တခါတလေတော့လဲ ကျနော် တွေးနေမိသား..... ဘာရယ်တော့လဲ မဟုတ် ပျင်းနေရင် တွေးနေမိတာ လူတွေရဲ့ အကျင့်တခုမလား.. ဒီတော့လဲ ကျနော် တွေးမိတယ် (ဆိုလိုချင်တာက အပျင်းကြီးနေတယ်) ကျနော်တို့လို လူတွေအနေနဲ့ ခင်မင်စရာ တွယ်တာစရာလေးတွေကို ခုံမင်တတ်ကြတာပဲ။ မိသားစုနဲ့ ဝေးနေရတော့လဲ တခါတလေ မိသားစုကိုလွမ်းမိကြတယ်။ မိဘ၊ဆွေမျိုးတွေကို လွမ်းတတ်ကြမယ်..... သူငယ်ချင်း အပေါင်းအသင်းတွေကို သတိရတတ်ကြမယ်.... ကျနော်တို့တွေ ဒီလို အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရတာတွေ ထိုက်တန်တဲ့ ရလာဒ်တွေကော ရခဲ့ကြသလား....... သေချာစဉ်းစားကြည့်မိတော့ ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်ခဲ့တော့ပေ.......
အရင်တုန်းက ပိုးသားလို ဖြူတဲ့ အမေ့လက်ပေါ်မှာ ကျနော် ကြီးပြင်းလာခဲ့တယ်... ခုတော့ ကျနော် ပိုးသားလို လိုက် မဖြူနိုင်တော့ပေ.....
အရင်တုန်းက ကျနော် သူငယ်ချင်းတွေကို တွယ်တာတတ်တယ်... ခုတော့ ကျနော် သူငယ်ချင်းတွေကို မေ့နေတတ်ပြီ........
အရင်တုန်းက ကျနော် မိသားစုကို ခင်တွယ် မြတ်နိုးတယ်... ခုတော့ ကျနော် တယောက်ထဲ နေတတ်ခဲ့ပြီ.........
အရင်တုန်းက အထိုက်အလျောက် ဖြူစင်ခဲ့ဖူးတယ်... ခုတော့ ကျနော် အစွန်းအထင်းတွေ များခဲ့ပြီ...........
အရင်တုန်းက ကျနော် ရိုးသားခဲ့ဖူးတယ်....... ခုတော့ ကျနော် လိမ်တတ်ခဲ့ပြီ............
အရင်တုန်းက ကျနော် ပွင့်လင်းစွာ ပြောဆိုဖူးခဲ့သည်...... ခုကျနော် ပါးစပ်တွေ နှုတ်ဆိတ်နေတတ်ခဲ့ပြီ……..
အရင်တုန်းက အမှားတွေ နဲခဲ့တယ်…… ခုတော့ ကျနော် အမှားများနဲ့ လူတယောက် ဖြစ်နေပြီ……..
အရင်တုန်းက အမှားသိရင် ရှောင်ခဲ့ဖူးတယ်…. ခုတော့ ကျနော် အမှားကို သိရက်နဲ့ ထပ်တိုးနေမိပြီ…..
ခုနေများ အရင်တုန်းက မိတ်ဆွေ၊ သူငယ်ချင်းတွေ များတွေ့ရင် သူတို့ ရင်ထဲက ထွက်လာမဲ့ စကားလေး တခုကို ကျနော် ကြိုခန့်မှန်းတတ်ခဲ့ပါပြီ။
သြော်…. ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်တော့ပါ့လား……………………….
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
..........
လေးစားလျက်
တောင်ပေါ်သား
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ရင့်ကျက်တဲ့သဘောပေါ့။ ငယ်ငယ်ကသူငယ်ချင်းတွေနဲ့တွေ့လို့ “မင်း အရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူး”ဆိုရင် မရင့်ကျက်တဲ့သဘောလို့ထင်တယ်။ အရင်ကနဲ့မတူအောင် ပြောင်းလဲ ရင့်ကျက်ရမယ်။ ကျနော်ကတော့ စိတ်တွေ ညစ်ပတ်လာတာလွဲရင် မပြောင်းလဲသေးဘူးထင်တယ်။
ReplyDeleteဒီနေ့က လူနဲ့စိတ် က မနေ့က လူနဲ့စိတ်နဲ့ မတူနိုင်ဘူး ညီ။
ReplyDeleteကြိုတင်ခန့်မှန်းလာနိုင်တော့ ကောင်းတာပေါ့။ ကြိုတင်ပြင်ဆင်ခွင့်ရတယ်။
ဒီလိုပါပဲ တောင်ပေါ်သားရေ အသက်တွေ ကြီးလာတာနဲ့ အမျှ အမှားတွေ နောင်တတွေ သင်ခန်းစာတွေ ပြန်ပြင်ရင် ထပ်မှားရင်ပေါ့ ငယ်ငယ်တုန်းက ဘ၀လောက်တော့ ဘယ်ဖြူစင်နိုင်ပါ့မလဲလေ တောင်ပေါ်သားက အရင်တုန်းက ကျနော်မဟုတ်တော့သလို မောင်မျိုးက လည်း အရင်တုန်းက မောင်မျိုးမဟုတ်ဘူးပေါ့ အခုတောင်ပေါ်သားမှာ အရင်တုန်းကလို ဖြူစင်တဲ့ စိတ်ရင်း အခံလေး ရှိနေအုံးမှာပါ ယုံကြည်လျှက်ပါ ။ အဆင်ပြေပါစေ အရင်လို ပျော်စရာစာလေးတွေ စောင့်မျှော်လျှက်ပါ ။
ReplyDeleteအမ်........ မေသူကော..... အဲလိုဆိုအရင်နဲ့ တူသေးလား...မှန်ထဲခြေဆုံးခေါင်းဆုံးရပ်ကြည့်တယ် အရင်နဲ့ မတူတော့ဘူး... ရုပ်ပိုင်းဆိုင်ရာကအစ စိတ်ပိုင်းဆိုင်ရာအဆုံး... အချိန်တိုင်းပြောင်းနေတာပဲ... ဘယ်အရာမှမတည်မြဲဘူး... ပြောင်းလဲတယ်ဆိုလဲ အပေါ်က ဒေါ်မိုးခါးကပ်ပြောသွားသလိုမှတ်ပေါ့ ........ =P
ReplyDeleteတောင်ပေါ်က အဲဒီကတည်းက အကို့ ကိုသိလို့လား... :D.. ကိုယ့်အကြောင်း ကိုဖတ်သွားရသလိုပါပဲ... အမြဲတမ်းမှန်နေမဲ့ ပို့စ်လေးပါပဲ...နောက်ထပ် ၁၀ နှစ်ကြာလည်း အဲဒီလိုစဉ်းစား မိပါပဲ.. "သြော်..ပြီးခဲ့တဲ့ ၁၀ နှစ်က ကျွန်တော် မဟုတ်တော့ပါလား.."..ဆိုပြီး...
ReplyDelete