ဟိုအလွန်ဝေးကွာတဲ့ တောင်ပေါ်မြို့ လေးကနေ ကျွန်တော် ရန်ကုန်ဆိုတဲ့ လူတွေထူထပ်ပြီး ရှုပ်ရှပ်ခပ်နေတဲ့မြို့ ကြီးကို ပထမဆုံး ဘ၀ရဲ့ခြေလှမ်း အနေနဲ့ရောက်ရှိခဲ့ပါတယ်။ ပထမဆုံး အိမ်ကို အကြာကြီးခွဲခွာရမယ်ဆိုတဲ့ အသိက လူကိုအတော်ကိုတုန်လှုပ်စေပါတယ်။ ဒါပေမဲ့ ဘ၀ဆိုတဲ့အရာကြီးကို အရွယ်ရောက်တဲ့ လူတိုင်းကြုံတွေ့ ကြရမှာပဲ ဆိုတဲ့အသိ ကလေးက ကျွန်တော်ကို အခိုက်အတန့် တော့ အားတက်စေပါတယ်။ သွားခါနီး အမေအဓိက မှာတာ ကတော့ သား ဟိုမှာ ကိုယ့် ကို ကို ဂရုစိုက်ပါတဲ့။ အစစ အရာရာ စဉ်းစားပြီးမှ လုပ်ပါတဲ့။ အမေ့ရဲ့  မျက်ဝန်းထ်ဲမှာတော့ ရစ်ဝဲနေတဲ့ မျက်ရည်စလေးတွေ ကျွန်တော်တွေ့ နေရတယ်။ ဒီလိုနဲ့ရန်ကုန်ဆိုတဲ့မြို့ကြီးကိုရောက်ခဲ့ပါတယ်။ရောက်စကတော့ရင်ထဲမှာအပျော်ကြီး ပျော်နေတာပေါ့။ ဒါပေမဲ့ ၃ လလောက်နေတော့ ကိုရဲ့မြို့လေးကိုအရမ်းသတိရမိတယ်။ လူတိုင်းကြုံဖူးကြပါလိမ့်မယ်။တကယ်တော့ ရန်ကုန်ဆိုတဲ့မြို့ကြီးက ကျွန်တော်တို့လို အဝေးသင် တက္ကသိုလ်တက်မဲ့ လူတွေအတွက်တော့ပျော်စရာ ဘာမှမရှိပါဘူးဗျာ။ တက္ကသိုလ်ဆိုတာကလေ အားလုံးသိတဲ့အတိုင်း မြို့ရဲ့ အပြင်မှာဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက်ဘာပျော်စရာရှိမှာလဲဗျာ။ လူသူမရှိ ချောက်ချားစရာအသိ နဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။ ဒီလိုနဲ့ပဲ စာပေးစာယူတက်ရင်နဲ့ ကိုဝါသနာပါတဲ့ Computer သင်တန်းတွေကိုပဲ တက်ဖြစ်ပါတော့တယ်။ စာပေးစာယူဆိုတာကလဲ အားလုံးသိတဲ့ အတိုင်း စာမေးပွဲဖြေခါနီးမှ ဆရာ၊ဆရာမတွေဆီ ပြေးကပ်ကြရတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်မီတိုးတက်သော ပညာရေးလမ်းစဉ် များထဲက ၁ ခုလားတော့ ကျွန်တော်လည်း အသေအချာ မသိပါဘူးဗျာ.. ဒီလိုနဲ့ ဘွဲ့ရသွားတဲ့လူတွေလည်း မနဲတော့ပါဘူး ကျွန်တော်အပါအ၀င်ပေါ့ ……..ဒီလိုနဲ့ပဲ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘ၀တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အနေအထားအရ လည်း အလုပ် လုပ်နေတဲ့ လူတစ်ယောက်က သူရဲ့ရတဲ့လစာဟာ သူတောင်ပြန်သုံးလို့မလောက်ဘူး။ အဲဒါကြောင့်လည်း မိသားစု တိုင်းမှာ ရှိတဲ့လူတိုင်းက အလုပ် လုပ်မှ ကိုယ်ရဲ့ပါးစပ်ပေါက်တစ်ပေါက်ကို ကိုယ်တိုင်တာဝန်ယူနိုင်မှာ မဟုတ်လား။ အကြောင်းမျိုးစုံ လို့ ဒုက္ခတွေလည်းစုံလို့ ကိုယ်အတွက် ဘယ်လိုမှ မတိုးတက်နိုင် ဘူးလို့ ယူစလို့ စင်ကာပူဆိုတဲ့ နိုင်ငံလေးကို ထွက်လာခဲ့ပါတယ်။
Labels
- Blog (470)
ကွန်တော့်အကြောင်းအပိုင်း (၁)
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။ 1. What is your name : တောင်ပေါ်သား (ဘူတူလဲ) 2. A four Letter Word : တစ်တီတူးငှက် (သ...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
April
(18)
- မေ့မရသော မိသားစုတစ်စု အကြောင်း
- မေ့မရသော မိသားစုတစ်စု အကြောင်း
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
-
▼
April
(18)
Powered by Blogger.
0 comments: