
မျှော်လင့်ချက်လေးကိုယ်စီ
အမိတက္ကသိုလ် တက်ခွင့်ရရင်ဖြင့်
အင်လျားကန်စောင်း ဂျပ်ဆင်ထိပ်ဝယ်
သူငယ်ချင်းအပေါင်း ပျော်ရွှင်မူမယ်
ရာဇ၀င်တွင်တဲ့ သစ်ပုတ်ပင်အောက်
စုဝေးကြမယ် ရိုးရာဓလေ့ ဖလှယ်ကြမယ်
ကံကော်ရနံ့သင်းတဲ့ အဓိပတိလမ်းလေးရယ်
ညအခါဝယ် ဂီတာတီးလို့ သူငယ်ချင်းတွေ ပျော်ရွှင်ကြမယ်
ကျောင်းသား၊ကျောင်းသူ သွေးစည်းလုံးလို့
ပြည်ထောင်စုကြီး စည်ပင်လှမယ်....
ဒီကျောင်းတော်က ပညာတတ်တွေ မွေးထုတ်ခဲ့တယ်
ဗိုလ်အောင်ဆန်းလို စိတ်ဓါတ်မျိုးတွေ ရှင်သန်ခဲ့တယ်
လူသားစိတ်အပြည့်ရှိတဲ့ ကိုထင်ကျော်တို့ နေခဲ့ကြတယ်
အများအတွက်စတေးခံမဲ့ ကျောင်းသားအများ မွေးထုတ်ခဲ့တယ်......
ခုတော့လဲ... ခုတော့လဲ..... ခုတော့လဲ..........
စာကြွင်း ။ ။ ကျနော် မတက်ခဲ့ဘူးတဲ့ မိန်းတက္ကသိုလ် ကြီးကို စိတ်ကူးယဉ် မိခြင်းဖြစ်ပါတယ်။
ပုံကိုတော့ Google က ရှာထားပါတယ်။
လေးစားလျက် တောင်ပေါ်သား
.jpg)
.jpg)
.jpg)
