရှိအချိန်ထိ ဘာမှရေရေရာရာ မဖြစ်လာသေးတဲ့ ဘ၀ကြီးကိုကြည့်ပြီး တခါတရံမှာ စိတ်ပျက်အားငယ်နေမိတတ်တယ်။ ကိုယ့်တယောက်ထဲ ဘ၀အတွက်တော့ မဟုတ်ပါဘူး နောင်ဖြစ်လာမဲ့ ရှေ့ရေးတွေကို တွေးပြီး တခါတလေ စိတ်ပျက်နေမိတတ်တဲ့ အကျင့်တွေ ဘယ်က ဘယ်လိုရောက်လာမှန်းလဲ မသိပါဘူး။ လူအများအမြင်မှာတော့ ကျနော်ဟာ ပျော်ပျော်နေတတ်တဲ့ အစအနောက်သန်တဲ့ လူငယ်တယောက်အဖြစ်ပေါ့... မှန်ပါတယ် ကျနော် အစအနောက် သန်ပါတယ်။ ဒါပေမဲ့ ကျနော်ကြောင့် တဦးတယောက် စိတ်ညစ်သွားရလောက်တဲ့ထိ ကျနော်မစနောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ နာပါစေဆိုပြီး ကျနော်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပါဘူး..... ခုတလောပေါ့ စဉ်းစားနေမိတာတွေ ချရေးလိုက်ပါတယ်။
တွေးမိနေတာက
ခုတလော တွေးနေမိတာကတော့ အစုံပါပဲ။ ဒါပေမဲ့ တခုမှတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တချိန်ပေါ့ အကောင်အထည်ပေါ်လာအောင်တော့ ကြိုးစားနေရမှာပါပဲ။ ဒီတော့ စိတ်ကူးထဲက တွေးနေတာလေးတွေ မပျောက်ပျက်အောင်တော့ တွေးနေမိပါတယ်
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ့်ဟာကိုယ် တခါတလေ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတယောက်မျိုးဖြစ်နေလား မသိပါဘူး။ လိုအပ်ချက်တွေ ပြုပြင်ရမဲ့ အချက်တွေ များနေပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ အံ့သြော်ဖို့ကောင်းတာတခုကတော့ ဒီကိုရောက်လာပြီးကတည်းက တော်ယုံတန်ရုံ ဖျားနာတာတောင် မရှိသလောက်ပါပဲ။ ရန်ကုန်မှာတုန်းကဆို ခဏခဏ နေမကောင်းချင်သလိုလို ဖြစ်တတ်ပါတယ်။ ကိုယ့်ဘာသာ တယောက်ထဲ နေတော့ သိပ်ပြီး ရောဂါမဖြစ်တတ်ပါဘူး။ တယောက်ထဲနေလို့ ဂရုစိုက်လားဆိုတော့လဲ ဂရုမစိုက်ဖြစ်ပါဘူး။ :P ဂျီကျစရာ မိဘ ဆွေမျိုးမရှိလို့နဲ့ တူပါတယ်။း)
ဖတ်ဖြစ်နေတာက
ဖတ်ဖြစ်တာကတော့ အွန်လိုင်းက ဘလော့စာပေအစုံပါပဲ။ ဒါပေမဲ့ ခုတလော စိတ်က နုနုလေးတွေ ရေးတဲ့ စာတွေဆို သိပ်စိတ်မ၀င်စားဘူး။ ပုံမှန်သွားဖတ်ဖြစ်နေတာက မြန်မာဘောလုံး ၊ ကိုလူထွေး၊ ဦးကျောက်၊ ကိုပီတာ၊ ကိုနစ်နေမန်း၊ အာဇာနည်၊ ဧရာဝတီ ဒါလောက်ပါပဲ။ အင်္ဂါနဲ့ သောကြာဆိုရင်တော့ First-11 ကိုဝင်ဖတ်ဖြစ်ပါတယ်။ ဘောလုံးကလဲ ၀ါသနာပါတယ်ဗျ..
ရောက်နေတဲ့နေရာက
ပုံမှန်သွားနေတာက အလုပ်ကိုလေ။ မနက်အိပ်ရာထ ရေချိုးပြီး အလုပ်ကိုသွားတယ်။ ညနေ မိုးချုပ်ပြန်လာတယ်။ ဒါက ပုံမှန်ပေါ့။ အလုပ်ပိတ်ရက်တွေကတော့ ညီအကိုမောင်နှမတွေ စုစည်းရာ မိသားစုအိမ်လေးမှာ သွားအနားယူပါတယ်။ အဲ့မှာ သူတို့ ချက်ကျွေးတဲ့ ထမင်းကိုအလကားစားတယ် သူတို့ ဖျော်တိုက်တဲ့ ကော်ဖီကို ပါးစပ်စိုက်ပြီး သောက်တယ်။ သူတို့နဲ့ ဂိမ်းတွေ တူတူဆော့တယ်။
မုန်းနေမိတာက
မုန်းနေမိတာက ဘာမှမရှိပါဘူး။ လူတယောက်ကို အကြောင်းမဲ့ စကားမပြောပဲ မနေတတ်သလို လူတွေကိုလဲ မမုန်းတတ်ပါဘူး။ တခါတလေ စိတ်ထဲမှာ အမြင်မတူရင်လဲ ခဏလေး စကားမပြောပဲနေလိုက်တယ် ပြီးရင်တော့ စကားတွေ ဖောင်ဖွဲ့ပြီး ပြန်ပြောဖြစ်တာပါပဲ။ အားလုံးကို မမုန်းတတ်ပါဘူး
ချစ်နေတာက
ချစ်နေတာက မိသားစုလေးနဲ့ တဦးတည်းသော ချစ်ရတဲ့သူပေါ့း)
စိတ်ပျက်နေမိတာက
စိတ်ပျက်စရာ မရှိသေးပါ။ ရှိနေခဲ့တယ်ဆိုရင်လဲ ကိုယ့်ဟာကိုယ်ပဲ စိတ်ပျက်နေမိမယ်နဲ့ တူတယ်
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
မေးခွန်းတွေ ကျော်ချတယ်ထင်တယ် .. :D
ReplyDelete:P
ပေါ်ပေါ် တို့ကတော့ သဲတွေရော ခဲတွေရော စုံနေတာပဲ အားကျတယ် အားကျတယ် အားကျရုံပဲ တတ်နိုင်ပါတော့တယ်းP
ReplyDeleteမောင်လေးရေးးးးးးးးးးးးးအဲဒီတစ်ဦးတည်းသောချစ်သူနဲ့ 
ReplyDeleteသာယာချမ်းမြေ့တဲ့ဘဝကိုခိုင်ခိုင်မာမာလက်တွဲနိုင်ပါစေလို့ တောင်းဆုပြုပါတယ်ကွယ်
ဖွမသွားဖူးနော် ချောချောလေးမို့ သဘောတူတယ် ဟီးဟီး
သူ့ ကိုတော့ သေချာဂရုစိုက်နော် မစိုက်ရင်တော့ ဟင့် 
မလွယ်ဖူးမှတ်ပါ။
ကံကောင်းပါစေနော်
မိုး
မေးချင်တာလေးရှိလို့ ပြန်လာတာ အဟင့် 
ReplyDeleteဟိုနေ့ က အမေကို ပြောမယ်ဆိုတဲ့စကားပြောပြီးပြီလား
ခုတော့ချစ်တဲ့သူနဲ့ ဆိုတော့  သူ့ ကိုအရင်ပြောလိုက်ပြီပေါ့ 
:P အမတို့ ကတော့ အဖေကို ပဲအရင်ပြောမှာာာာာာာာာာာာ
လုံးဝ မလျှော့ ဖူး :))))))))))))))))))))))))))))))))))))))
M
ခုတလော တွေးနေ၊ ဖြစ်ချင်နေတာရော နောက်မှ ဖြစ်ချင်တောတွေအကုန်လုံး အဆင်ပြေပါစေ ကိုတောင်ပေါ်ရေ
ReplyDeleteခင်တဲ့
ဧရာဝတီ
ဒါကြောင့် မို့  ခုတလော ဆရာ ပေါ်ပေါ် ပျောက်ချက်သားကောင်းနေတယ်မှတ်တာ ..
ReplyDeleteဂလိုကြောင့် ဂလိုတွေ ဖြစ်နေတာကိုး....
သဲ သဲနဲ့ ဘာသဲလဲဟင်... မြစ်သဲလား... ချောင်းသဲလား... ပင်လယ်သဲလား... တကျင်းလောက်မှာချင်လို့ဗျာ... အိမ်သာဆောက်မလို့ နဲနဲလိုနေတာနဲ့ အတော်ပဲ .... ဟိဟိ..။
ReplyDeleteခုတလော ဘာတွေလုပ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဖတ်ပြီး ဘာမှမဆိုင်တဲ့ စာရေးသွားတာ ဘယ်လိုမှမထင်နဲ့နော်... ဘာရယ်မဟုတ်ဘူး ရေးသွားတာ.. ဟီး
လာဖတ်သွားတယိ ညီ
ReplyDeleteကတောင်ပေါ် နောက်ခံရူခင်း က ကျီးဖြူကန် ရူခင်းကြီး
ReplyDeleteခုလို အကြောင်းသိသွားတော့ နောက်ခါ
မသိသေးတဲ့ အကြောင်းကို ထပ်ဖွခိုင်းအုန်းမယ်
သီချင်းကြိုက်တာခြင်းတူတယ် အားရင် ပို့ ပေးအုန်းမယ်
အမေ့ကို ချစ်တယ်ဆိုတော့ အကြိုက်ခြင်းတူပြန်တယ်
အမေ့ကို ချစ်တာတော့ချစ်တာပဲ
အမေ့ စိတ်ချမ်းသာအောင် ကြိုးစားတဲ့သားလိမ်မာလေးဖြစ်ပါစေနော် ကတောင်ပေါ်