လူဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်တော့ ဘာလိုလိုနဲ့ ၂၆ နှစ်ဆိုတဲ့ အရွယ်အပိုင်းအချာထဲကို ရောက်လာခဲ့ပြန်ပြီ။ တနှစ် တနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မတိုးတက်လာသေးတဲ့ လူတယောက်အဖို့ ခဏလေးလို့ စိတ်ထဲကနေ တွေးနေမိပြန်တယ်။ လက်ရှိ အခြေအနေကို သေချာ ပြန်သုံးသပ်လိုက်တော့ အရင် တနှစ်နဲ့ ဘာဆို ဘာမှ ထူးခြားလာခဲ့တာ မရှိ။ အရာအားလုံးဟာ မနှစ်ကအတိုင်းလေးပဲ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုတွေကသာ များနေခဲ့တယ်။
တခါတလေ လမ်းစပျောက်နေတဲ့ သားကောင်လိုမျိုး စိတ်အလိုက အသားမကျတတ်ပြန်ဘူး။ တကိုယ်ထဲ ဖြတ်သန်းခဲ့တဲ့ နှစ်တွေထဲမှာ ဒီနှစ်ကတော့ မှတ်မှတ်ရရလေးတွေ ကျန်နေခဲ့ဦးမယ်ထင်ပါရဲ့.... ဒီနှစ်ထဲမှာ စာမေးပွဲ တခု ဖြေဖြစ်ခဲ့တယ်။ ဒါက အကျိုးအမြတ်တခု၊ ဒီနှစ်ထဲမှာ အလုပ်က ထင်သလောက် အဆင်မပြေခဲ့ဘူး။ ဒါက ဆုတ်ယုတ်မှု တခု။ ခုထက်ထိလဲ အဆင်မပြေတာတွေကော အဆင်ပြေတာတွေကော အစုံပါပဲ။
ခုဆို အဝေးကနေပဲ လွမ်းပြီး ကြည့်ရဦးမဲ့ တန်ဆောင်တိုင် ပွဲတော် လာတော့မယ်။ ကျနော့် မြို့လေးမှာလဲ ဒီအချိန်ဆို ကလေး၊လူကြီး အားလုံး လိုလို ပျော်ရွှင်နေမဲ့ အချိန်လေးပေါ့။ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လွှတ်တင်ဖို့ မီးပုံးပျံလေးတွေ သူတို့တွေ စုပေါင်းအားနဲ့ အားကြိုးမာန်တက် လုပ်နေကြလောက်ပြီ။ တခါတလေ မပြောပြတတ်အောင် လွမ်းတယ်။ စိတ်ကူးထဲမှာ ကျနော့်မြို့လေးကို မြင်ယောင် တွေးကြည့်နေမိတတ်တယ်။ ခုတလော Social Site တခု ဖြစ်တဲ့ Facebook ကျေးဇူးကြောင့် တောင်ကြီးသား ညီအကိုတွေ တင်ထားတဲ့ မီးပုံးပျံလုပ်နေတဲ့ ပုံတွေ၊ တောင်ကြီးမြို့လေးရဲ့ ရူခင်းဓါတ်ပုံလေးတွေကို မြင်ရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်မိပြန်တယ်။
မိသားစုကိုလည်း လွမ်းတယ်။ အမေ့ကို သတိရတယ်။ သတိရတဲ့ အထဲမှာ အမေ့နဲ့ အဒေါ်ချက်တဲ့ ဟင်းအမယ်စုံတွေကိုလဲ သတိရတယ်။ ညီ၊ ညီမလေးတွေကိုလဲ သတိရတယ်... မွေးစလေးကတည်းက ဝေးခဲ့တဲ့ အမွှာ တူနှစ်ကောင်ကိုလဲ ပြန်မြင်ဖူးချင်တယ်။ သူတို့ဆို ကျနော့်ကို ဘယ်မှတ်မိပါ့မလဲ။ ဖုန်းဆက်လိုက်ပြီဆို ဦးလေး ဦးလေးနဲ့ ခေါ်နေပုံက ကျနော့်အသက်က ကြီးလာနေကြောင်း မီးမောင်း ထိုးပြနေသလိုလို.... အသက်တွေ အဖြည်းဖြည်းကြီးလာတဲ့ အမေ့ကို ဘာမှ မယ်မယ်ရရ ထောက်ပံ့မှုတွေ မပေးနိုင်သေးဘူး...... အမေ့တိုက်ကျွေးခဲ့တဲ့ နို့ဖိုးမဆပ်နိုင်သေး.. ဘယ်တော့မှလဲ အကျေ ဆပ်နိုင်လိမ့်မည်မဟုတ်... မိဘမေတ္တာသည် ဘယ်တော့မှ ဆပ်ကုန်နိုင်မည်မဟုတ်.....
စင်ကာပူ ဆိုတဲ့ အတိုင်း ဆင့်ကာပူနေရတဲ့ ဒီနိုင်ငံလေးမှာ တခါတလေတော့လဲ အဝေးကို ထွက်ပြေးချင်သား....... အလုပ်ပြောင်းနေတာ ကုမ္ပဏီ ၅ ခု ရှိပြီ။ အလုပ်က ကြိုက်ပေမဲ့ အစိုးရက Work Permit မချပေးတော့ လက်ရှိအလုပ်လေးမှာပဲ ကပ်နေရပြန်တယ်။ ခုနောက်ပိုင်း စင်ကာပူမှာ အလုပ်တခုရဖို့ အတော်ကို ကြိုးစားနေရသည်။ သူငယ်ချင်းတချို့ အဆင်မပြေ ပြန်သွားကြသည်။ မရှိရှိတာလေး အကုန်ခံပြီး အလည်လာ အလုပ်ရှာကြသူများ ခုတလော မလာတာပိုကောင်းမည်။ ကျနော့် အမြင်ကတော့ လက်ရှိ အခြေအနေအရ မလာစေချင်ကြသေးပါ။
ကြားထဲမှာ စာတွေ ရေးချင်စိတ်မရှိလောက်အောင်ကို ဖြစ်နေတာ.. ဒါပေမဲ့ Blog ဆိုတာကိုတော့ မေ့ထားလို့ မရခဲ့ပါဘူး ကျနော် ချစ်တဲ့ အကိုမောင်နှမတွေရဲ့ စာတွေကို သူတို့မသိပဲ Google Reader လေးထဲကနေ နေ့စဉ် ဖတ်နေရပါတယ်။ ဒီလိုနဲ့ ကျနော့်ရဲ့ Site လေးလဲ လူသူမရှိ ဖုန်ထူနေပြီပေါ့။ ကျနော့် Site လေးကို လာပြီး မေးမြန်းတဲ့ လာရောက်လည်သွားတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူး အထူးတင်ပါတယ်။ အခက်အခဲတွေ ရှိတိုင်း တကယ့် မောင်နှမတွေလို ကူညီကြတဲ့ လူတွေကိုလဲ ကျနော် ကျေးဇူးတကယ် တင်မိပါတယ်။
ယခု အသက် ၂၆ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် တယောက်ထဲ ယခုလို နေရဦးမည်မသိ။ နေခဲ့သည် ဘဝတလျှောက်မှာတော့ အကောင်းလို့ ထင်တာတွေကို လုပ်ခဲ့သည်။ မကောင်းတာတွေလဲ ပါချင်ပါခဲ့မည်။ ကျနော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည့် လူများ၊ စိတ်ဆင်းရဲခဲ့ရသည့် လူများကိုလဲ ကျနော်တောင်းပန်ချင်ပါသည်။ အားလုံးသော ညီအကို မောင်နှမတွေ လိုအပ်ချင်များစွာ ပြည့်စုံပါစေလို့ ကျနော်ဆုတောင်းပေးပါသည်။
တကယ်တော့ ကျနော်တို့အားလုံးသည် ရေကြည်ရာ၊ မြက်နုရာ ရှာဖွေနေကြသော ခေတ္တအသိုက်ပြောင်းလာကြသည့် ငှက်ကလေးတွေသာ.... ရာသီဥတု ဆိုးရွား၍ပဲ ဖြစ်ဖြစ်၊ စားစရာ အဟာရတွေ ကုန်ခမ်းလာ၍ပဲ ဖြစ်ဖြစ် ကျနော်တို့ ဌာနေကို စွန့်ခွာ၍ သူတပါးတွေ နေသည့် အရပ်တခုမှ ခေတ္တခဏ မှီခိုနေသည့် ဆောင်းခိုငှက်လေးတွေ ပမာသာ.... အချိန်တန်လို့ နွေဦးရောက်ပြီးဆိုလျှင်တော့ ကျနော်တို့ ကွန်းခိုရာ သာယာလှပတဲ့ ဌာနေကို အားလုံးပြန်ကြမည်သာ ဖြစ်သည်ဟု ကျနော်ကတော့ ခံယူသည်။ ဒီလို သာယာလှပတဲ့ ကျေးငှက်သံတွေ တွန်ကျူးနေတဲ့ အရပ်လေးကို ကျနော်တို့ မျှော်ကြည့်ရင်း.........
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
Labels
- Blog (470)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
Happy Birthday ညီလေးရေ ...း)
ReplyDeleteHappy Birthday တောင်ပေါ်..ဤမွေးနေ့မှစ အစစအရာရာ အဆင်ပြေလို့ ညီ့လိုအင်ဆန္ဓတွေပြည့်ဝပါစေကွာ..
ReplyDelete့Happy birthday bro,
ReplyDeleteမွေးနေ့မှ စ၍ လာမဲ့နေ့တွေတိုင်းမှာ ပျော်ရွှင်စရာများနှင့်
ပြည့်စုံတဲ့ ဘဝလေး ကို ပိုင်ဆိုင်ပါစေလို့ အကိုဆုတောင်းပေးပါတယ်။
ရီနိုမာန်
HAPPY BIRTHDAY ပါမောင်လေးရေးးးးးးးးးးးး
ReplyDeleteကျမ်းမာပျော်ရွှင်ပြီး ဘဝရည်မှန်းချက်များအမြန်အောင်မြင်တဲ့အပြင် ချစ်သောမိသားစု ချစ်သောသူနဲ့ထာဝရပျော်ရွှင်တဲ့ဘဝကိုတည်ထောင်နိုင်ပါစေလို့ ဒီကနေပဲဆုတောင်းပေးလိုက်ပါတယ်။မောင်လေးရေး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
၂၆ တောင် ရှိသွားပြီလား .. မထင်ရဘူးနော် :P .. မွေးနေ့ဆုတောင်း နောက်ကျသွားတယ် .. ခွင့်လွှတ်နော် :P
ReplyDeleteပျော်ရွှင်မှု အောင်မြင်မှုတွေ ရရှိပါစေ ..း)
ဆန္ဒနဲ့ ဘ၀ ထပ်တူ ကျပါစေရှင် :)
တောင်ချွန်းပုံကိုကြည့်ပြီးလွမ်းလိုက်တာ
ReplyDeleteကျေးဇူးပါတောင်ကြီးသားရေ...၂၆ နှစ်ပြည့်မွေးနေ့လား
ထာဝရရွှင်လန်းချမ်းမြေ့ပါစေဆုတောင်းပေးပါတယ်