
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။
၁) စင်ကာပူရောက် အမျိုးသားများသည် ရေကို ချွေတာသူများဖြစ်ပေသည်။ သူတို့သည် ရေကို သိပ်မသောက်သုံးကြပေ။ ဒီအတွက် အစားထိုးမူအနေနဲ့ ဘီယာ ကို အများဆုံးသောက်သုံးကြပေသည်။ မြန်မာတို့၏ လက်စွဲ တိုက်ဂါး (Tiger) ဘီယာမှာ ရွှေမြန်မာများကြောင့် အလွန့်အလွန်ရောင်းကောင်းခဲ့ပေသည်။ ဘီယာသောက်လျှင် မမူးဟု အဆိုရှိသောလဲ မမူးပဲ ရီဝေေ၀ ဖြစ်အောင် ဘယ်သူမှ မသောက်သုံးကြပေ။ အားလုံးနီးပါးမှာ အတော်အသင့် မူးအောင် သောက်နိုင်ကြပေသည်။ သူတို့၏ မူးခြင်း၊ မမူးခြင်းကို တိုင်းတာရန် ပစ္စည်းကတော့ မခက်ခဲလှပါချေ။ မြန်မာများ စုဝေးသောက်နေသော ၀ိုင်းထဲတွင် ဘိုလိုမှုတ်နေလျှင် ဒီလူသည် သေချာပေသည် မူးနေပြီ ဖြစ်ပါသည်။
၂) စင်ကာပူရောက် အမျိုးသမီးများသည်လဲ အလွန်ကို ချွေတာကြပေသည်။ သူတို့၏ ချွေတာမူကား အ၀တ်အစားများပင် ဖြစ်ပေသည်။ သူတို့သည် တခါတရံ မြန်မာထမီကို ဘယ်လိုဝတ်ရလဲပင် မေ့နေလောက်ပေသည်။ ယခုလက်တလော မြင်နေရသော မြန်မာအမျိုးသမီးများသည် ချွေတာမူ အလွန်ပင် များလှပေသည်။ အရင်က ခြေမျက်စိဖုံးအောင် ၀တ်နေသူများ ယခုအခါ အ၀တ်အစားဖိုးများ ချွေတာသောအားဖြင့် စကတ်တိုတိုများ ၊ ပေါင်တံရင်းနား ကပ်နေသော ဘောင်းဘီများကို အစားထိုး ၀တ်ဆင်လာကြပေသည်။
၃) စင်ကာပူရောက် မြန်မာများသည် အလွန်ကို ကိုယ့်ကိုကိုယ် အထင်ကြီးဂုဏ်ယူတတ်ကြပေသည်။ သူတို့သည် လမ်းတွင် မြန်မာများ အချင်းချင်းတွေ့လျှင် အလွန်ကို ရှက်ဝံ့ကြပေသည်။ မြန်မာများအချင်းချင်း လိုင်းကား တကားထဲတွင် တူတူစီးမိပါကား မသိချင်ဟန်ဆောင် မြန်မာလူမျိုးမဟုတ်သယောင် ဟန်ဆောင်တတ်ပေသည်။ သို့ပေမဲ့ကား ရွှေမြန်မာများ၏ ရုပ်ကိုကား မည်သို့ပင် ဖုံးကွယ်ဖုံးကွယ် ဖုံးကွယ်၍မရပေ။ တချို့လူများကား ဟန်ကိုထုတ် သရုပ်ဆောင်နေကြပေသည်။ အရှိကို အရှိတိုင်း မထုတ်ပြ၀ံ့ပေ။ မြန်မာလူမျိုးများသည် အမှားတခုခု လုပ်မိလျှင် အရင်သုံးစွဲနေကြ ဟာ..,အို.... နေရာတွင် Sh** ဆိုတာကို အစားထိုး သုံးစွဲလာကြတလို ၊ ကြောက်ရွှံ့မူတခုခု ကြုံကြိုက်နေစဉ်တွင် ဘုရား.., ဗုဒ္ဓ.... ဟု အရင်သုံးစွဲလာကျနေရာတွင် Oh!! My God... ဟုသုံးစွဲလာနေကြပေသည်ကို ကျွန်ုပ်ကျောင်းဆရာ တွေ့နေရပေသည်။
နောင်များတွင်လဲ တွေ့ကြုံနေရသည့်၊ မြင်နေရသည်များကို ကျွန်ုပ်ကျောင်းဆရာမှ မထိန်းမ၀ှက် အမှန်အတိုင်း တင်ပြပေဦးမည်။ အားလုံး စောင့်မျှော်လျှက်ကာ ဖတ်ကြပါလေကုန်..........
မှတ်ချက်။ ။ ပုံကို Google မှ ယူထားပါတယ်။
လေးစားလျက် တောင်ပေါ်သား