ဒီကမ္ဘာလောကကြီးမှာ လူသားတွေလောက် လိုအင်တောင့်တ သ၀န်တိုမှု များတဲ့ သတ္တ္လ၀ါ မရှိဘူးလို့ ကျွန်တော်ထင်တယ်ဗျာ.. ဘာကြောင့်ဒီလို ပြောရလဲဆိုတော့ ကျွန်တော်တွေ့ဖူး ကြုံဖူးတဲ့ လူတော်တော်များများဟာ မနာလို သ၀န်တိုမူနေနဲ့ သူတို့ရဲ့စိတ်ထဲမှာ ပြည့်နေတာကို ကျွန်တော်မြင်ရလို့ပါ.. ဆင်းရဲတဲ့သူက ချမ်းသာတဲ့သူကို မနာလို၊ လူတယောက် အဆင်ပြေနေရင် ကျန်တဲ့လူတွေက မနာလိုနဲ့ စုံလို့ပါပဲဗျာ..ကျွန်တော်လည်း လူသားတွေထဲက လူသားတယောက်ဖြစ်နေတော့ ဒီသ၀န်တိုမှု ၊ မနာလိုမှု တွေ ရှိပါတယ်….
တခါတလေကတော့လည်း တကိုယ်ကောင်းဆန်လိုက်တာ တပါးသူဘယ်လောက် ဒုက္ခရောက် သွားမလဲ ဘာဖြစ်သွားမလဲ မကြည့်ဘူး..တယောက်ကောင်းစားဖို့ပဲ ကြည့်နေကြတယ်ဗျာ… ဒါကြောင့် ကျွန်တော်တို့ မြန်မာလူကြီးတွေက ဆိုရိုးစကားတွေ လက်ဆင့်ကမ်းခဲ့ ကြတာနဲ့တူတယ်.. စိန်ခဲ။ရွှေခဲထက်ကို ခွဲရတာ လွယ်ချင်လွယ်မယ်… လူရဲ့စိတ်ကတော့ အကဲခတ်ရတော့ တော်တော်ခက်တယ်တဲ့လေ.. အဲဒီလိုလူစားမျိုးကို ကျွန်တော်ရဲ့ ဘ၀တစ်ဆစ်ချိုးမှာ တွေ့ခဲ့ရပါတယ်…ပြောလိုက်ရင် လေကမိုးလောက်ကြီးပြီး တကယ်လုပ် ရင်တော့တခြားစီပါပဲ.. အဲဒီလိုလူမျိုးနဲ့ တွေ့ခဲ့ရသလိုပဲ ဆရာကောင်းတွေ၊ သူငယ်ချင်းကောင်း တွေနဲ့လည်း တွေ့ခဲ့ရပါတယ်.. ကျွန်တော်ဆယ်တန်းအောင်လို့ ရန်ကုန်ကိုရောက်လာတော့ ဘာလုပ်လို့ လုပ်ရမလဲ မသိဖြစ်နေတာပေါ့.. ဆယ်တ်န်းအောင်ပြီးတဲ့ လူတိုင်းရဲ့ရင်ထဲမှာ အနဲ၊အများဆိုသလို ကိုယ်စီရည်မှန်းချက်လေးတွေ ရှိကြပါတယ်.. အဲဒီအချိန်ကတော့ ဆရာဖေမြင့်တို့လို တက်ကျမ်းရေးတဲ့ဆရာ့ စာအုပ်လေးတွေ ကကိုယ်အတွက်ရေးပေး လိုက်သလိုပါပဲ.. ငါဒီလိုကြိုးစားရင် ဒီလိုဖြစ်မယ်ပေါ့.. စိတ်ကူးလေးတွေကိုယ်စီနဲ့ပေါ့ဗျာ… တစ်ကယ်လည်းပျော်ရွှင်စရာ အတိနဲ့ပါပဲ.. အဲစကားတွေလမ်းလွဲ ကုန်ပါပြီဗျာ.. ကျွန်တော် ပြောချင်တဲ့ ဘက်ကို ပြန်လှည့်လိုက်ဦးမယ်နော်…အဲဒီလို တက်ကျမ်းတွေနဲ့ နပန်းလုံးနေတဲ့ အချိန်မှာ ကျွန်တော်ဘ၀ကို အလှည့်အပြောင်း ဖြစ်စေမဲ့ ပညာရပ်တခုကို ကျွန်တော့်ရဲ့ ဦးလေးက တက်ခိုင်းပါတယ်.. အဲဒါကတော့ Computer ဆိုတဲ့ ပညာရပ်ပါပဲ.. တကယ်တမ်း Computer ဆိုတာ ဆယ်တန်းအောင်တဲ့ အချိန်မှာ ဘာဆိုဘာမှ မသိသေးတဲ့ အချိန်ပေါ့.. အားလုံးသိတဲအတိုင်း ကျွန်တော်တို့ ကျောင်းတွေမှာ သင်ပေးတဲ့ Computer ဆိုတာကလဲ စာတော်တဲ့သူတွေသာ အသုံးပြုရတာ များတာလေး.. ကျွန်တော်က စာမတော်တော့ မထိတွေ့ရပါဘူးဗျာ….ဒီလိုနဲ့ ကျွန်တော်လည်း Computer ဆိုတဲ့အရာကြီးကို စပြီးထိတွေ့ပြီး ရူးတော့တာပေါ့ဗျာ... တကယ်တော့ Computer Field ဆိုတာက လိုက်လို့မကုန်တဲ့ ပညာရပ်တစ်ခုပါဗျာ..ဘာနဲ့တူသလဲဆိုတော့ မဆုံးနိုင်တဲ့ လမ်းတခုကို ခရီးသွားနေတာနဲ့ တူတယ်ဗျ.. ကိုယ်က မောလို့ခဏနားလိုက်တာနဲ့ ကိုယ်ကို့ ကျော်တက်သွားမဲ့ သူကအများကြီးလေ.. အဲဒီ Computer သင်တန်းမှာ ကျွန်တော် လေးစားရတဲ့ ကျွန်တော်ရဲ့ ဆရာနဲ့ စပြီးတွေ့ပါတယ်.. ကျွန်တော့် ဆရာက ကျနော့်ကို တော်တော်လေး ခင်ပါတယ်. ဒီလိုနဲ့ ဆရာ၊ဆရာမတွေ သင်ပေးတဲ့ Computer ဆိုတဲ့ ပညာကို ကျွန်တော်စိတ်ဝင်တစားနဲ့ သင်ဖြစ်ပါတော့တယ်.. ဆရာ၊ဆရာမတွေရဲ့ ပံ့ပိုးမူတွေက တဆင့် ကျွန်တော် အစမ်းခန့် ဆရာတယောက်အဖြစ်နဲ့ အလုပ်စ လုပ်ရပါတယ်.အဲဒီအလုပ်က အရရမ်းပျော်စရာကောင်းပါတယ်.. အားလုံးက ကျွန်တော်ကို ညီအစ်ကိုတစ်ယောက်လို မသိတာတွေရှိရင် သင်ကြားပြသပေးပါတယ်.. ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာတွေ ကတော့ ဆရာ မြတ်မင်းဦး နဲ့ ကိုတင်ဦး ဖြစ်ပါတယ်.. တခြားဆရာတွေလည်း အများကြီးရှိပါသေးတယ်. ကိုလင်းထွန်းအောင်၊ ကိုဇာနည်၊ ကိုနိုင်လင်း၊ ကိုတင်ကို စတ
Labels
- Blog (470)
ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
April
(18)
- မေ့မရသော မိသားစုတစ်စု အကြောင်း
- မေ့မရသော မိသားစုတစ်စု အကြောင်း
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
-
▼
April
(18)
Powered by Blogger.
0 comments: