ကျနော်တို့ နေခွင့်တလပြည့်ခါနီး တစ်ပတ်လောက်အလိုမှာ Extend လုပ်ဖြစ်ပါတယ်.. Extend လုပ်တယ်ဆိုတာကတော့ စင်ကာပူမှာ နေခွင့်ထပ်တိုးတာပါပဲ ဒီလို extend လုပ်မယ်ဆိုရင် (၂)မျိုးရှိပါတယ်.. ပထမဆုံးကတော့ ICA (Immigration Checkpoint Authority) မှာ PR (Permanent Residence) လက်မှတ်နဲ့ သွားတိုးလို့ရပါတယ်.. နောက်တစ်ခုကတော့ လူကိုယ်တိုင်သွားစရာမလိုပဲ Online ကနေပြီးတော့ တိုးလို့ရပါတယ်.. အခုနောက်ပိုင်း ပထမနည်းဖြစ်တဲ့ လူကိုယ်တိုင်သွားတိုးရင်တောင် မလွယ်တော့ပါဘူး.. သူကညီအစ်ကို မောင်နှမတွေဆို အဆင်ပြေပါတယ်.. ဒီတော့ ကျနော်တို့လည်း extend မရမှာကြောက်တာနဲ့ မြန်မာတွေ စုဝေးရာ Panasular Plaza က မြန်မာဆိုင်တစ်ဆိုင်မှာ ငွေပေးပြီးလုပ်ခိုင်းလိုက်ပါတယ်.. တော်တော်တုန်းတဲ့ IT သမားတွေနော့်..
ဒီလိုနဲ့ ကျနော်တို့ Extend လုပ်ပြီး Result သွားကြည့်တော့ ကျန်တဲ့သူငယ်ချင်းတွေ အားလုံးက (Approve) ဖြစ်ပြီး နောက်ထပ် တစ်လထပ်ရကြပါတယ်.. ကျနော်ခါကြတော့ (Approve)လဲမဟုတ်၊ (Reject)လဲမဟုတ်နဲ့ ICA ကိုလာခိုင်းပါတယ်.. ဒုက္ခတွေရောက်ပြီးပေါ့.. စိတ်တွေလည်း ပူလို့ပေါ့ သေသေချာချာလည်း မသိရသေးဘူးပေါ့.. ဒီတော့ ကျနော် ICA ကိုသွားရပါတယ်.. စင်ကာပူရဲ့ ထုံးစံအတိုင်း တန်းစီစောင့်ရတာကလည်း လူကိုရင်မောစေပါတယ်..ကျနော်အလှည့်ရောက်တော့ ကျနော်ရဲ့ Print ထုတ်လာတဲ့ စာရွက်လေးကို ပြလိုက်ပါတယ်… တာဝန်ရှိတဲ့သူကလည်း ဘာစကားမှမပြောပဲ အခွန် ဒေါ်လာ(၂၀)စောင်ပြီး ပြန်လာခဲ့တယ်.. ကျနော်အစကတော့ ပြန်မေးမလို့ပဲ ဘာအတွက်အခွန်ဆောင်ရတာ လဲပေါ့… နောက်မှ သွားရစ်မိလို့ သက်တမ်းတိုးမရရင် ဒုက္ခပဲဆိုပြီး ငြိမ်နေလိုက်ရတယ်..
ဒီတော့ ကျနော်လည်း အခွန်ဆောင်တဲ့ ကောင်တာကိုရောက်တော့ လက်ထဲမှာပါတဲ့ စလစ်လေးပေးပြီး ဒေါ်လာ (၂၀) ထုတ်ပြီးပေးလိုက်ပါတယ်.. ကောင်တာကတာဝန်ရှိသူက Cash နဲ့ ပေးလို့ မရဘူးတဲ့ဗျာ.. Credit Card တို့ဘာတို့နဲ့ ပေးလို့ရတယ်တဲ့.. ကျနော်မှာလည်း ဘာ Credit Card မှ မရှိတာ.. ဒါနဲ့ ကျနော်တို့ စင်ကာပူမှာ လိုင်းကားတွေ၊ ရထားတွေမှာစီးရင် ဖြတ်တဲ့ E-z Link Card ဆိုတာနဲ့ ပေးလို့ရတယ်တဲ့ ဒီတော့ ကျနော်လည်း အဲဒီ ကတ်လေးနဲ့ပဲ ပေးခဲ့ရတာပေါ့.. သူများနိုင်ငံများ စနစ်ကောင်းလိုက်တာ ဒီလိုလုပ်ထားတော့ လာဏ်စားချင်တဲ့သူရှိရင်တောင်မှ ဘယ်လိုမှ လာဏ်စားလို့မရတော့ဘူးဗျာ…. ကျနော်လည်း အခွန်ဆောင်ပြီးတော့ Extend လုပ်တဲ့နေရာကို ပြန်လာပါတယ်…. မလေးမလေးက သဘောအကောင်းတာဗျ.. ဘာမှမပြောဘူး နောက်တလထပ်တိုးပေးလိုက်တယ်… ကောင်းမှာပေါ့ ဒီကကောင်က အခွန် ဒေါ်လာ(၂၀)ကြီးများတောင် ဆောင်ပေးခဲ့တာကိုး…
ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းတွေ နောက်တစ်လထပ်ရခဲ့ပါတယ်.. ဒါပေမဲ့ ကံကြမ္မာက ကျနော်တို့ ဘက်မှာမရှိခဲ့တာလာတော့ မသိဘူးဗျာ..ဒီတစ်လလုံးလည်း Interview လေးရလိုက် သွားလိုက်နဲ့ ဘာမှ မယ်မယ်ရရအလုပ် မရခဲ့ပါဘူးဗျာ.. ဒီတော့ ကျနော်တို့ မြန်မာတွေအခေါ် တိုင်ပတ်တယ်ပေါ့ဗျာ.. တိုင်ပတ်တယ်ဆိုတာကတော့ စင်ကာပူမှာ နေခွင့်ကုန်သွားတော့ စင်ကာပူကနေပြီး ထွက်ပေးရတယ်လေ.. ဒီတော့ အမိမြန်မာနိုင်ငံကိုလည်း မပြန်ချင်တော့ မလေးရှားကို ခဏသွားနေ ပြီးမှ စင်ကာပူကို ပြန်ဝင်လာပေါ့.. ဒါကိုတိုင်ပတ်တယ်လို့ ခေါ်တယ်ဗျာ.. ကျနော်တို့မှာလည်း စင်ကာပူ Visa က မရှိတော့ဘူးလေ.. ဒီမှာ တစ်ခုပြောချင်တာက Visa နဲ့ Stay ရတာမတူဘူးဆိုတာပါ.. ကျနော်တို့ စင်ကာပူလာဖို့ လုပ်လာတဲ့ Visa က တစ်လပဲ ခံပါတယ်.. စင်ကာပူမှာနေခွင့်ကတော့ Immigration အပေါ်မှာမူတည်ပါတယ်.. ကျနော်တို့ သူငယ်ချင်းတသိုက်ဆို Visa က တစ်လပြည့်ကတည်းက ကုန်နေပါပြီး.. ဒါပေမဲ့ နေထိုင်ခွင့်ကတော့ အားလုံး (၂) လစီရကြတယ်လေ.. ဒီတော့ ကျနော်တို့ (၂)လပြည့်ခါနီး ထပ်စဉ်းစားတယ် ဘာလုပ်မလဲပေါ့.. ကိုယ့်တိုင်းပြည်ပဲ ပြန်မလား.. ဒါမှမဟုတ် Stay ရှောင်မလားပေါ့.. ဒီတော့ ကျနော်တို့ တိုင်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်. အားလုံး ကျနော်တို့ သူငယ်ချင်း (၄)ယောက်ပေ
Labels
- Blog (470)
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
September
(40)
- ဖြစ်တတ်တဲ့ သဘောလေး
- ဖြစ်တတ်တဲ့ သဘောလေး
- ကျနော့်ရဲ့ ပထမဆုံးများ
- ကျနော့်ရဲ့ ပထမဆုံးများ
- အပန်းပြေသော ဟာသလေးများ (၂)
- အပန်းပြေသော ဟာသလေးများ (၂)
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- Spyware Doctor Software
- Spyware Doctor Software
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- အမေ့အိမ်
- ငါ့အတ္တ
- အမေ့အိမ်
- ငါ့အတ္တ
- ရထား
- ရထား
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- ကျေးဇူးပါမေမေ....
- ကျေးဇူးပါမေမေ....
-
▼
September
(40)
Powered by Blogger.
အတွေ့အကြုံလေးတွေလာဖတ်သွားပါတယ်....
ReplyDeleteအောင်မလေးဗျာ.....မောပြီးရင်းပိုမောနေရပါလားဗျ။ ဟီး မလေး အတွေ့ အကြုံလေးတွေ စောင့်နေမယ်ဗျို့ ။
ReplyDeleteကျေူးဇူးဗျို့... ကျွန်တော်လည်း အတွေ့အကြုံတွေ ဖတ်ထားမှ :)
ReplyDeleteစင်္ကာပူနဲ့မလေးအကြောင်းလေးတွေကို စောင့်ဖတ်နေတယ်နော် အတွေ့အကြုံလေးတွေကို အခုလိုမျှဝေလို့ကျေးဇူးနော်
ReplyDelete