ခုတလော အလုပ်လေးတွေကများနေလို့ ပိုစ့်လေးတွေ အရင်လိုမတင်ဖြစ်ပါဘူး။ ခုတလော ပိုစ့်လေးတွေ တင်ဖို့ စိတ်ကူးလိုက်တဲ့ ဒီခေါင်းထဲက တခုမှ မထွက်လာဘူးဖြစ်နေတာ.. ထွက်လာတာကလဲ သိတဲ့အတိုင်းပဲ တင်မလွှတ်လေ...း) ဒီအရင် ကဗျာပိုစ့် ချစ်သူသို့... ဆိုတဲ့ ကဗျာလေးတင်ထားတာကို တော်တော်လေး အထင်ကြီးကြတဲ့ ဘလော့ဂ် ညီအကို၊မောင်နှမတွေ၊ စာဖတ်သူတွေကိုကြည့်ပြီး မောင်တောင်ပေါ်သားလဲ အတော်လေးကို ပျော်ရွှင်မိပါတယ်။ တကယ်တော့ အဲ့ဒီကဗျာလေးက စိတ်ထဲရှိတာရေးလိုက်တာပါ။ တချို့ထင်နေသလို မဟုတ်ရပါဘူးဗျာ.. ကျနော့်က အချစ်နဲ့ ပတ်သက်လာရင် ကံမကောင်းတတ်တာလား၊ အလွမ်းဓါတ်ခံပဲ ရှိတာလားတော့ မသိဘူး။ ကဗျာလေးတွေ ရေးရင် သမီးရည်းစားတွေ ချစ်ကြိုက်နေတာကိုမခံစားတတ်ဘူး။ ဒီအတွက်ကျနော်ကဗျာလေးတွေက ဆွေးစရာ တွေးစရာလေးတွေ ပါသွားပါတယ်။ အဟီးးး ကိုပုလုကွေး တို့များ မနာလို ရန်တောင် လာဖြစ်လိုက်သေးတယ်.... သူလဲ စွံချင်ရှာပေတာကိုးဗျ.. ဟီးးး
ခုတလော ဘလော့ဂါတွေတော်တော်များများ အနားယူနေကြတာကို တွေ့နေရပြန်တယ်။ သူများနိုင်ငံတွေလို အားလပ်ရက်ယူတဲ့ ရာသီလိုမျိုး ဘလော့လောကမှာလဲ အနားယူရမဲ့ ရာသီလားမသိဘူးနော့်း)။ ခင်မင်တဲ့လူတော်တော်များများလဲ အကြောင်းအမျိုးမျိုးပြပြီး နားနေကြပေါ့။ အဲ တချို့ကျတော့ ဘလော့လေးကို ကိုယ့်အသက်လောက်ချစ်ပေမဲ့ မလွန်ဆန်နိုင် ချစ်သူအမိန့်ကြောင့် နားနေရပြန်လေရဲ့း) ဘယ်နဲ့လုပ်ကြမတုန်း..
ကဲရေးစရာက မရှိတော့ ကဗျာလေးတွေပဲ ရေးနေမိတယ် ခံစားသွားဦးနော့် အရင်ပိုစ့်လိုမျိုး အတွေးတွေ များပြီးလျှောက်မထင်လေနဲ့ အဟား ဟားး)
ချစ်သူ....
ချစ်သူ...
ကဗျာတပုဒ်လို ကာရန်တွေနဲ့ မသီကုံးတတ်သလို
မင်းကိုချစ်ကြောင်းလဲ ဖွဲ့နွဲ့မပြောတတ်ဘူး
အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုရမယ်
အချစ်အတွက်ရသမြောက်တဲ့ စကားလုံးတွေလဲ
ငါမသိခဲ့ပါဘူး.....
အချစ်တခုကို သက်သေပြဖို့
ငါမှာအကြောင်းတရားတွေ မရှိခဲ့ပါဘူး...
အရမ်းချစ်တယ်ဆိုတဲ့ စကားလုံးလေးတွေ နင်ရှေ့မှာ
ငါပြောမထွက်ခဲ့တာ နင်အသိပါပဲ.....
ဒါကို မချစ်ဘူးထင်ရင် နင်မှားမှာပေါ့ ချစ်သူ......
လှောင်ရီသံတွေကို အတင်းတိုးဝင်လို့
ငါရူးမိုက်စွာ ချစ်ခဲ့မိတာပါ...
ထာဝရမမြဲခြင်းထဲမှာ ဒီချစ်ခြင်းတွေလဲ အပါအ၀င်ပေါ့
ဒါပေမဲ့ သေချာနေတာတခုကတော့ ငါ့ရင်ထဲမှာ နင်ရှိတယ်
ငါအချိန်တွေကို နင်ယူပြီးကြီးစိုးနေတယ်ဆိုတာပါပဲ
ပိုးဖလံတကောင်လို အချစ်ဆိုတဲ့မီးထဲ
ငါရူးမိုက်စွာ ဆက်တိုးနေခဲ့ချင်တာပါ..
ငါယုံကြည်တာကို ငါလုပ်နေခဲ့မိတာ ငါ့အပြစ်လား
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ချစ်သူသို့ ၂
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ကဗျာလေး ကောင်းပါတယ်...
ReplyDeleteညီလေး တောင်ပေါ် လူဆိုတာခံစားချက်မရှိရင်
ReplyDeleteဘာမှလုပ်လို့မရဘူး
ဘာမှမဟုတ်ပါဘူး ဒီလိုပဲရေးလိုက်တာပါလို့
ပြောနေပင်မဲ့ ခံစာချက်ရှိမှ စကားလုံးတွေထွက်
လာတက်တာလေ။
ခုတော့သိလိုက်ပါပြီ။
ဟီးဟီး ညီလေးရေ ကောင်းလိုက်တဲ့ အရေးအသား။
လွတ်လွတ်လပ်လပ်ပဲ နင် နဲ့ ငါ နဲ့ ရေးသွားတာကောင်တယ်။
ဖတ်ရတာ အရသာရှိတယ် ညီ။
ဆက်ရေးပါ ချစ်သူသို့ ၃ လို့
ကိုရီနို
ကောင်းတယ်။ ကောင်းတယ်။ ဒါနဲ့များ မပြောတတ်ဘူးဆိုပါလား။ ဒီအတိုင်းပဲ ပြောလိုက်.ကြီးဒေါ်အားပေးနေတယ်။ :))
ReplyDeleteခက်တယ်ဗျ မိန်းကလေးတွေက ကိုယ်ရင်ထဲကို ဝင်မကြည့်တတ်ကြဘူးလေ ဒီတော့ ပါးစပ်က ပြောတာပဲ သူတို့က ကြားချင်းတယ်။ အဲဒါတွေကြောင့်လဲ သူတို့ ခဏခဏ အလိမ်ခံထိတာ။အဲဒါကြောင့်ထင်တယ် ရှေးလူကြီးတွေက မိန်းမဆိုတာ နှာခေါင်းမပါရင်
ReplyDeleteမစင်တောင် စားကြမှာတဲ့....။ ရှေးလူကြီးတွေပြောတာနော် တားတားပြောတာ မဟုတ်ဘူး အဟီးဟီး
ဒီကတော့ ချစ်တူ အမိန့် ကျောင့်ဟုတ်ပါဝူး...နော်...အလုပ်ရှုပ်နေလို့ ပါချင့်... :-P
ReplyDeleteချစ်သူသို့...
ReplyDeleteရော့....အင့်
ရင်ဘတ်...လုပ်ချင်တာလုပ်
အပြီးပေးလိုက်တယ်...
ပြောသွားလိုက်ကြတာစုံလို့ နာ့ကဘာဆက်ပြောရမှာလဲ..နာပြောချင်တာတွေ သူတို့ပြောသွားပြီ။ဟွန်းးးကိုတောင်ပေါ်သား နာမည်ကြိးမင်သား သတင်းကြားတာကြာပြီ ခုမှဝင်လို့ရတယ်။ ကဗျာလေးကောင်းပါတယ်။
ReplyDeleteခင်လို့စသွားတယ်နော်