(၂၄-၁၀-၂၀၀၇) ဘ၀တစ်ခုကို အစပြု ရင်ဆိုင်ဖို့ ရန်ကုန်အပြည်ပြည်လေဆိပ်ကနေ ထွက်လာခဲ့ပါတယ်.. လေယာဉ်ပေါ်မှာတော့ သူငယ်ချင်း နှစ်ယောက် ရှိသမျှ တတ်သမျှ ရသမျှဘုရားစာတွေကို ရွတ်ဖတ်လို့ပေါ့။ မရွတ်လို့လဲ မရတော့ဘူးလေ ဒီအချိန်က ကိုယ်ကို ကယ်တင်နိုင်တဲ့သူက ဘုရားမှတပါး ဘယ်သူမှမရှိဘူးလေ. လေယာဉ်ကဆင်းပြီးဆိုတာနဲ့ စင်ကာပူဆိုတဲ့မြို့ကြီးကို ရောက်တော့မှာလေ… ရှေ့ကစီနီယာတွေရဲ့ ပြောပြချက်အရ စင်ကာပူ Immigration က အခန့်မသင့်ရင် (၂)ပတ်ပဲပေးတယ်လို့ သိရတယ်လေ… ပုံမှန်ကတော့ Social visit Visa နဲ့ဆိုရင် (၁)လပေးပါတယ်… ဒီလိုနဲ့ကျနော်တို Immigration Check Point ကိုဖြတ်တဲ့နေရာကိုရောက်တော့ ဘ၀မှာရင်အခုန်ရဆုံးအချိန်လေးပါပဲ.. ချစ်သူဆီက အဖြေရတုန်းကတောင် အဲလောက် ရင်မခုန်ဘူးဗျ…
ဒီလိုနဲ့ ကျနော်တို့သူငယ်ချင်း(၇)ယောက် အတန်းတွေခွဲပြီးတန်းစီကြတယ်ပေါ့.. ဒီလိုနဲ့ ကျနော်ရှေ့က တစ်ယောက်ပြီးတစ်ယောက်ဝင်သွားလိုက်တာ ကျနော်အရှေ့မှာရှိတဲ့ သူငယ်ချင်းအလှည့်ရောက်လာပါတယ်.. သူအလှည့်ကြတော့ဘာတွေမေးနေမှန်းမသိပါဘူးဗျာ.. ကျနော်မှာတော့ လှန့်လိုက်တာလွန်ပါရောဗျာ.. ခြေတွေလက်တွေဆို အေးခဲနေတာဗျ သူကိုအကြာကြီးစကားပြောနေတာပြီးတော့ ကျနော်အလှည့်ပေါ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ကျနော် အမေးအမြန်းမရှိပဲ နေထိုင်ခွင့်(Stay)တစ်လရလိုက်ပါတယ်… ဒီလိုနဲ့ စင်ကာပူဆိုတဲ့တိုင်းပြည်ကို ပထမအဆင့်အနေနဲ့ ၀င်လာလို့ရတယ်ပေါ့.. ရောက်ရောက်ချင်း ကြည့်လိုက်သမျှဟာ သန့်ရှင်းသန့်ရပ်ပြီး ခေတ်မီနေတယ်ဗျ… ကိုယ်တိုင်းပြည်မှာမှ ဒီလိုမျိုးမမြင်ဘူးတာဗျ..
ဒီတော့ ပျော်တာပေါ့ဗျာ..ညနေပိုင်းကျတော့ ကျနော်တို့ကိုသူငယ်ချင်းရဲ့ အဒေါ်ကဖုန်းလေးတွေလိုက်ဝယ်ပေး ပါတယ်.. သူများပြောတာပဲကြုံဖူးခဲ့တာ ကိုယ်တိုင်ကြုံမှတကယ်ကို အံ့သြော်ရပြန်တယ်ဗျာ.. ဖုန်းတလုံးမှ S$50 (မြန်မာငွေနဲ့ဆို ၅၀၀၀၀ ကျပ်)လောက်ပဲပေးရတယ်ဗျာ.. ဟဲဟဲ ကျနော်တို့နိုင်ငံမှာတော့ ဖုန်းတလုံးကို သိန်း၂၀ကျော်ပေါ့..ဒီမှာကတော့ ကလေးကအစဖုန်းကိုယ်စီနဲ့ ဟုတ်နေတာပဲ.. ထမင်းစားချိန်လေးရောက်ရော ထမင်းတခါစားရင်ဘယ်လောက်လဲ မေးကြည့်လိုက်မိပါရဲ့လူပါဟိုက်ခနဲ ဖြစ်သွားပါရော.. S$3,4လောက်ပဲတဲ့၊ တွက်ကြည့်တာပေါ့ မြန်မာငွေနဲ့ဆို ၃၀၀၀ကျပ်လောက်ပေးရတယ်လေး.. ရောက်စကတော့ဘာပဲလုပ်လုပ်၊ ဘာပဲဝယ်ဝယ်မြန်မာငွေနဲ့ တွက်ကြည့်ပြီးမသုံးရဲဘူးဗျ..ကျေးဇူးရှင်အန်တီကတော့ပြောရှာပါတယ် ဒီရောက်ရင်မြန်မာငွေနဲ့ မတွက်နဲ့တဲ့..တွက်ပြီးသုံးရင် နင်တို့အားလုံးသေသွားလိမ့်မယ်တဲ့…ဒီလိုနဲက စင်ကာပူရဲ့ ပထမဆုံးရက်လေးကုန်ဆုံးခဲ့ပါတယ်.. ဒုတိယမြောက်နေ့ကြတော့ အန်တီတို့မိသားစုနဲ့အတူVivoCity ကိုသွားလည်ကြပါတယ်.. ကမ်းခြေတစ်ဖက်ကနေ ဟိုဖက်ကမ်းတစ်ဖက်မှာရှိတဲ့ သဘောင်္ကျင်းတွေကိုကြည့် ပင်လယ်ထဲမှာရှိတဲ့ သဘောင်္လေးတွေနဲ့ တော်တော်ကိုပျော်စရာကောင်းပါတယ်.. ဒီအပျော်ကလည်းခဏပါပဲဗျာ..
ဒီလိုနဲ့ နေ့ရက်တွေတဖြည်းဖြည်း ကုန်ဆုံးလာတော့ စိတ်ထဲကလည်းပူပန်စပြုလာပါပြီ။ သူငယ်ချင်းတွေအားလုံးကလည်း အလုပ်မရသေးပါဘူး.. ဒီမှာအလုပ်မရသေးဘဲ နေရတဲ့ဒုက္ခကလည်းမသေးလှပါဘူး.. စရိတ်ကလည်းမနဲပါဘူး.. အိမ်ခန်းဌါးခနဲ့ စားသောက်စရိတ်ခတွေကလဲ တော်တော်ကိုစိတ်ညစ်စရာကောင်းပါတယ်.. ကျနော်ရဲ့ ပထမဆုံး Interview ကတော့ ရယ်ရပါတယ်.. သူတို့ပြောတဲ့စကားကို ကိုယ်ကနားမလည်.. ကိုယ်ပြောတဲ့စာကားးသူကမသိနဲ့ တော်တော်ကို ရယ်ရပါတယ် နောက်ပိုင်းဖုန်း Interview လေးတွေ ဆက်တိုက်ရလာတော့ ပျော်လာပါတယ်. ဒါပေမဲ့ Phone Interview တွေကလည်း တစ်ကယ်ခေါ်လာတော့ ၃၊၄ ခုလောက်နေမှ လူတွေ့ Interview က တခါလောက်ရတာပါ...ဒီလိုနဲ့ ကျနော်တို့ရတဲ့ တလကလည်းကုန်တော့ပါမယ်.. ဒါပေမဲ့ ကျနော်တို့သူငယ်ချင်းအားလုံး အလုပ်မရသေးပါဘူးဗျာ…
ဆက်ရန် အပိုင်း(၃)
Labels
- Blog (470)
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
September
(40)
- ဖြစ်တတ်တဲ့ သဘောလေး
- ဖြစ်တတ်တဲ့ သဘောလေး
- ကျနော့်ရဲ့ ပထမဆုံးများ
- ကျနော့်ရဲ့ ပထမဆုံးများ
- အပန်းပြေသော ဟာသလေးများ (၂)
- အပန်းပြေသော ဟာသလေးများ (၂)
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- Spyware Doctor Software
- Spyware Doctor Software
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- အမေ့အိမ်
- ငါ့အတ္တ
- အမေ့အိမ်
- ငါ့အတ္တ
- ရထား
- ရထား
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- ကျေးဇူးပါမေမေ....
- ကျေးဇူးပါမေမေ....
-
▼
September
(40)
Powered by Blogger.
ဆက်ရန်စောင့်နေတယ်ဗျို့... ဒီမှာဖုန်းတွေဈေးပေါတာ.. ပုဂ္ဂလိက ကုမ္ပဏီတွေကြောင့်ပေါ့.. မြန်မာပြည်မှာတော့ ဟိုလူကြီးတွေက လက်ဝါးကြီးအုပ်ထားတာကိုး... အဲဒါတွေ စိတ်နာဖို့ကောင်းတာ.. ကားဈေးလဲ တူတူပဲ.. ဒီမှာသက်သာတယ်မော်ဒယ်လဲမြင့်တယ်.. မြန်မာပြည်မှာ ကားတွေက စုတ်ပြတ်ပြီး ဈေးကျတော့ ခေါင်ခိုက်နေတယ်... ကားပါမစ်တွေမှ မပေးပဲ.. ဒီမှာ အလုပ်လုပ်လို့ အခွန်လဲပေးရသေးတယ်.. ဒါပေမဲ့ ဒီမှာပေးတဲ့အခွန်က မြန်မာပြည်မှာ ငွေဖြူမဖြစ်ဖူးတဲ့ဗျား.... ဒါဆိုလဲ ကား ၁စီးလောက်တော့ ပါမစ်ပေးသင့်တာပေါ့နော်.. အခွန်တွေ ဒီလောက်ဆောင်ထားတာ... တော်ပြီ.. ပြောတော့ဘူး.. လက်ကောက်ဝတ်နားကယားလာလို့...
ReplyDeleteမဗေဒါ
အတွေ့အကြုံလေးတွေသိချင်လို့ စောင့်မျှော်နေပါတယ်။ အားပေးနေတယ်နော်။
ReplyDeleteဒါနဲ့ အခုအလုပ်ရနေပြီလားဟင်
ဘရားသားရေ
ReplyDeleteခင်ဗျား အတွေအကြုံတွေ ဖတ်ရတော့လည်း ကျတော်ရောက်စနေ့များကို သတိရမိသား. အခုတော့လည်း........
အင်း ဖတ်နေရင်းနဲ့  ရင်မောရပါလားဗျာ။ အပိုင်း ၃ ကိုမျှော်နေမယ်ဗျာ။ ပျော်ရွှင်အဆင်ပြေတဲ့  အကြောင်းရောက်တော့မယ်နဲ့  တူတယ်။
ReplyDeleteအတွေ့အကြုံတွေသိချင်လို့စောင့်နေပါတယ်.. ဆက်ရန်မျှော်နေပါကြောင်း :)
ReplyDelete