ကျနော်တို့ မြန်မာတွေ ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ ကျနော်သိပ်သိချင်သည်။ မြန်မာတွေဟုဆိုလိုက်လို့ ဗမာဆိုတာနဲ့ကို သွားမရောစေချင်။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီး မြန်မာရေသောက်လာသည်ကို ကျနော်ကတော့ မြန်မာဟု ခေါ်ဆိုချင်သည်။ အခုလဲ ကျနော်သိချင်သောအကြောင်းအရာတွေကို ခန့်မှန်းအားဖြင့် သိလိုက်ရသဖြင့် ကျနော်ဝမ်းသာသည်။ ကျေနပ်သည်။ အားရသည်။ နားရှုပ်သွားလားမိတ်ဆွေ လွန်ခဲ့တဲ့လက ကျနော် ဘလော့ရဲ့ဘေးတွင့် စစ်တမ်းတခုလုပ်ခဲ့ပါတယ်။ ဒို့တိုင်းပြည်(အမိမြေ) လွတ်လပ်ရင် သင်ဘာလုပ်မလဲဆိုပြီးပေါ့ အားလုံးကို ဖြေဆိုသူပေါင်း (၄၃)ယောက် ရှိခဲ့ပါတယ်။ အဲ့ထဲကမှ အားလုံးနီးပါး (၄၁)ယောက်က ကိုယ့်မွေးရပ်မြေ၊ ကိုယ့်တိုင်းပြည်ကို ပြန်ကြပါ့မယ်တဲ့... ကျနော်ကတော့ ဒါလေးကိုကြည့်ပြီး ၀မ်းသာနေမိတယ်။ တကယ့်ကိုကျေနပ်တယ်.....
နောက်တခုက.... ခုတလော စဉ်းစားနေမိတာလေးတွေ ရှိတယ်။ ဘာလို့များ လူတွေ ငါဆိုတဲ့အတ္တကို ချုပ်ကိုင်ထားချင်ရသလဲမသိပါဘူး။ တကယ်တမ်း လူဆိုတာ သေသွားရင် ဘာမှ မရသလို ကိုယ်မြင်တဲ့အတွေး၊ အယူအဆတွေဟာလဲ မှန်သလား မှားသလား ဘယ်လိုမှမသိဘူးမလား။ ဒီတော့ ကိုယ်မှန်ရင် ကိုယ်လုပ်ပေါ့.. ဒါပေမဲ့ ကိုယ့်အယူအဆကို တယူသန် ငါပဲမှန်တယ်ဆိုပြီး လိုက်လုပ်နေလို့ကတော့ ဘယ်တော့မှ တိုးတက်ဖို့ရာမမြင်မိပါဘူး။ ဆိုလိုတာက ကျနော်တို့ မြန်မာတွေ စိတ်ဓါတ်ပါပဲ။ ကျနော်တို့ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ဖို့တော့ လိုနေပါပြီ။ တယောက်နဲ့တယောက် နစ်နာအောင် လုပ်မယ်၊ တယောက်ကို မကျေနပ်ရင် အဲ့ဒီတယောက်ရဲ့ ဘ၀ပျက်သွားဖို့ ဘာတွေ စတေးရစတေးရ လုပ်ရဲတယ် လုပ်ရက်တယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာတွေမှာ အများဆုံးတွေ့ရတာပါ။ မြန်မာနဲ့မဆိုင်ဘူး လူတွေ ခံယူတဲ့ စိတ်ဓါတ်နဲ့ပဲဆိုင်တယ်ဆိုပြီးတော့ လာပြန်ငြင်းမယ်ဆိုလဲ ကျနော်မှာအဖြေတခုပဲ ရှိပါတယ်။ ကျနော်တို့ မြန်မာတွေရဲ့စိတ်ဓါတ်ကိုက အဖက်ဖက်က ချွတ်ခြုံကျနေပါပြီ။
ခုလဲကြည့်လေ ဘာမှမဟုတ်တဲ့ ဒီဘလော့စာမျက်တွေပေါ်တက်ပြီး ရန်တွေဖြစ်နေကြတာ တကယ်တမ်း ရှက်ဖို့တောင် ကောင်းပါတယ်။ အရင်ပိုစ့်မှာရေးသလိုပေါ့ သာမာန် မသိသေးတဲ့ အင်တာနက်သုံးသူတွေအဖို့ ဘလော့ဂါဆိုတာ ဒီလို တဦးနဲတဦး ရန်စောင်းနေကြတယ်လို့ မြင်သွားတော့မှာ မလွဲပါဘူး။ တကယ်တော့ ပြဿနာက ဘာမှ အရေးတယူလုပ်ရမဲ့ ကိစ္စမဟုတ်။ ဒီဘလော့လောကပေါ်မှာ စာပေကို စာပေလို့ခံယူပြီး အမြတ်တနိုးခုန်မင်တဲ့လူစုတွေ ရှိသလို၊ အပျော်တမ်း စိတ်ခံစားချက်လေးတွေ ရင်တွင်းခံစားချက်လေးတွေကို ဖော်ပြချင်ရုံတတ်တတ် စာရေးသားကြသည့် လူစု ဟူ၍ အဖွဲ့တွေ ရှိနေသည်သာ ဖြစ်သည်။ ဒါကို ကျနော်တို့သေချာ ညှိုနှိုင်းအဖြေရှာလျှင် အဖြေသည် အလွယ်လေးသာ။ ဒါမှမဟုတ် ငါ... ငါ သာသည် အမှန်ဟုသာ တစွတ်ထိုး ခံယူထားသည်ဆိုပါက အဖြေသည် ဘယ်တော့မှ ရတော့မည်မဟုတ်။ ဒီတော့ ကျနော်တို့ဘလော့လောကပေါ်မှ အုပ်စု (၂)ခုကို ကျနော် အမြင်နဲက ကျနော်ရှင်းပြချင်သည်။ကျနော့်ခံယူချက်ကတော့ ကျနော်သည် ဘယ်တော့မှ မိမိကိုယ် မိမိ ဘလော့ဂါတယောက်လို့ မခံယူထားသလို ကျနော်သည်လဲ စာကောင်းပေကောင်းတွေ မရေးတတ်ပါ။ ထိုကြောင့် ကျနော်ပိုစ့်များတွင် ကျနော့်ကို ကျနော်သုံးနှုန်းမည်ဆိုပါက ဘလော့ဂါဆိုသူများဟု အများဆုံး သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ဒီဘလော့ပေါ်တွင် စာရေးသည့် အချက်များစွာ ရှိသည်။
၁) သာမန် အပျော်တမ်း ရေးသားသူများ
အပျော်တမ်းရေးသားသူတို့သည် သူတို့ရဲ့ တိုင်းပြည်၊ မိသားစုကိုလွမ်းသည်။ ဒီအတွက် သူတို့အလွမ်းစာတွေ ရေးသည်။ ကဗျာတွေတင်သည်။ အားလုံးသောစာတွေသည် စာပေလောကအတွက် တန်းဝင်ဖြစ်သည်ဟု တခါမှ မတွေးဖူးပေ။ ဒါပေမဲ့ သူတို့ပျော်ကြသည်။ အဘယ်ကြောင့်နည်း.. သူတု
Labels
- Blog (470)
ဘလော့ရပ်ဝန်း
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
တစ်
ReplyDeleteဘလော့ပေါ်မှာ စာတွေ ရေးနေကြတယ် ဆိုကတည်းက အနည်းဆုံးတော့ ကိုယ့်ဘလော့အပေါ်မှာ သံယောဇဉ်ရှိကြမှာပဲလေ .. တဦးအပေါ်တဦး လေးစားမယ် နားလည်ပေးနိုင်မယ်ဆိုရင် အဆင်ပြေပါတယ် ..း))
ReplyDeleteတစ်ဦးနဲ့ တစ်ဦးရန်စောင်လည်း စိတ်ထိခိုက်စရာ မလိုပါ။ ဘလော့ကြီးကို သုံးမရအောင်ပိတ်ပစ်လဲ ထပ်ဖွင့်ပြီး ကိုယ်ပေးနိုင်သလောက် အကောင်းဆုံးတွေ ပေးနေဦးမှာပဲဗျာ။ ဒီရက်တွေကတော့ ကွန်ပျူတာ နဲ့ နတ်ဝက် မရှိလို့ဗျာ ငြိမ်ချက်သားကောင်းနေတာ။
ReplyDeleteတို့လဲရေးသမျအရေမရအဖတ်မရဖြစ်သွားတယ်။
ReplyDeleteTotally agree :P
ReplyDeleteပြောချင်တာနဲ့ အတော်ပဲ..း)...
ReplyDeleteလုပ်စမ်းပါဗျာ.. ဒါမျိုးလေးတွေ.. ကောင်းတယ်.. လက်ခံတယ်.... အခုဒီလောကကိုကြည့်ရတာ.. မိုးလေ၀သသိပ်မကောင်းပေးဘူး
ReplyDeleteမှန်ပါပေတယ်
ReplyDeleteဘာပဲပြောပြော
ReplyDeleteခုလို ဘလော့တွေဖွင့်၊ စာတွေရေး၊ ဝိုင်းဆွေးနွေး၊ နှုတ်ဆက်၊ ဝေဖန်၊ တိုက်ခိုက်၊ ... ကြတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စိတ်လိုလက်ရ စကားပြောခွင့်၊ ချပြခွင့်ရကြတာ ဒီတနေရာပဲ ရှိတာ မဟုတ်လားခင်ဗျာ။
လာဖတ်တယ်ဗျာ
ReplyDeleteအဖွဲ့ ၃ အကြောင်းကျတော့ မပါသေးဘူး.. ရှိသေးတယ်လေ အဖွဲ့၃ အမျိုးအစား .. :D
ReplyDeleteအားလုံး အေးအေးဆေးဆေး ဆို အကောင်းဆုံးပါလေ..
ReplyDeleteသိပ်ကောင်းတဲ့ပို့စ်လေးပါပဲ
ReplyDeleteအားလုံး အပြုသဘောဆောင်ပြီး ကိုယ့်ဆီစာလာဖတ်တဲ့ သူအတွက် စေတနာပါပါလေးတွေ လုပ်ကြစေချင်တာ ပါပဲ။ စေတနာပါပါဆိုတာက စာတပုဒ်ကို ပြီးစလွယ် မရေးတာကို ပြောချင်တာပါ..။ ဒါပေမယ့်စာဖတ်သူ တွေက ခွဲခြားတတ်ပါတယ်လေ
ဒီပို့စ်လေး သဘောကျတယ်..။