Labels

အမေ

အမေ့ကို အရမ်း ချစ်တယ် ၊ သတိရတယ်ဗျာ............

လေးစားလျက် တောင်ပေါ်သား

ရင်ထဲက တက္ကသိုလ်

မျှော်လင့်ချက်လေးကိုယ်စီ
အမိတက္ကသိုလ် တက်ခွင့်ရရင်ဖြင့်
အင်လျားကန်စောင်း ဂျပ်ဆင်ထိပ်ဝယ်
သူငယ်ချင်းအပေါင်း ပျော်ရွှင်မူမယ်
ရာဇ၀င်တွင်တဲ့ သစ်ပုတ်ပင်အောက်
စုဝေးကြမယ် ရိုးရာဓလေ့ ဖလှယ်ကြမယ်
ကံကော်ရနံ့သင်းတဲ့ အဓိပတိလမ်းလေးရယ်
ညအခါဝယ် ဂီတာတီးလို့ သူငယ်ချင်းတွေ ပျော်ရွှင်ကြမယ်
ကျောင်းသား၊ကျောင်းသူ သွေးစည်းလုံးလို့
ပြည်ထောင်စုကြီး စည်ပင်လှမယ်....
ဒီကျောင်းတော်က ပညာတတ်တွေ မွေးထုတ်ခဲ့တယ်
ဗိုလ်အောင်ဆန်းလို စိတ်ဓါတ်မျိုးတွေ ရှင်သန်ခဲ့တယ်
လူသားစိတ်အပြည့်ရှိတဲ့ ကိုထင်ကျော်တို့ နေခဲ့ကြတယ်
အများအတွက်စတေးခံမဲ့ ကျောင်းသားအများ မွေးထုတ်ခဲ့တယ်......
ခုတော့လဲ... ခုတော့လဲ..... ခုတော့လဲ..........

စာကြွင်း ။ ။ ကျနော် မတက်ခဲ့ဘူးတဲ့ မိန်းတက္ကသိုလ် ကြီးကို စိတ်ကူးယဉ် မိခြင်းဖြစ်ပါတယ်။
ပုံကိုတော့ Google က ရှာထားပါတယ်။

အတန်းပညာ

မနေ့ညက အိမ်အပြန် ရထားပေါ်တွင် နေရာလွတ်တခုတွေ့၍ ၀င်ထိုင်ဖြစ်သည်။ ဘေးတွင် မြန်မာ အမျိုးသမီးကောင်မလေး နှစ်ယောက် စကားပြောနေသည်ကို ကြားနေရသည်။ သူတို့ စကားတွေကို ကြားရတော့ ရင်ထဲမှာ မကောင်းပေ။ မသိသလိုနဲ့ မျက်လုံးအစုံကို ပိတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်ပါသည်။ တယောက်မှာ အသက်အရွယ်အားဖြင့် ကျနော်နှင့် ရွယ်တူလောက်တာ ရှိပေဦးမည်။ နောက်တယောက်မှ ကျနော်ထက်ပင် ငယ်ဦးမည်ဟု ထင်မိပါသည်။ ဘ၀ကို ဖြတ်သန်းနေပုံများ ချီးကျူးစရာပင်ဖြစ်သည်။ ကိုယ့်ဟာကို ပြန်သုံးသပ်မိပါတယ်။ တနေ့တနေ့ ဘာမှ မတိုးတက်လာပဲ အလုပ်ကပြန် ပင်ပန်းသည်ဟုဆိုကာ အချိန်တွေကို အလကားဖြုန်းနေမိသည်။ သူတို့လိုများ လုပ်ရလျှင်ဖြင့် သေဖို့တာ ရှိပေမည်။ သြော် ခက်ခဲလှကြမ်းတမ်းလှတဲ့ ကျနော်တို့ မြန်မာတွေ ဘ၀ပါလား… ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဖြစ်နေသည်။ ထိုသူနှစ်ယောက် ဆိုသည်ကား ကျောင်းသူလေး နှစ်ယောက်ပင်ဖြစ်သည်။

ကျနော် Bugis MRT ကနေ အပြန် ကြားခဲ့ရတဲ့ အဖြစ်လေးပါ။ သူတို့နှစ်ယောက်လုံး ကျောင်းတက်နေကြသည်။ မိဘဆီက ငွေကို ပြန်မတောင်းချင်တော့ အလုပ်တွေ အချိန်ပိုင်း အလုပ်တွေ လုပ်နေကြရသည်။ ဘယ်လောက် ပင်ပန်းမည်နည်း။ ဘယ်သူမှ သူတို့ကို စာနာသနားပေးမည်သူ မရှိကြဘူးလား မသိ။ သူတို့ရဲ့ ပင်ပန်းမူတွေ စိတ်ဆင်းရဲမူတွေကို တယောက်နှင့် တယောက် ရင့်ဖွင့်နေသည်ကို ဘေးက ကျနော် ကြားနေရသည်။ ဒီမှာ အတွေးတခု ၀င်လာသည်။ ပညာရေး…………

ပညာရေး………. ကျနော်တို့တိုင်းပြည်မှာ ပညာတတ်လူတန်းစားတွေ များသည်။ ကျနော်နားလည်သလောက် ပညာဆိုသည်မှာ အတန်းပညာ၊ လက်မူပညာဆိုပြီး (၂) ခု ရှိသည်ဟု နားလည်ပါတယ်။ ဒီမှာ ကျနော်တို့ တိုင်းပြည်ကလူတွေက အတန်းပညာထက် လက်မူပညာကို ပိုမိုအောင်မြင်တတ်မြောက်ကြသည်ဟု ထင်ပါသည်။ အတန်းပညာဆိုတာ တကယ်တန်း တတ်မြောက်လျှင် သေချာကျွမ်းကျင်လျှင် ဘ၀အတွက် အာမခံချက်ပေးသော ပညာရပ်တခုဖြစ်ပါသည်။ အတန်းပညာတန်းမြောက်ပြီး လက်မူပညာ၊စီမံမူတွေ တတ်သူတယောက်အနေနဲ့ ဘ၀မှာရုန်းကန်ရတာ ပိုမိုအဆင်ပြေ ချောမွေ့မည်ဟု ယုံကြည်ပါသည်။ ဒီအတွက် ကျနော်တို့ ပညာကို ကြိုးစားသင်ယူလာကြရတာပါ။ ကျနော်တို့ကော သင်သလောက် တတ်သလား…….

ဒီမှာပြောစရာရှိတာက ကျနော်တို့ကို သင်ပေးတဲ့ ဆရာ၊ဆရာမတွေကို အပြစ်မဆိုပါ။ သူတို့ကျေးဇူးကြောင့်ကျနော်တို့ ဒီဘ၀ကို ရောက်ခဲ့ရပါသည်။ ဒါပေမဲ့ ကျနော်အမြင် ပညာရေးစနစ်ကို ပြင်ဖို့တော့ လိုအပ်သည်ဟုထင်မြင်မိပါသည်။ ဆိုလိုသည်က ကျနော်တို့ Physic နဲ့ ကျောင်းပြီးသွားလျှင် သူနဲ့ သက်ဆိုင်တဲ့ အလုပ်ကို ၀င်ဖို့ လိုအပ်ပါသည်။ ခုဟာက ကျနော်တို့ ရတဲ့ဘွဲ့နှင့် လုပ်နေရသည့် အလုပ်နှင့်က တခြားဆီ ဖြစ်နေပါသည်။ ဒီအတွက် ကျနော်တို့မှာ သူများတိုင်းတပါးများထက် ပိုမိုရုန်းကန်နေရတာတွေ့ရပါတယ်။ တကယ်တမ်း သူများနိုင်ငံမှာ အလုပ်လာလုပ်မယ်ဆို ဘွဲ့တခုကတော့ မရှိမဖြစ် ယူထားမှ ရမယ်ဆိုတာ အတော်များများ လက်ခံကြပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ငန်းခွင်ဝင်နဲ့ သက်ဆိုင်တဲ့ ဘွဲ့မျိုးဆိုလျှင်ပို အဆင်မပြေဘူးလား…

အထက်ကပြောသွားတဲ့ ကောင်မလေးနှစ်ယောက်မှာ တယောက်က Engineer နဲ့ ကျောင်းပြီးသွားပြီး ခု စင်ကာပူမှာ Account တက်နေသည်တဲ့။ ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲလို့ ကျနော်တွေးမိသည်။ သူများနိုင်ငံတွေက လူတွေက တကယ်တတ်ကြသည်။ ဒီလိုဆိုလို့ ကျနော်တို့နိုင်ငံက လူတွေကို မတတ်ဘူးဟု မဆိုလိုပါ။ ကျနော်တို့တွေက လမ်းကို အလွယ်လိုက်ကြတာများသည်။ ကျနော်ကိုယ်တိုင်ပင်ဖြစ်သည်။ ဥပမာ ကျနော်န

အတန်းပညာ

မနေ့ညက အိမ်အပြန် ရထားပေါ်တွင် နေရာလွတ်တခုတွေ့၍ ၀င်ထိုင်ဖြစ်သည်။ ဘေးတွင် မြန်မာ အမျိုးသမီးကောင်မလေး နှစ်ယောက် စကားပြောနေသည်ကို ကြားနေရသည်။ သူတို့ စကားတွေကို ကြားရတော့ ရင်ထဲမှာ မကောင်းပေ။ မသိသလိုနဲ့ မျက်လုံးအစုံကို ပိတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်ပါသည်။ တယောက်မှာ အသက်အရွယ်အားဖြင့် ကျနော်နှင့် ရွယ်တူလောက်တာ ရှိပေဦးမည်။ နောက်တယောက်မှ ကျနော်ထက်ပင် ငယ်ဦးမည်ဟု ထင်မိပါသည်။ ဘ၀ကို ဖြတ်သန်းနေပုံများ ချီးကျူးစရာပင်ဖြစ်သည်။ ကိုယ့်ဟာကို ပြန်သုံးသပ်မိပါတယ်။ တနေ့တနေ့ ဘာမှ မတိုးတက်လာပဲ အလုပ်ကပြန် ပင်ပန်းသည်ဟုဆိုကာ အချိန်တွေကို အလကားဖြုန်းနေမိသည်။ သူတို့လိုများ လုပ်ရလျှင်ဖြင့် သေဖို့တာ ရှိပေမည်။ သြော် ခက်ခဲလှကြမ်းတမ်းလှတဲ့ ကျနော်တို့ မြန်မာတွေ ဘ၀ပါလား… ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဖြစ်နေသည်။ ထိုသူနှစ်ယောက် ဆိုသည်ကား ကျောင်းသူလေး နှစ်ယောက်ပင်ဖြစ်သည်။

ကျနော် Bugis MRT ကနေ အပြန် ကြားခဲ့ရတဲ့ အဖြစ်လေးပါ။ သူတို့နှစ်ယောက်လုံး ကျောင်းတက်နေကြသည်။ မိဘဆီက ငွေကို ပြန်မတောင်းချင်တော့ အလုပ်တွေ အချိန်ပိုင်း အလုပ်တွေ လုပ်နေကြရသည်။ ဘယ်လောက် ပင်ပန်းမည်နည်း။ ဘယ်သူမှ သူတို့ကို စာနာသနားပေးမည်သူ မရှိကြဘူးလား မသိ။ သူတို့ရဲ့ ပင်ပန်းမူတွေ စိတ်ဆင်းရဲမူတွေကို တယောက်နှင့် တယောက် ရင့်ဖွင့်နေသည်ကို ဘေးက ကျနော် ကြားနေရသည်။ ဒီမှာ အတွေးတခု ၀င်လာသည်။ ပညာရေး…………

ပညာရေး………. ကျနော်တို့တိုင်းပြည်မှာ ပညာတတ်လူတန်းစားတွေ များသည်။ ကျနော်နားလည်သလောက် ပညာဆိုသည်မှာ အတန်းပညာ၊ လက်မူပညာဆိုပြီး (၂) ခု ရှိသည်ဟု နားလည်ပါတယ်။ ဒီမှာ ကျနော်တို့ တိုင်းပြည်ကလူတွေက အတန်းပညာထက် လက်မူပညာကို ပိုမိုအောင်မြင်တတ်မြောက်ကြသည်ဟု ထင်ပါသည်။ အတန်းပညာဆိုတာ တကယ်တန်း တတ်မြောက်လျှင် သေချာကျွမ်းကျင်လျှင် ဘ၀အတွက် အာမခံချက်ပေးသော ပညာရပ်တခုဖြစ်ပါသည်။ အတန်းပညာတန်းမြောက်ပြီး လက်မူပညာ၊စီမံမူတွေ တတ်သူတယောက်အနေနဲ့ ဘ၀မှာရုန်းကန်ရတာ ပိုမိုအဆင်ပြေ ချောမွေ့မည်ဟု ယုံကြည်ပါသည်။ ဒီအတွက် ကျနော်တို့ ပညာကို ကြိုးစားသင်ယူလာကြရတာပါ။ ကျနော်တို့ကော သင်သလောက် တတ်သလား…….

ဒီမှာပြောစရာရှိတာက ကျနော်တို့ကို သင်ပေးတဲ့ ဆရာ၊ဆရာမတွေကို အပြစ်မဆိုပါ။ သူတို့ကျေးဇူးကြောင့်ကျနော်တို့ ဒီဘ၀ကို ရောက်ခဲ့ရပါသည်။ ဒါပေမဲ့ ကျနော်အမြင် ပညာရေးစနစ်ကို ပြင်ဖို့တော့ လိုအပ်သည်ဟုထင်မြင်မိပါသည်။ ဆိုလိုသည်က ကျနော်တို့ Physic နဲ့ ကျောင်းပြီးသွားလျှင် သူနဲ့ သက်ဆိုင်တဲ့ အလုပ်ကို ၀င်ဖို့ လိုအပ်ပါသည်။ ခုဟာက ကျနော်တို့ ရတဲ့ဘွဲ့နှင့် လုပ်နေရသည့် အလုပ်နှင့်က တခြားဆီ ဖြစ်နေပါသည်။ ဒီအတွက် ကျနော်တို့မှာ သူများတိုင်းတပါးများထက် ပိုမိုရုန်းကန်နေရတာတွေ့ရပါတယ်။ တကယ်တမ်း သူများနိုင်ငံမှာ အလုပ်လာလုပ်မယ်ဆို ဘွဲ့တခုကတော့ မရှိမဖြစ် ယူထားမှ ရမယ်ဆိုတာ အတော်များများ လက်ခံကြပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ငန်းခွင်ဝင်နဲ့ သက်ဆိုင်တဲ့ ဘွဲ့မျိုးဆိုလျှင်ပို အဆင်မပြေဘူးလား…

အထက်ကပြောသွားတဲ့ ကောင်မလေးနှစ်ယောက်မှာ တယောက်က Engineer နဲ့ ကျောင်းပြီးသွားပြီး ခု စင်ကာပူမှာ Account တက်နေသည်တဲ့။ ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲလို့ ကျနော်တွေးမိသည်။ သူများနိုင်ငံတွေက လူတွေက တကယ်တတ်ကြသည်။ ဒီလိုဆိုလို့ ကျနော်တို့နိုင်ငံက လူတွေကို မတတ်ဘူးဟု မဆိုလိုပါ။ ကျနော်တို့တွေက လမ်းကို အလွယ်လိုက်ကြတာများသည်။ ကျနော်ကိုယ်တိုင်ပင်ဖြစ်သည်။ ဥပမာ ကျနော်နှင့်သက်ဆိုင်သည့် Computer Exam မေးခွန်းအဖြေများကို ကျနော်တို့ အင်တာနက်ကနေပြီး ယူသည် ပြီးရင် မေးခွန်း ၃၀၀ လောက်အလွတ်ကျက်သည်။ စာမေးပွဲ ဖြေသည် အောင်သည်။ ဒါဆို Microsoft ကပေးသော လက်မှတ်ဆိုတာကြီး ရသည်။သူများနိုင်ငံကလူတွေ ဒီလိုမလုပ်ဘူးလားဆိုတော့ သူတို့လဲ ဒီလိုမေးခွန်းတွေ ကျက်တာပါပဲ။ ဒါပေမဲ့ သူတို့တွေက Lab တခုချင်းကို ကျေညက်အောင် လုပ်ကြသည်။ ဒီအတွက် အလုပ်တွင် အခက်အခဲဆိုတာ သိပ်မရှိ၊ ကျနော်တို့ကတော့ စာအုပ်ကြီးအတိုင်း ကျက်ဖြေကြသည်။ အလုပ်တွင် အခက်အခဲ ရှိသောအခါ ဘာမှ မလုပ်တတ်တော့….

ဒီတော့ အခြေခံ အကြောင်းတရားတွေကို ပြန်ကောက်ကြည့်လိုက်တော့ ကျနော်တို့ဘာလို့ မေးခွန်းကို ကျက်ဖြေလုပ်တာတုန်း။ ဘာကိုထပ်တွေ့ရသလဲဆိုတော့ ကျနော်တို့အတွက် စမ်းသပ်စရာ Resource တွေက ဘယ်မှာတုန်း…. သာမန်ပြည်သူတယောက်အနေနဲ့ ဒီလိုတန်ဖိုးကြီးတွေကို ၀ယ်ပြီး စမ်းသပ်နိုင်မလား… ဥပမာ အင်ဂျင်နီယာ တယောက်အတွက် သူအတွက် လုံလောက်တဲ့ လေကျင့်မူတွေ ရခဲ့ရဲ့လား… လေ့ကျင့်မူဆိုတာ စာတွေ့ထက် လက်တွေ့ကို ပိုဆိုလိုတာပါ။ ဒီတော့ ကျနော်တို့ ဘာလိုအပ်နေလဲ စာဖတ်သူ မြင်နိုင်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ မကြိုးစားကြတော့ဘူးလား…. ဒီအတိုင်း ကျနော်တို့ ထမင်းစားလို့ရရုံလေးကို ကျေနပ်နေသင့်သလား…..

ဆက်ပါဦးမည်… စိတ်ထဲက ခံစားချက်များ ဖြစ်ပါသည်။ လွတ်လပ်စွာ ကွဲလွဲနိုင်ခွင့် ရှိပါသည်။

မှတ်ချက်။ ။ ပုံကို ကျနော် ဖြတ်ညှပ်ကပ် လုပ်ပါသည်။ ဒီက ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

တို့ဟူးနွေး

ခုတလော စိတ်ထဲမှာ မွေးရပ်မြေက ရှမ်းအစားအစာလေးတွေ အရမ်းစားချင်နေပါတယ်။ အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးသုတ်တွေ အရမ်းစားချင်ပါတယ်။ ဒါနဲ့ ဦးရှင်ကြီး ကို ဖုန်းဆက်တော့ ဦးရှင်ကြီးက အားရက်ကြရင် လုပ်ကျွေးမယ်တဲ့.. စားရပါဦးမယ် အဟဲ စားချင်သူများ မောင်တောင်ပေါ်သားကို ဆက်သွယ်ကြဗျို့.. တီဝါ အိမ်ကိုလဲ သွားလည်ပြီးရင် အော်ပြီး ချက်ကျွေးခိုင်းရတာ အမောပါပဲ။ အပြင်မှာ မစားရတော့ တီဝါ တို့ကိုသွားအော်တာပါ။ မနေ့ကတော ဦးရှင်ကြီးကို ဖုန်းဆက်ပြီး တို့ဟူးလုပ်နည်းတွေ တို့ဟူးနွေး လုပ်နည်းတွေ သေချာမေးပါတယ်။ သူကလဲ သေချာ ပြောပြပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း တောင်ပေါ်သား ငပျင်းက အဆင့်တွေ များလို့ မလုပ်ဖြစ်ပါဘူး။ ဒီနေ့ညတော့ အာသာဖြေတဲ့အနေနဲ့ ရှမ်းအစားအစာတွေ ရောင်းတဲ့ ပနဆူလာ ပလာဇာအောက်က အင်းလေးကို ရောက်ခဲ့ပါတယ်။

အင်းလေးက နေရာထိုင်ခင်းလေးတွေက မဆိုးပါဘူး။ တော်တော်ကို သပ်ရပ်ပြီး အဆင်ပြေပါတယ်။ အဲ့က အကိုအမတွေကလဲ တော်တော်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ၀င်ဝင်ခြင်း ရေအေးတခွက်လာချပေးပါတယ်။ နောက်ပြီး menu လေးလာပေးပါတယ်။ အစစအရာအရာ အဆင်ပြေပါတယ်။ ဒါနဲ့ အစားချင်ဆုံးဖြစ်တဲ့ တို့ဟူးနွေး တပွဲ မှာလိုက်တယ်။ တို့ဟူးကြော်ပါ မှာမလို့လုပ်တော့ အဲ့ကအမကြီးက သိနေတယ်ထင်ပါ့။ တို့ဟူးနွေးထဲမှာ တို့ဟူးကြော်ပါ ထည့်ပေးတယ်ဆိုတာနဲ့ တောင်ပေါ်သားလဲ ကတ်စေးနဲနဲ နဲ့မှာလိုက်တော့ဘူးပေါ့ အအေးကတော့ ပင်မှည့်ဖျော်ရည်တခွက် မှာလိုက်တယ်။ ဈေးကတော့ သူများဆိုင်ထက်စာရင် အနည်းငယ်ကြီးတာကို တွေ့ရပါတယ်။ တို့ဟူးနွေးက မှာတုန်းက အချိုရည်မထည့်ခိုင်းဖို့ပါပဲ ဒါပေမဲ့ မေ့သွားတယ်ဗျာ.. ကျနော်က အချိုရည်နဲ့ဆို မစားတတ်ဘူးရယ်...ဒါပေမဲ့ မတတ်နိုင်ပါဘူး စားချင်တော့လဲ ကိုယ်တိုင်တယောက်ထဲ အေးဆေး သွားထိုင်စားရတာပေါ့ဗျာ.. ကဲ စားဦးမလား တို့ဟူးနွေး...

တို့ဟူးနွေး မှာထားတာ မလာတော့ မြင်တာလေးတွေ ရိုက်ထားတာ... ဖုန်းကင်မရာကို လျှောက်ကလိရင်နဲကပေါ့... (ရေအေးတခွက်ပါ)

ဒါက သူတို့ချပေးတဲ့ Menu ပါ။ အစုံပါပဲ ရှမ်းအစားအစာတွေ ရတယ်။ ကြေအိုးခေါက်ဆွဲ စုံနေတာပဲ အအေးမျိုးစုံလဲ ရပါတယ်။

စားတဲ့လူကစား၊ ရောင်းတဲ့လူက ရောင်းနဲ့ ဟုတ်နေတာပဲ ဟန်ကျနေတာ.. စဉ်းစားမိသေး... ဒီလိုဆိုင်လေး ဖွင့်နိုင်ရင်မစိုးဘူးလို့..... ဟီးးးးး

တို့ဟူးနွေးလေး လာပါပြီခင်ဗျာ.....

စားကောင်းကောင်းနဲ့ စားလိုက်တာ အရောက်နောက်ကျတဲ့ အအေးခွက်တောင် မရိုက်ဖြစ်ခဲ့ပါဘူး ဟီးးးးးးး အဲ့လို မေ့တတ်တာ.....

လေးစားလျက် တောင်ပေါ်သား

pan>

ဒါက..ဒီလိုရှိတယ်

အမ မငုံက Tag ပြန်ပါတယ်။ ဒါက ဒီလိုရှိတယ်တဲ့ (ဘာက ဘာကိုရှိတာလဲတော့ ကျနော် သေချာမသိပါ)။ ဘ၀မှာ လွှဲခဲ့တဲ့အရာတွေ ရှိသလို ပြင်သင့်တဲ့ အရာတွေလဲ ရှိပါတယ်။ ဒါလေးတွေကို ရေးခိုင်းလိုက်တာပါ။ ကျနော်ဘ၀မှာ လွဲခဲ့တဲ့ အရာတွေလဲ အတော်များများရှိခဲ့ပါတယ်။ ဒီလိုပဲ ပြင်သင့်ပင်မဲ့ မပြင်နိုင်ခဲ့ပဲ စိတ်အလိုလိုက်မိခဲ့တာတွေလဲ အများကြီးပါ။ ကဲ လေ့လာ ဝေဖန်သွားပေတော့ဗျာ....း)

၁)စိတ်ဓါတ်

ပထမဆုံး ကျနော်ရဲ့ စိတ်ဓါတ်ပါ။ အရာရာကို ကိုယ်လုပ်ချင်တာ ကိုယ်မှန်မယ်ထင်ရင် လုပ်တတ်တဲ့ အကျင့်တခုပါ။ ဒါလေးက တခါတလေ ကောင်းလှပေမဲ့ အမြဲတမ်းတော့ လူအသိုင်းအ၀ိုင်းထဲမှာ နေမယ်ဆိုရင် အဆင်ပြေလှတယ်မဟုတ်ပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် လုပ်ယူနေဆဲပါ။ တခါတလေ ကျနော်ရဲ့ စကားပြောတွေဟာ သူငယ်ချင်းတွေရဲ့ နားမှာအ၀င်ဆိုးစေပါတယ်။ ဒါဟာလဲ ပြင်သင့်တဲ့ အချက်တခုပါ။ ဘုကန့်လန့်လဲ လုပ်တတ်ပါသေးတယ်။ ငယ်ငယ်တုန်းကဆို ပိုဆိုးပါတယ်။ အဖွားအိမ် သွားလည်လို့ ထမင်းစားနေရင် ဦးလေးက စနေရင် ကျနော် စိတ်တိုလာရင် ထမင်းစားပွဲတခုလုံးကို မှောက်ချလိုက်တတ်တာပါ။ ပန်းကန်တွေဆို အဝေးကို ပစ်ထုတ်လိုက်တာပါ။ (ခု အဲ့ဒီ ဦးလေးလဲ ဆုံးသွားပါပြီ ဘ၀မှာ အမှတ်တရ အနေနဲ့ ကျန်နေဆဲပါ)

၂)အိပ်ချိန်

ကျနော် ဒီမှာ တခေါက် ရေးခဲ့ဖူးပါတယ်။ ကျနော်ရဲ့ အကျင့်လေးတွေကိုပေါ့။ တခါတလေ အတော့်ကို ဆိုးပါတယ်။ အိပ်ချိန်ကို ပုံမှန်မထားတတ်ပါဘူး။ ဥပမာ အလုပ်မရှိတဲ့ သောကြာ၊စနေ ညတွေဆို ကျနော် မိုးလင်းမှ အိပ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ထတော့ နေ့လည်ပိုင်းလောက်မှ ထဖြစ်ပါတယ်။ တခါတလေ ကျနော်ကြိုက်တဲ့ ဘောလုံးပွဲတွေ လာရင်တော့ ကျနော် တညလုံး မအိပ်ပဲ စောင့်ကြည့်တတ်ပါတယ်။ ပြီးမှ သူငယ်ချင်းတွေကို မနက်နိုးပေးဖို့ အကူအညီ တောင်းရပေါင်းလဲ မနဲပါဘူး။ အလုပ်နောက်ကျတာလဲ မနဲတော့ပါဘူး

၃)စကားပြောခြင်း

ကျနော်နဲ့ ရင်းနှီးရင် ခင်မင်ရင် ကျနော်အရမ်းစတတ် နောက်တတ်တာပါ။ အစကောင်းလို့ အနောက်ကောင်းလို့ သူငယ်ချင်း အချင်းချင်း စိတ်ကောက်ကြပေါင်းလဲ မနဲတော့ပါဘူး။ ကျနော်ပါးစပ်က တခါတလေ အတည်ပေါက်နဲ့ လျှောက်ပြောတတ်တာပါ။ အများစုကတော့ တကယ်အတည်ပါ။ ပုံမှန်ဆို မစတတ်ပါဘူး၊ အရမ်းခင်တဲ့ ကျနော့်သူငယ်ချင်းတွေကိုတော့ စဖြစ်ပါတယ်။ ဟိုတလောကပဲ ကျနော်အလုပ် ပြုတ်သွားပြီလို့ စလိုက်တာ ကျနော်သူငယ်ချင်းတွေ ကျနော်အတွက် စိတ်မကောင်းဖြစ်သွားကြရပါတယ်။ အဟီးးး အဲလိုစတာပါ။ (ဒါမှ ကျနော်ကို ဘယ်လောက်ခင်လဲ ဆိုတာ သိမှာပေါ့နော့်)

၎)အပေါင်းအသင်းခင်မင်ခြင်း

လိုအပ်သည်ထက် အပေါင်းအသင်းကို ပိုမို ခင်တွယ်တတ်ပါတယ်။ ကိုယ်မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို အပေါင်းအသင်းနဲ့ တွေ့ရင် သူတို့ လုပ်ခိုင်းရင် အားနာနာနဲ့ လုပ်တတ်ပါတယ်။ တခါတလေ သူငယ်ချင်းတွေ ဘီယာသောက်နေရင် ကျနော်မသောက်ပဲ နေတတ်ပါတယ်။ နောက်ဆုံး သူတို့က မရမက တိုက်ရင်တော့ သောက်ဖြစ်သွားတတ်ပါတယ်။ ရေကို ချွေတာတာပါ။ အပေါင်းအသင်းခင်တွယ်မူကြောင့် လက်ရှိချိန်ထိ ချစ်သူ မရှိတော့တာပါ။ (ကြော်ငြာဝင်တာပါ အဟီး) ချစ်သူထက် သူငယ်ချင်းအပေါင်းအသင်းရဲ့ ကိစ္စ အရေးတွေကို ဦးစားပေးတတ်လို့ ရင်ကွဲရပါတယ်။ (ရင်ကွဲ=သရက်သီး ကို ပြောတာပါ)။ ခုချိန်ထိတော့ မပြင်နိုင်သေးပါ။ ပြင်ဖို့လဲ စိတ်ကူးက လုံးဝမရှိပါ။ အဟက် ဟက် (ကိုရန်အောင် ရီနည်းလေး ငှါးသုံးပါတယ်) ဘ၀မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာကို ဘာနဲ့မှ မလဲနိုင်သေးပါ။

ကျနော် ဘယ်သူ့ကိုမှ မTag တော့ပါဘူးနော့်။ တော်ကြာ ၀ဠ်ကြွေးတွေ လည်နေမယ် အဟား.......

လေးစာ
းလျက် တောင်ပေါ်သား

ဝိုင်တခွက်

မိုးခြိမ်းသံတွေ တ၀ုန်းဝုန်းနဲ့
ဟိုအဝေးက ကောင်းကင်ကြီးဆီက
လျှက်ရောင်တချို့ ငါမြင်လိုက်တဲ့ အခိုက်အတန့်ပေါ့
လက်ထဲက ၀ိုင်တခွက်ကို
နှစ်ခြိုက်စွာ ငါသောက်သုံးနေရင်း
မင်းအပြန်လာကို မျှော်နေမိပြန်ပေါ့......

ငါ့ကိုယ်ငါ ထင်မြင်မိခဲ့တယ်
ဖြူ၊နီ၊ပြာ အရောင်စုံတွေကြားထဲမှာ
အလိုက်သင့်မျောလွှင့်တတ်တဲ့ အဖြူရောင်လေး တခုပဲလို့
ဒါပေမဲ့ ငါသေချာသိလိုက်ချိန်မှာ
ငါဟာ အတ္တတွေဖုံးလွှမ်းနေတဲ့၊
မှောင်မိုက်မူတွေကို ပိုင်ဆိုင်နေတဲ့
အနက်ရောင် တခုဆိုတာကိုပေါ့ ..............

အမြုပ်တွေထနေတဲ့ ဒီဘီယာခွက်တွေကြားမှာ
ငါဝိုင်တခွက်ကိုပဲ ရစ်မူးနေခဲ့တာလေ
မင်းဆီက မျှော်လင့်မထားတဲ့ မထင်ထားတဲ့
ဆီးကြိုမူလေးတွေကို ငါရခဲ့ပါတယ်..
ဒီအတွက် ၀မ်းမနဲခဲ့ပါဘူး နောင်တလဲ မရခဲ့ပါဘူး
ငါ့လက်ထဲမှာ မင်းကိုမေ့နိုင်မဲ့ အဆိပ်တွေ ရှိနေပါပြီ
ငါအရာရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါ.....

လေးစားလျက် တောင်ပေါ်သား
Blogger Template by Clairvo